News and Media


ရွှေတွံတေးဆရာတော် ကူမဲမြို့  ဘ/က ပညာရေးတရားပွဲကျင်းပ
မိုးမခအထောက်တော်
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃



၂၆. ၂. ၂၀၁၃ နေ့ တွင် ကူမဲမြို့ နယ် အတွင်းရှိဆင်းရဲနွမ်းပါးသော ဘ/က ပညာရေးအထောက်အပံ့လှူဒါန်းပွဲ ပေါင်းစုဆင်ယင်အထူးဓမသဘင် ကျင်းပရာ ရွှေရောင်ထောက်ပရစ်ဗိမာန်တော်တွင် ကမ္ဘာ့အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာပထမဆုံး သာသနာပြုဆရာတော် ၁၁ နိုင်ငံ သာ သနာပြုဆရာတော်ဖြစ်သော ရွှေတွံတေးဆရာတော်က တရားဟောကြားခဲ့သည်။

ဓမ္မပူဇာ အလှူငွေများနှင့်ဖြည့်စွက်အလှူငွေများကို ရေတွင်းဖြူ - မြောင်းကြား - နောင်ဆိုင်း - မိုင်းမော - အုတ်နှဲဘုတ် - ခရုတုပ် - အရေးမဆို စသော ဘ/က ပညာရေးကျောင်း ၈ ကျောင်းသို့ လှူဒါန်းခဲ့သည်။

ရွှေတွံတေးဆရာတော်က ..... ဘုရားကိုတကယ်ကြည်ညိုရင် ဘုရားရဲ့ စရိယ ၃ ပါးကိုကျင့်ပါ။ ကိုယ်အရည်အချင်းရှိအောင် သီလ သမာဓိ ပညာ ပြည့်စုံဖို့ကျင့် - ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသား အကျိုးဖြည့်ကျင့် - လူသားအားလုံးအကျိုးဖြည့်ကျင့် - အဆင့်ဆင့်ကျင့်ကြပါ ကိုယ်လည်းသီလလုံအောင်စောင့် မသတ်နဲ့  မနှိပ်ခက်နဲ့ မခိုးနဲ့  မလိမ်နဲ့ မတရားမလုပ်နဲ့  ကိုယ့်ပတ်ဝန်းကျင်မှာကျုးလွန်နေရင်လည်း ၀ိုင်း တား ၀ိုင်းပြုပြင်ကြပါ။ .... ရတနာ ၃ ပါး မစောင့်ရှောက်ကြရင် အမျိုး ဘာသာ သာသနာ နိုင်ငံပါပျောက်သွားမယ်။ ဘ/က ပညာရေးဟာ သမိုင်းအစဉ်အဆက်ရှိခဲ့တာ တိုင်းပြည်ရဲ့ လိုအပ်ချက်အရ ဖြည့်ဆည်းပေါ်ပေါက်ရတာမို့ ဝိုင်းဝန်းကူညီကြဖို့ စောင့်ရှောက်ကြဖို့  ပံ့ပိုးကြဖို့  အာဏာပိုင်ရော လူထုကိုပါ မေတ္တာရပ်ခံပါတယ်.. စသဖြင့် ဟောကြားခဲ့သည်။

 


Comments