Letter to Moemaka


ဆိုင်ကယ်တိုက်မှုတစ်ခုနှင့် ပတ်သက်၍ တာဝန်ကျ ဒုရဲအုပ်မှ ရဲစခန်းပေါ်တွင် ခြိမ်းခြောက်ငွေတောင်း
ဟင်္သာတသား
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နတ်မော်လမ်း ဝေလာဘလမ်းဆုံတွင် (၁၆-၂-၂၀၁၃) စနေနေ့ည ၈ နာရီ ၃၀ မိနစ်ခန့် အချိန်၌ ဆိုင်ကယ်နှစ်စီး မတော်မဆယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည် ဟု သိရသည်။ ထို ဆိုင်ကယ်တိုက်မှုနှင့် ပတ်သက်၍ ဟင်္သာတမြို့ အမှတ်(၁) ရဲစခန်းမှ ယာဉ်တိုက်မှုဖြစ်ပွားသူ နှစ်ဦးစလုံးနှင့် ဆိုင်ကယ်များကို သိမ်းဆည်းခဲ့ပါသည်။ စခန်းမှ ဒုရဲအုပ်စိုးစိုးထွန်းသည် (၁၉-၂-၂-၁၃)ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားသူနှစ်ဦးစလုံးအား ချိန်းဆိုခဲ့ကြောင်း သိရသည်။ စခန်းပေါ်တွင် ဒုရဲအုပ် စိုးစိုးထွန်းမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ခင်မောင်အေး၏ မိခင် ဒေါ်တင်နွယ်ထံမှ ငွေကျပ် (၁၀) သိန်းပေးနိုင်မလား၊ ခင်ဗျားတို့ မပေးနိုင်လျှင် ထောင် (၂) နှစ် ကျလိမ့်မည် ဟု သက်သေများဖြစ်သော ယုန်သလင်းကျေးရွာနေ ကိုကျော်မင်းနိုင်၊ ကိုကျော်ဇော၊ ကိုကျော်မင်းထိုက်၊ ကိုခင် မောင်အေး တို့ ရှေ့မှောက်တွင် ခြိမ်းခြောက်ငွေတောင်းခဲ့သည် ဟု သိရသည်။ ဒေါ်တင်နွယ် မှ ကျွန်မတို့မှာ တောသူတောင်သားဖြစ်၍ ငွေ (၁၀) သိန်းကို မပေးနိုင်ကြောင်း ပြောခဲ့သည် ဟုလည်း သိရသည်။

ထို့နောက် ဒေါ်တင်နွယ်မှ ဆင်းရဲသားပြည်သူတွေ အပေါ်မှာ မတရားသဖြင့် အနိုင်ကျင့်မှု နှင့် ဥပဒေ၏ အကာအကွယ်မဲ့မှုကို နိုင်ငံတော် အဆင့်ဆင့်မှ လူကြီးများ သိရှိနိုင်ရန် တိုင်ကြားထားကြောင်း သတင်းရရှိပါသည်။

Comments