ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်
သူရိန်ထက်၊ မတ် ၁၊
၂၀၁၃
ခုတလော လူမှုကွန်ယက်တွေမှာရော လူထုအတော်များများကြားမှာပါ ဘာသာရေးနဲ့
ပတ်သက်တဲ့ ဆွေးနွေးသံတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါတယ်။ တဖက်က ကြည့်ရင်တော့
မျိုးချစ်စိတ်တွေ ရှင်သန်ထက်မြက်လာတယ်လို့ အကောင်းဖက်က တွေးယူလို့ရနိုင်ပေမယ့်
သေချာလေ့လာကြည့်တဲ့အခါ `တလွဲဆံပင်ကောင်း´ ဖြစ်နေတာ၊ အဆိုးဖက်ကို
ဦးတည်နေတာတွေလည်း တွေ့နေရပါတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင် အဆိုးဖက်ကို
ဦးတည်နေတာက ပိုများနေတယ်လို့ ဆိုချင်ပါတယ်။
မျိုးချစ်စိတ် ထက်သန်တယ်ဆိုတာ အင်မတန်ကောင်းပါတယ်။
တိုင်းပြည်တိုးတက်ဖို့ အတွက်လည်း အင်မတန်မှ အထောက်အကူဖြစ်ပါတယ်။ လူ့တန်ဖိုးမြင့်ဖို့၊
လူ့စည်းကမ်းရှိဖို့၊ လူပီသတဲ့လူတွေဖြစ်ဖို့ ထိန်းကျောင်းပြုပြင်ရာမှာလည်း
မျိုးချစ်စိတ်ဟာ အလွန်တရာ အရေးပါ ပါတယ်။ တရုတ်ကလည်း သူ့လူမျိုးတရုတ်မှ တရုတ်၊
အိန္ဒိယကလည်း သူတို့ အိန္ဒိယလူမျိုးမှ သူတို့၊ ကိုးရီးယား၊ ဂျပန်၊ ထိုင်း
ထိုနည်းလည်းကောင်းပါပဲ။ အနောက်တိုင်းသားတွေကရော.. ဒီအတိုင်းပါပဲ။ ဒါဟာ သဘာဝ ကျပါတယ်။
ဒါပေမယ့် မှန်ကန်တဲ့ မျိုးချစ်စိတ်ဖြစ်ဖို့တော့ လိုပါတယ်။
နိုင်ငံကြီးသားပီသတဲ့ မျိုးချစ်စိတ် ဖြစ်ရပါမယ်။ အမြင်ကျယ်တဲ့
မျိုးချစ်စိတ်မျိုးမဟုတ်ပဲ အမြင်ကျဉ်းနေရင်တော့ `မျိုကျဉ်းစိတ်´ ဖြစ်သွားပြီး အင်မတန် အန္တရာယ်
များတတ်ပါတယ်။ အဆိပ်အတောက် ဖြစ်သွားတတ်တာ လမ်းလွဲသွားတတ်တာ၊ သူများ`စဉ်´ တဲ့ `ဂွင်´ထဲ
ဝင်သွား တတ်တာ၊ အမှန်ကနေ အမှားဖြစ်သွားတတ်တာကိုတော့ သတိပြုစေချင်ပါတယ်။
လက်ရှိမြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ပြသနာတွေထဲမှာ ဘာသာရေးပြသနာလည်း
ကြီးမားတဲ့နေရာက ပါဝင်နေပါတယ်။ တကယ်တော့ ဘာသာရေးပြသနာ မဟုတ်ပါဘူး။
အမျိုးသားရေးပြသနာပါ။ ဒါကို လမ်းလွဲအောင် လမ်းလွှဲခံနေရပါတယ်။ ကျနော်တို့ဟာ `ဘယ်ဘာသာဝင်တွေ´ ဖြစ်နေလို့ဆိုပြီး တိုက်နေကြတာ
မဟုတ်ပါဘူး။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံအဖြစ်ကိုရောက်ဖို့ ဦးတည်နေတဲ့
အနေအထားပါ။ ဒီမိုကရေစီကျကျ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိတဲ့ တိုင်းပြည်ဖြစ်ရမှာပါ။
