Kamarpale - Poem

ဖြားယောင်းနေတဲ့ ... မြစ်
ကမာပုလဲ
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၃


ခေတ်တခေတ် ပျက်သုဉ်းနေတဲ့အခါ
လူ့ဂုဏ်သိက္ခာဟာ ...
ဧည့်ခန်းထဲမှာ မရှိဘူး
မင်းခမ်းမင်းနား ပွဲတော်တွေမှာလည်း မတွေ့နိုင်ဘူး ...။

ဆိုင်ခယ်ဒဲလစ် ပန်းချီကားချပ်ထဲ
မူးယစ်ဆေး နဲ့ အနုပညာတွေ အန်ကျ
မင့်နှယ်
အလိုရမ္မက်မှန်းမသိ ....
ချစ်ခြင်းမေတ္တာမှန်းမသိ ...။

မင့်ဝတ်ကျင်းဟာ
မင်းရဲ့ စိတ်ကူးယဉ်ဘ၀ထဲက အတ္တနတ်နန်းတမျှ
မင်းသွေးပျက်မှုကို မင့် သုံးစားမရတဲ့ မာနနဲ့
အလံမထူလိုက်ချင်စမ်းပါနဲ့ ... မောင်။

သင်းကွဲငှက်တကောင်လို
သတ္တိရှိရှိ ပင်လယ်ပြင်ကို ဖြတ်မပျံရဲခဲ့ရင်
နွေဦးအကြောင်းကို ...ရင်ခုန်ချင်ဖို့ မကြိုးစားနဲ့
ဘ၀ဆိုတာ မင်းထင်တာထက် ပိုပြီး နက်ရှိုင်းတယ် ... ။

မင်းတို့ ငါတို့ ...
နွားအဖြစ်နဲ့ လူဖြစ်ရကျိုး နပ်နေချိန်
အဲဒီ သင်းကွဲငှက်တွေ ... မုန်တိုင်းကို ဖြတ်ပျံနေကြတယ် ... ။ ။

 (ဆိုင်ခယ်ဒဲလစ် = psychedelic )
Painting by Nguyen Duc Hoa

Comments