နိုင်ငံရေးသမားများ နွားလို မကျင့်ရန် ဦးဝင်းတင် ပြော
ဖေ့စ်ဘွတ်ကောက်နုတ်ချက်၊ ဖေဖော်ဝါရီ ၉၊ ၂၀၁၃
မြန်မာနိုင်ငံရှိနိုင်ငံရေး သမားများ နွားလိုမကျင့်ရန်နှင့် လွတ်လ ပ်သောအတွေးအခေါ်များကို ထိုးေ ဖါက်ကျင့်သုံးကြရမည်ဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမား၊ သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင်က
ဇန်န၀ါရီ ၃၁ ရက်က ကျင်းပသော လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲ တော်ဆုပေးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ဇန်န၀ါရီ ၃၁ ရက်က ကျင်းပသော လွတ
ကျနော်တို့ပါတီမှာ လုပ်တယ်ဆိုတာ နွားလိုလုပ်တယ်၊ နွားလိုပဲ နောက်နေပြီးတော့ ဖြောင့်ဖြောင့် လိုက်တယ်၊ ဒါ ကျနော်တို့စိတ်ကူးပဲ၊သို့သော် ကျနော်တို့ဟာ နွားမဟုတ်ဘူး၊ နွားလို့ကျင့် ဖို့မလိုဘူး၊ ကျနော်တို့မှာ ဦးနှောက်ရှိတယ်၊ ပါးစပ်ရှိတယ်၊ ပါတီလုပ်ငန်းတွေနောက် ဖြောင့် ဖြောင့်ကြီး လိုက်တယ်ဆိုတဲ့ စိတ်ဓါတ်မွေးသော်ငြားလည်း ကျ နော်တို့ဟာ နွားမဟုတ်တဲ့အတွက် ကျနော်တို့ လွတ်လပ်တဲ့အတွေး အခေါ်ကို ထိုးဖေါက်ပြီးကျင့်သုံးမယ် ဟု ဦးဝင်းတင်ကဆိုသည်။
ထို့အပြင်နိုင်ငံရေးသမားများသည် တိုင်းပြည်၏နိုင်ငံရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ လူမှု့ရေးကိစ္စများ ဆောင်ရွက်ရင်း လွတ် လပ်ခြင်းမရှိဘဲ ဖြစ်တတ်ကြောင်း၊ ပါတီအတွင်း၌ ၎င်း၊ အာဏာရှင်များနှင့် ရင်ဆိုင်ရာတွင်၎င်း၊ လူထုနှင့်ထိတွေ့ ဆက်ဆံရာတွင်၎င်း၊ လွတ် လပ်မှု့ကိုကျင့်သုံးရမည်ဖြစ် ကြောင်း ဦးဝင်းတင်က ဆိုသည်။
ကျနော်တို့ဟာ နွားတွေမဟုတ်တဲ့ အတွက် ဒီလွတ်လပ်တဲ့ အတွေးအခေါ်တွေကို ကိုင်ဆွဲမယ်၊ ကျင့်သုံးမယ်၊ ထို့အတူပဲ လွတ်လပ်တဲ့အနုပညာတွေရှိအောင်လည်း ကျနော်တို့ကိုယ်တိုင် ဖန်တီး တယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းဟာ အနုပညာနဲ့ ကင်းလို့မရဘူး။ အနု ပညာမရှိရင်အလွန်ကို ခမ်းခြောက်တဲ့
မြက်ခြောက်ဖြစ်သွားမယ် ဟု ဦးဝင်းတင်က ထပ်လောင်းပြောကြားသွားသည်။
မြက်ခြောက်ဖြစ်သွားမယ် ဟု ဦးဝင်းတင်က ထပ်လောင်းပြောကြ
အနုပညာစိတ်ဓါတ် မရှိသူများက အာဏာရလျှင်သော်၎င်း၊ အာဏာလက်လွှတ်ရလျှင်သော်၎င်း၊ နိုင်ငံေ ရးခမ်းခြောက်မှု့မျိုးတွေ့ရေ ကြာင်း ၄င်းက ဆိုသည်။
Credit: NLH .. (ဖီလော်ဆိုဖာမောင်မြသာ)
Comments