မွတ်စလင်ဘာသာကို ကိုးကွယ်တဲ့သူဖြစ်လို့၊ ခရစ်ယာန် ဘာသာကို ကိုးကွယ်တဲ့သူဖြစ်လို့၊
ဟိန္ဒူဘာသာကို ကိုးကွယ်တဲ့သူဖြစ်လို့ ဆိုပြီး ၀ိုင်းဝန်းဆန့်ကျင်နေကြတာ မဟုတ်ပါဘူး။
ဆန့်လည်း မဆန့်ကျင်သင့်ပါဘူး။ တပါးသူကို မထိခိုက်ပဲ လွတ်လပ်စွာ
ကိုးကွယ်နိုင်ပါတယ်။ ခု ဖြစ်နေတာတွေဟာလည်း ဘယ်ဘာသာကို ကိုးကွယ်လို့ဆိုပြီး
ဖြစ်နေတဲ့ ပြသနာလည်း မဟုတ်ပါဘူး။
တကယ်ဖြစ်နေတာက အမျိုးသားရေး ပြသနာပါ။ မြန်မာ့မြေပေါ်မှာ
ကျူးကျော်နေထိုင်တယ်။ မြန်မာလူမျိုးကို စော်ကားတယ်။ တိုင်းရင်းသားပေးဖို့
တောင်းဆိုတယ်။ နည်းအမျိုးမျိုးသုံးပြီး နယ်ချဲ့တယ်။ ဒါတွေကြောင့်သာ ခုလို
ပြသနာတွေဖြစ်နေရတာပါ။
ရခိုင်မှာ ဘင်္ဂလားပြည်သားတွေက ကျူးကျော်နေထိုင်ရုံသာမက တဆင့်တက်
စော်ကားလာတာ၊ တိုင်းရင်း သားပေးဖို့ တောင်းဆိုလာတာမျိုးတွေကြောင့်သာ
ပြသနာတွေဖြစ်ရတာပါ။ ဘင်္ဂလားပြည်သားတွေ မွတ်ဆလင်ဘာ သာကိုးကွယ်လို့ ပရိပက္ခတွေ
ဖြစ်နေရတာ မဟုတ်ပါဘူး။
ဘင်္ဂလားပြည်သားတွေမှမဟုတ်ပါဘူး။ တရုတ်ပြည်သားတွေလည်း တရားမ၀င်
ကျူးကျော်မှုတွေ တစစ များပြားနေတာကိုလည်း အမျိုးသားရေးအမြင်နဲ့
ဆန့်ကျင်ဖယ်ရှားရမှာပါပဲ။ တရားမ၀င်နေထိုင်ရုံမက တဆင့်တက် လို့
ကျူးကျော်စော်ကားလာတာတွေအတွက် လည်း ပိုပြီး ထိထိရောက်ရောက် ဂရုဓမ္မပြုပြီး
အရေးယူ ဖြေရှင်းရမှာပါ။
တမျိုးသားလုံးက အင်တိုက်အားတိုက် ဆွေးနွေးအဖြေရှာ ဖြေရှင်း
ရမှာဖြစ်ပါတယ်။
အထက်မှာ ဆိုခဲ့သလို မြန်မာနိုင်ငံသားတွေ အားလုံးက
မျိုးချစ်စိတ်ရှိရှိနဲ့ ပြောဆို ဝေဖန် ဆန့်ကျင်နေကြ တာ မှန်ပေမယ့် လမ်းလွဲကို ရောက်သွားမှာ
စိုးရိမ်စရာတွေ ဖြစ်နေပါတယ်။ လမ်းလွဲအောင်လည်း လမ်းလွှဲအောင် လုပ်နေကြပါတယ်။
ရခိုင်မှာဖြစ်ခဲ့ ဖြစ်နေ ဖြစ်မယ့် ပြသနာကို ကြည့်ရင် ဘင်္ဂလီတွေ
မတရားကျူးကျော် နေထိုင်လို့၊ မတရားစော်ကားလို့၊ မတရား အခွင့်အရေးတွေတောင်းလို့သာ
ဖြစ်ရတာပါ။ ဒါပေမယ့် သကောင့်သားတွေက သူတို့ အမှားကို ကိုယ့်အမှားဖြစ်အောင်
လမ်းလွှဲပါတယ်။ ပြသနာကို မကြီး ကြီးအောင်၊ ကမ္ဘာက စိတ်ဝင်တစား ဖြစ် လာအောင်
ဘာသာရေးကို ခုတုံး လုပ်ပါတယ်။ လူ့အခွင့်အရေးတွေကို
ခုတုံးလုပ်ပါတယ်။`မွတ်ဆလင်တွေကို စော်ကားအနိုင်ကျင့်နေပါတယ်.. မွတ်ဆလင်တွေကို သတ်ဖြတ်နေပါတယ်´ ဆိုပြီး ဘာသာရေးကို ခုတုံးလုပ်
ဆွဲထည့်ပြီး တခြား ပြည်တွင်း ပြည်ပက မွတ်ဆလင်တွေကို သူတို့ဖက်ပါအောင်
