နေဇင်လတ်နဲ့ နေမျိုးဇင်၊ မြန်မာပြည်က စစ်ဗိုလ်ဟောင်း ၂ဦး အကြောင်း
ဝတ်မှုံ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃
၂၀၁၀ ပြည့်နှစ်တွင် မြန်မာပြည်ရွေးကောက်ပွဲကျင်းပပြီး ကြံဖွံ့ပါတီမှ နောက်ကြောင်းရာဇ၀င် ကောင်းသူ များစွာကို ပါတီဝင်အဖြစ်သိမ်းသွင်းက လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေခဲ့သည်။ သမ္မတဦးသိန်းစိန်အစိုးရက ၂၀၁၁တွင် အင်အယ်ဒီပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ် အနိုင်ရပြီး လွှတ်တော်ကိုယ်စားလှယ် ၄၃ဦး (စုစုပေါင်း၆၀၀ မှာ ၈% ) အတိုက်အခံ အဓိကပါတီအဖြစ် နှင့် အမတ်တဦးအဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း လွှတ်တော်မှာ ပါဝင်လာသည်။
သမ္မတဦးသိန်းစိန်မှဒေါ်အောင်ဆန်းစုကြည်သို့ ပထမဆုံးတွေ့ဆုံပွဲတွင် စစ်အာဏာရှင်စနစ် ကိုယ်စား တောင်းပန်ကျေအေးရေး၊ နောက်ကြောင်းပြန်မလှည့်၊ နိုင်ငံသစ်တည်ထောင်ရန် တွေ့ဆုံ ပြောဆိုနိုင်ခဲ့ပုံရသည်။ လက်တွေ့ သမ္မတဦးသိန်းစိန်၏ လုပ်ရပ်များသည် အပြောအတိုင်း၊ လုပ်ဆောင်နေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်ဒီပါတီက ယခင်ကဲ့သို့ အမိန့်အာဏာဖီဆန်ခြင်းများ၊ လုပ်စရာမလိုတော့ပဲ ပံ့ပိုးကူညီလာကြသည်။ အထူးခြားဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အနောက်နိုင်ငံများကို ပိတ်ဆို့မှု ဆက်ရှင် ရပ်နားပေးရန် ပြောဆိုလာခြင်းဖြစ်သည်။ အခက်အခဲများစွာ၊ အစိုးရတွင်းညီညွတ်မှု၊ လွှတ်တော်တွင်းညီညွတ်မှု၊ အတိုက်အခံနှင့်အာဏာရပါတီ ညီညွတ်မှုလိုသည်။ တရုပ်ပြည်စီးပွားချဲ့မှုများ ..ဖြေရှင်းစရာရှိသည်။
ခက်ခဲနေသည့် အချက်တစ်ခုမှာ အာဏာရှင်များအုပ်စုနှင့် အတိုက်အခံများအုပ်စုမှ “Attitude” ဟုခေါ်သော စိတ်နေစိတ်ထား မပြောင်းလဲနိုင်ခြင်းဖြစ်သည်။ အရေးကြီးသည်မှာ စစ်အာဏာရှင် အကြီး၊ အသေး အားလုံး အရိုးစွဲနေသော အင်အားသုံးချေမှုန်း စိတ်ဓါတ်ကို မပြောင်းလဲနိုင်သူများ နောက်ကျန်ရစ်တော့မည် သေချာသည်။ ဒီမိုကရေစီဘက်သားများလည် “မတရားတဲ့ အမိန့်အာဏာမှန်သမျှဖီဆန်ကြ ..” ဟု အော်ဟစ်နေဆဲ ဒီမိုကရေစီတိုက်ပွဲဝင်သူများလည်း ကျန်ရစ်၊ ချန်ရစ်ခံရတော့မည်မှာ သေချာပါသည်။
တစ်ခုတော့ရှိသည်။ နာမည်ကျော် သတင်းစာဆရာများ ကြေးမှုံဦးသောင်း(အောင်ဗလ)၊ လူထုဦးစိန်ဝင်း ၊ စသည့်လူများမှာ ကွယ်လွန်သွားကြသည်။ တကယ့် ဂျာနယ်လစ်စ် များဖြစ်သောကြောင့် ထိုသူများသည် အာဏာလိုချင်သူများမဟုတ် တက်လာသောအစိုးရ၊ မဟုတ်တာလုပ်ရင် ဖွင့်ချမည့် သတင်းစာဆရာကြီး (ယခုခေတ် အခေါ် “မီဒီယာသမားကြီးများ”) ဖြစ်ကြသည်။ အခွင့်အရေးသမား လုံးဝမဟုတ်၊ အခွင့်အရေးသမား ဆိုသည်မှာ “တက်လာသောအစိုးရ၊ တက်လာတဲ့ သမ္မတ ငါ့ရန်သူ၊ ငါကိုယ်တိုင် အစိုးရလုပ်မှ ..” ဆိုသည့် “ငါ”၀ါဒ၊ သတင်းစာဆရာများလည်း ရှိသည်။ ထို “ငါ”၀ါဒ သတင်းစာဆရာများမှာ အစိုးရက ချိုချဉ်စုတ်ခိုင်းသောအခါ ဇိမ်ယူ ချိုချဉ်စုတ်နေသဖြင့် ပါးစပ်ပေါက် ပိတ်သွားသော ဂျာနယ်လစ်စ်များ ဖြစ်သည်။
