Thi Ha Thu - The Fire of Maubin


ကြိမ်မီးတွေ လောင်တော့မယ်
သီဟသူရ် ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃

လူမထင်သူတွေကြောင့်
မအူပင်နယ်မှာ တောင်သူသွေး မြေခပြီ။

လယ်သိမ်း မြေသိမ်းတွေကို
မထိမ်းကြတော့ဘူးဆိုရင်တော့
ကြိမ်မီးတွေလောင်တော့မယ်။

အဓမ္မစီမံကိန်းတွေ
မထိမ်းကြတော့ဘူးဆိုရင်တော့
ဖွဲမီးတွေလောင်တော့မယ်။

တောက်မည့်မီးခဲတွေ
တရဲရဲနဲ့တိုင်းပြည်။

ယမ်းပုံတွေပြည့်နှက်နေတဲ့တိုင်းပြည်
ဘယ်မီးပွားကျလိုက်မလဲ
ဝုန်းကနဲလောင်တော့မယ့်တိုင်းပြည်။

ကာတွန်းဆရာကပြောတယ်။

ခရိုနီတွေသာဖယ်လိုက်ပါ။
ဆင်းရဲသားပျောက်သွားပါလိမ့်မယ်တဲ့။

ဒါ ပွားများဆင်ခြင်ရမဲ့တရား။

Comments