အကောက်ကြံပါတယ်။ လူမှုကွန်ယက်တွေအပါအ၀င် မီဒီယာတွေမှာ ပြောဆိုရေးသားပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ မျိုးချစ်စိတ်ကို ဆွပေး ပြီး လမ်းလွဲအောင် လွှဲယူပါတယ်။
ဒလံတွေမွေးပြီး မရိုးသားတဲ့နည်းတွေသုံးပြီး ဘာသာရေးပရိပက္ခဖြစ်အောင် လှုံ့ဆော်ပါတယ်။
သူတို့ဆင်တဲ့ `ဂွင်´၊
သူတို့ဆင်တဲ့`သတ်ကွင်း´၊ သူတို့ဆင်တဲ့`ထောင်ချောက်´ထဲ မ၀င်မိဖို့
သတိချပ်သင့်ပါတယ်။
လူမှုကွန်ယက်တွေမှာ မကြာခဏဆိုသလို `မွတ်ဆလင်တွေက.... ဘာဖြစ်တယ်။´ `ဗုဒ္ဓ က ဘာဖြစ်တယ်´ `ဘယ်ဘာသာဝင်ဆိုသတ်ပြစ်´
`မင်းတို့ဗမာတွေက..´ `ကုလားဆို.....´ စသဖြင့်
မကြားဝံ့မနာသာတွေ၊ သတ်မယ်ဖြစ်မယ်တွေ၊ ရိုက်မယ်နှက်မယ် တွေနဲ့ လမ်းလွှဲခံနေကြ၊
ပွဲဆူအောင် ဆွနေကြ တာတွေ မတွေ့ချင်မှ အဆုံးဖြစ်ပါတယ်။(အးအေးချမ်းချမ်း
သားစဉ်မြေးဆက် နေထိုင်ပြီး မြန်မာနိုင်ငံအပေါ် တကယ်ချစ်စိတ်နဲ့ မြန်မာနိုင်ငံ
သားလို့သာ ခံယူထားကြတဲ့ တရုတ် အိန္ဒိယ သွေးပါသူတွေကိုပါ မဆီမဆိုင် ပြသနာထဲ
ဆွဲထည့်တာတွေလည်း ရှိပါတယ်။)
ဘာသာရေးကို အကြောင်းပြပြီး ပြသနာကို ကြီးထွားအောင် လုပ်မှ အားလုံးက
အာရုံစိုက်မယ်။ ကူညီ လာမယ်။ ပါဝင်လာမယ်။ ငိုတဲ့ကလေး နို့စို့ခွင့်ရလာမယ် ဆိုတဲ့
ကောက်ကျစ်မှု ဖြစ်ပါတယ်။ ဒီလိုနဲ့ မူလဇစ်မြစ် ပြသနာ ပျောက်ပြီး အမှန်က
အမှားဖြစ်ရမယ့်ကိန်းမျိုးကို သတိပြုဆင်ခြင်စေချင်ပါတယ်။
ဒါတင်မက ၂၁ ရာစုထဲ ကျယ်ကျယ်လောင်လောင်ဖြစ်လာတဲ့ `လူ့အခွင့်အရေး´ ဆိုတာကြီးကိုလည်း ပုံမှားရိုက်ပြီး
အသုံးချ အခွင့်အရေးယူ လမ်းလွှဲလိုက်ပါသေးတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ
ခွင့်ပြုချက်မရပဲ တရားမ၀င် ခိုးဝင်ပြီး နေထိုင်တာဟာ လူ့အခွင့်အရေး
ချိုးဖေါက်တာပါပဲ။ လူတွေကို ရိုက်နှက်စော်ကား အနိုင်ကျင့် နေမှ
လူ့အခွင့်အရေးချိုးဖေါက်တာ မဟုတ်ပါဘူး။ သူတို့ကြောင့် ဒေသခံတွေ စားဝတ်နေရေး
စီးပွားရေး ထိခိုက်နစ်နာတာ၊ ဆုံးရှုံးရတာတွေကရော လူ့အခွင့်အရေးကို
ထိပါးချိုးဖေါက်တာပဲ မဟုတ်ဘူးလား။ အနှစ်နှစ် အလလ ၊ အလုံးအရင်းနဲ့
အစုလိုက်အပြုံလိုက် လာစော်ကားနေတာတွေဟာ လူ့အခွင့်အရေးချိုးဖေါက်တာပဲ မဟုတ်ပါလား။
လူ့အခွင့်အရေးဆိုတာကြီးကို လူကြားကောင်းအောင် အော်ငိုပြပြီး
အသုံးချပြီး မတရား အခွင့်အရေးတောင်း ဆိုတာမျိုးကိုတော့ မှန်ကန်တဲ့အမြင်ရှိသူတိုင်း
ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူး။
ဒါပေမယ့် မျိုးချစ်စိတ်ကို အသုံးချပြီး ၊ ဘာသာရေးကို ခုတုံးလုပ်ပြီး၊
လူ့အခွင့်အရေးကို ဗန်းပြပြီး လမ်းလွှဲ အသုံးချတာတွေကိုတော့ ပါးပါးနပ်နပ်နဲ့
ထောင်ချောက်ထဲ မ၀င်အောင် သတိချပ်ကြဖို့တော့ လိုနေပါတယ်။ ဒီလို
အမျိုးသားရေးအမြင်နဲ့ ဆန့်ကျင်တဲ့ နေရာမှာ မြန်မာနိုင်ငံသားတိုင်း၊
မြန်မာနိုင်ငံသားအဖြစ် ခံယူထားသူတိုင်း ၀ိုင်းဝန်းတည့်မတ် ပါဝင်ကြဖို့
တာဝန်ရှိသလို အုပ်ချုပ်ရေးတာဝန်ယူထားသူတွေ၊ လူထုကိုယ်စား တာဝန်ယူထားသူ တွေမှာလည်း
ပိုတာဝန်ရှိပါတယ်။
စကားစပ်လို့ တင်ပြရရင် တလောက မန္တလေး(၂၆လမ်းဖက်မှာဆိုလား)မှာ
တာဝန်ရှိတဲ့ ၀န်ထမ်းတွေက ရှောင်တခွင် စစ်ဆေးပြီး မြန်မာမှတ်ပုံတင်ကိုင်ပြီး
မြန်မာစကားမတတ်တဲ့သူတွေကို စစ်ဆေးပြီး တရားမ၀င် နေထိုင်မှုနဲ့ အရေးယူတယ်လို့
ကြားလိုက်ရပါတယ်။ အင်မတန်ကောင်းတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် တကယ်
ထိထိရောက်ရောက်အောင်မြင်နိုင်ဖို့ နည်းလမ်းတွေကို ချမှတ်ပြီး
အကောင်အထည်ဖေါ်ရမှာပါ။ ဥပမာ ပြစ်မှုထင်ရှားသူတွေကို ဒဏ်ရိုက် နယ်နှင်ပြီး လိုအပ်ရင်
သူတို့ပစ္စည်းတွေကို အခွန်ဘဏ္ဍာအဖြစ် သိမ်းသင့်ရင် သိမ်းရပါလိမ့်မယ်။
ဒဏ်ရိုက်လို့ရတဲ့ငွေထဲက သင့်တင့်တဲ့ ရာခိုင်နှုန်းကို ဖမ်းဆီးပေးတဲ့သူတွေကို
ဆုလာဒ်အဖြစ် ပြန်ပေးတာမျိုးဆိုရင် လာဘ်ပေးလာဘ်ယူမှု လည်း ကင်းပြီး စီမံကိန်းလည်း
အောင်မြင်နိုင်မှာဖြစ်ပါတယ်။
လက်ရှိပြသနာတွေဟာ ဘာသာရေး ပြသနာမဟုတ်ပါဘူး။ လူမျိုးရေး (အမျိုးသားရေး) ပြသနာဖြစ်ပါတယ်။ မွတ်ဆလင်ဘာသာ
ကိုးကွယ်လို့ ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဖြစ်ကောင်းဖြစ်မယ့် တရုတ်ကိုလည်း
မတရားကျူးကျော်နယ်ချဲ့နေတာတွေ အတွက် ဆန့်ကျင်ရမှာဖြစ်သလို ခရစ်ယာန်ဘာသာဖြစ်တဲ့
အမေရိကန်တွေ မတရားကျူးကျော် လာရင်လည်း ဆန့်ကျင်ကြမှာဖြစ်ပါတယ်။
အနှစ်ချုပ်အားဖြင့်တော့.... မြန်မာတွေဟာ
လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို မဆန့်ကျင်ပါဘူး။ ဒါပေမယ့် မတရားကျူးကျော်
စော်ကားမှု ကိုတော့ ဆန့်ကျင်ပါတယ်။ ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။
သူရိန်ထက်
မတ်လ
၁ ရက်နေ့ ၂၀၁၃
Comments