နာမည် ခပ်ဆင်ဆင် လူ၂ ဦးကို ဥပမာတင်ပြပါမည်။ သမ္မတအကြံပေး ဗိုလ်ကြီးဟောင်း နေဇင်လတ် ဆိုသူနှင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင် တို့ဖြစ်ကြသည်။
နေဇင်လတ် (ဗိုလ်ကြီးဟောင်း၊ ကိုယ်ရေးရာဇ၀င်)
October 23, 2011
October 23, 2011
၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၆၁) သို့ တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အမှတ် (၉၀၁) စစ်မြေပြင် အင်ဂျီနီယာ တပ်ခွဲ၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အမှတ် (၉၅၅) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတွင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်
စာရေးဆရာ ဗိုလ်ကြီးဟောင်း နေဇင်လတ် (အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း)။ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန၊ ပြန်/ဆက် စာတည်း အဖွဲ့က စုဆောင်း ပြုစုပြီး ၂၀၀၉၊ မတ်မှာ ပုံနှိပ် ထုတ်ဝေလိုက်တဲ့ ‘နှစ်ဆယ်ရာစု စာဆိုစစ်သည်များ (ဒုတိယတွဲ)’ စာအုပ်မှ “နေဇင်လတ် (၁၉၅၂)” အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။
နေဇင်လတ် (၁၉၅၂)
၁။ အမည်ရင်း – နေဇင်လတ်
၂။ မိဘအမည် – ဦးယုထော် + ဒေါ်ကြင်နု
၃။ မွေးသက္ကရာဇ် – ၁၉၊ ၁၂၊ ၁၉၅၂
၎။ မွေးဖွားရာဒေသ – ရန်ကုန်
၂။ မိဘအမည် – ဦးယုထော် + ဒေါ်ကြင်နု
၃။ မွေးသက္ကရာဇ် – ၁၉၊ ၁၂၊ ၁၉၅၂
၎။ မွေးဖွားရာဒေသ – ရန်ကုန်
ကိုယ်ရေးဖြစ်စဉ်
နေဇင်လတ်ကို ၁၉၅၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အဖ ဦးယုထော်၊ အမိ ဒေါ်ကြင်နုတို့က ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ နေဇင်လတ် ဖြစ်သည်။
၁၉၅၈ ခုနှစ်တွင် St. John Diocesan Boy’s School (လမ်းမတော် အထက-၁) မှ မူလတန်း အောင်ပြီး ၁၉၆၆ ခုနှစ်တွင် အလယ်တန်းကို အထက (၁) တောင်ဥက္ကလာပတွင် သင်ယူခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ အထက (၆) ဗိုလ်တထောင်မှ အထက်တန်း အောင်ခဲ့သည်။
၁၉၇၃ ခုနှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ်မှ ဗိသုကာဘွဲ့ (B.Arch) ရရှိခဲ့သည်။ MBA (ADAM University, US), Doctor of Business Administration ကို (Brookes University, UK) မှ ရရှိခဲ့သည်။ H.G.P., D.A., Dip in English, DL 101, Cert: Advance Diplomatic Skill သင်တန်းများ အောင်မြင်ခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၆၁) သို့ တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အမှတ် (၉၀၁) စစ်မြေပြင် အင်ဂျီနီယာ တပ်ခွဲ၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အမှတ် (၉၅၅) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတွင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။
