ဒီနံနက်ခင်းမှာ နေကွယ်ခဲ့တယ် ... နှင်း
ကမာပုလဲ
ဖေဖော်ဝါရီ ၂၊ ၂၀၁၃
ကမာပုလဲ
ဖေဖော်ဝါရီ ၂၊ ၂၀၁၃
နှင်း
ဒီနံနက်ခင်းဟာ
မင့်မျက်ရည်စတွေလား
အများကတော့ ပြီးပြီးပျောက်ပျောက်ပါ။
အေးလက်စနဲ့
ဆက်ပြီးအေးစက်နေခဲ့ကြ
ဆက်ပြီး ဟန်ဆောင်နေခဲ့ကြ
ဒီမှာ နှင်းက
စကားလုံးတွေ မတတ်နိုင်တဲ့ ပရိဒေ၀နဲ့ ငိုတယ် ...။
အားလုံး သူ့နောက် လိုက်ကြရမှာပါပဲ
ဒါပေမဲ့ ဒါက တရားပဲ
(ဘ၀ကတော့ ဘယ်မှာ တရားနည်းလမ်း ကျခဲ့လို့လဲ)
ခေတ်တွေကို
ရင်နာနာနဲ့ ရယ်မောပစ်လိုက်စမ်းပါ နှင်း ... ။
ဒီနံနက်ခင်း ...
နေမင်းဟာ မင့်ကို ကရုဏာစိတ်နဲ့ ကွယ်ခဲ့တယ်။ ။

Artists - Druzhin Con
Comments