ရုပ်သေး
ဂေါ်ရှယ်
ဖေဖော်ဝါရီ ၃၊ ၂၀၁၃
ဂေါ်ရှယ်
ဖေဖော်ဝါရီ ၃၊ ၂၀၁၃
လေထန်တာလား
လှိုင်းထလွန်းတာလား
ဆန်လေကိုအန်တုဘို့ များ
ဖြစ်လာရတာလား အို ဘဝရယ် ....
လုပ်သလို မဖြစ်
ဖြစ်ချင်တာ မဖြစ်
လူ့ လောကမှာ
ဖြစ်ချင်ရာဖြစ် ရေစုန်မျှောပစ်တော့မဟုတ်
တောက်ပရောင်ခြည် မျှော်နေခြင်းထက်
ဝမ်းတထွာ သမုဒ္ဒရာအရေး
စိတ်တိုင်းကျဘို့ မကျဘို့ မလို
ရွေးချယ်ခွင့်မရှိ
ဒီတနေ့ လည်း
ဇတ်ဆရာအလိုကျ လှလှလေးကရပြန်ပေါ့  ..ငါ
Comments