နေဇင်လတ်သည် ၁၉၇၃ ခုနှစ်မှစ၍ ရန်ကုန် စက်မှုတက္ကသိုလ် မဂ္ဂဇင်း၊ တံခွန်၊ သပြေမဂ္ဂဇင်းများတွင် စာပေများကို စတင် ရေးသားခဲ့သည်။
၁၉၉၈ ခုနှစ်တွင် ပုလဲမြို့ပြ မဂ္ဂဇင်းတွင် စာပေများကို ပြန်လည် ရေးသားခဲ့ပြီး စက်မှုတက္ကသိုလ် မဂ္ဂဇင်း၊ တံခွန်၊ သပြေ၊ ပုလဲမြို့ပြ၊ ရွှေအမြုတေ၊ ပန်၊ သဇင်၊ Executive၊ CEO၊ Life Style၊ Ecovision၊ Fashion Image၊ Perfect စသည့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားခဲ့သည်။
၁၉၇၃ ခုနှစ်မှစ၍ ခေတ်သစ်လူသားတို့ ကျင်လည် လှုပ်ရှားရသည့် စီးပွားလူမှု ဆိုင်ရာ၊ ဗဟုသုတ ဆိုင်ရာ ဆောင်းပါးများကို ရွှေအမြုတေ မဂ္ဂဇင်း၊ CEO မဂ္ဂဇင်းတို့တွင် အဆက်မပြတ် ရေးသားခဲ့သည်။ ယခုအခါ AMBO Co. Ltd. နှင့် AMBO Hotel Group ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ADAM University တွင် Principal အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး အဖြစ် လည်းကောင်း ဆောင်ရွက်လျက် ရှိသည်။
နေဇင်လတ် ရေးသား ပြုစုခဲ့သော စာအုပ်များ
၁။ ပညာခေတ်နှင့် မြင့်မားစံနှုန်း ၂၀၀၄
၂။ လူ သို့မဟုတ် အနာဂတ်ဖြင့် ရှင်သန်သူ ၂၀၀၄
၃။ 10 Days, MBA ၂၀၀၅
၎။ ပညာမတတ်သော ပညာရှိ၊ ပညာမရှိသော ပညာတတ် ၂၀၀၅
၅။ ခေါင်းဆောင် – ခေါင်းဆောင်မှုနှင့် ကမ္ဘာ့အမြင် ၂၀၀၇
၆။ စိန်ခေါ်မှုများနှင့် မဟာဗျူဟာ စီမံခန့်ခွဲမှု ၂၀၀၇
၇။ လုပ်ခွင့်ရသူ လုပ်နိုင်သူ ၂၀၀၈
၈။ လူတော်လား လူကောင်းလား ၂၀၀၈
၉။ ဦးဆောင်သူ ဘယ်လောက် အရေးကြီးသလဲ ၂၀၀၈
၁၀။ အမွေပေးသူဆိုရာမှာ ၂၀၀၈
၁၁။ ဦးဆောင်ခြင်းသည် ခေါင်းဆောင်မဟုတ် ၂၀၀၈
၁၂။ စီးပွားဖျက်သူလျှို (၁) ၂၀၀၈
၁၃။ New 10 Days, MBA ၂၀၀၉
၁၄။ ပီတာဒရပ်ကာ ၂၀၀၉
၁၅။ ယုံကြည်မှုအပေါ် နားလည်ခြင်းနှင့် လက်တွေ့ လုပ်ငန်းခွင် အင်တာဗျူး ၂၀၀၉ ▪ – ¤ – ▪
ဗိုလ်ကြီးဟောင်းနေမျိုးဇင်
လက်ရှိ လူကြည့်များတဲ့ ဗွီဒီယိုမှာတော့ ဟိုး..အရင်တုန်းက မစုစုနွေး စစ်အာဏာပိုင်တွေကို အပြက်ချဲခဲ့တဲ့ စတိုင်မျိုးတွေ့ရတယ်။ ရှစ်လေးလုံးက မိုးသီးဇွန်လိုမျိုးစတိုင် တွေ့ရတယ်။ မစုစုနွေးကတော့ အစိုးရသစ်နဲ့လိုက်လျောညီထွေတဲ့ စတိုင်ကို ပြောင်းသွားပြီ။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကတော့ အရင်တုန်းကစတိုင်နဲ့ ပေါ်လာတယ်။ မကျေနပ်ချက်တွေ များလွန်းလို့ ပေါက်ကွဲသွားပုံရပါတယ်။
သူရဲ့ ဘလောက်မှာ သူ့ဘ၀ဖြစ်စဉ်ကို တိုတို ရိုးရှင်းစွာပဲ ရေးသားထားပါတယ်။
“စစ်တက္ကသိုလ် အမှတ်စဉ် ၃၉ ဆင်း။ တောင်ဒဂုံတွင် နေထိုင်၊ အင်းစိန်ထောင်ထွက်၊ ယခု NLD ပါတီဝင်အဖြစ် လျောက်ထားပြီး။ ဆက်သွယ်ဝေဖန်လိုက ၀၉၄၉၃၂၈၅၅၉ ကို ဆက်ပါ …”
ဝတ်မှုန် ၁၂-ဖေဖေါ်ဝါရီ-၂၀၁၃ (ပြည်ထောင်စုနေ့)
Comments