သမဒဂျီး ဖင်လန်သွားခြင်း
ဂျော်ဒီး
မတ်လ ၃၊ ၂၀၁၃
“သတင်းထူးတွေ..သတင်းထူးတွေ ..သမဒဂျီး ဖင်လန်သွားခြင်း...သမဒဂျီးဖင်လန်သွားခြင်း”
မိုးမခရွာရဲ့ တဦးတည်း ဂျာနယ်လက်ပွေ့ ရောင်းသူ ဖိုးထက် ရဲ့  ဂျာနယ်ကြော်ညာရောင်းသံ ကြောင့် မိုးမခရွာသားတွေ အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်..။မိုးမခရွာသား ကလေးတသိုက်ကား “သမတဂျီးဖင်လန်သွားသော” သတင်းကို စိတ်အ၀င်စားဆုံးသူများပင်..။နွေကျောင်းပိတ်ရက်မို့  ရွာထိပ်ညောင်ပင်ကြီးအောက်တွင် ကစားနေရင်းမှ သူတို့ အချင်းချင်းလဲ ဆက်လက် လက်ဆင့်ကမ်း ဆော်သြကြဧ။်..။
“ဟေ့ရောင်ဒွေ .. သမဒဂျီး ဖင်လန်သွားလို့တဲ့..တွ။လာ..တွားကြည့်ကြစို့ ”
စက်ဘီးတာယာခွေ အဟောင်းကြီးကို တုတ်တချောင်းနှင့်  ခွေလှိမ့်နေသော..မောင်ရစ် က ခွေလှိမ့်မပျက်
“သမတဂျီး ဖင်လန်သွားတာများ သတင်းလုပ်လို့တွာ” ဟု ညစ်တစ်တစ် ပြောလိုက်သည်..။
နံမယ် နဲ့ လိုက်အောင် မနက်အစောကြီး ထထငိုတတ်သော စောငို ကတော့ ...မျက်လုံးထောင့်က မျက်ဝတ်များကို ကို လက်ခုံနှင့်  ပွတ်ဆွဲသုတ်လိုက်ရင်း သမတဂျီးကို စာနာရှာသည်..။
“သမဒဂျီးတော့ ရှက်ရှာမယ် နော်..”
လေးခွတလက်နဲ့  ဟိုပစ်သည်ပစ် လုပ်နေသော သာဂိ က
“မင်းတို့ ဘာတိရို့ ရဲ...။သမတဂျီး တို့ က အရှက်မရှိဘူးတဲ့ ..တွ။ဟိုေ န့က အဖေတို့ စကားဝိုင်းမှာ ပြောနေတာကြားခဲ့ တယ်..”
ဆော့လွန်းသဖြင့်  ခဏခဏ လဲ တတ်သော ကမာပုလဲ ကလည်း အားကျမခံ ၀င်ရောက်ဆွေးနွေးဧ။်။
“အေးလေ...အရှက်မရှိလို့ အစိုးရလုပ်တာ ..ဆိုလား..။ဘကြီး စွမ်း တို့ပြောနေတာ..ငါလဲကြားခဲ့ တယ်”
အုန်းမှုတ်ခွက်ကို ကားလုပ်ပြီး တွန်းလိုက် ဆွဲလိုက်ဖြင့် အလုပ်ရှုပ်နေသော ကားတွန်းဆရာ လုပ်တမ်းကစားနေသော ကူမိုးကြိုး ကားနှာခေါင်းတွင်းမှ တန်းလန်းထွက်ကျနေသော နှာရည်များကို လက်မအားသဖြင့်  မသုတ်အားပဲ ..အသက်ပြင်းပြင်းရှုကာ မူရင်းဌာနေ နှာခေါင်းတွင်းသို့ သာ.ရှူးခနဲ
ပြန်ရှုံ့ သွင်းရင်း..သမတဂျီးအပေါ် သူ့ အမြင်ကို ၀င်ရောက်ဆွေးနွေးလိုက်ချေသေးဧ။်..။
“ဘာပဲ ပြောပြော သမတဂျီး ဖင်လန်သွားရင် တော့ အပေါ်ပြောင် အောက်ပြောင် တော်တော်ကြည့်ကောင်းဦးမယ်..ခိခိ.”
မိုးမခရွာသား ကလေးတို့ ကား သမတဂျီးဖင်လန်သွားခြင်း ကို အမျိုးမျိုး စိတ်ကူးပုံဖော်ကြည့်ရင်း ဂျာနယ်အရောင်းသမားကြီး ဖိုးထက် လက်ထဲမှ ဂျာနယ်ကို အလွန်အမင်း ဖတ်ချင်လာကြသည်..။
“ဦးကြီး ဖိုးထက် ..သမတဂျီးဖင်လန်သွားတဲ့ ပုံလေးကြည့် ချင်လို့..”
ဂျာနယ်ရောင်းသမားကြီး ဖိုးထက် ကား ..ကလေးတသိုက်တွင် ဂျာနယ်ဝယ်ရန် ဖွတ်ကလိဒင်္ဂါး မရှိမှန်းသိသဖြင့် 
အရေးမစိုက်..။စောင်းငဲ့ မျှပင် မကြည့် ..။အော်မြဲတိုင်း အော်ကာ..ဂျာနယ်ဝယ်ဖတ်နိုင်မည့်  ရွာလည်ကာလသားများဆီသို့  ဦးတည်လေသည်..။အရာရာ ရန်လို တတ်သော ရန်လိုကျွဲကား လက်ထဲမှ ကလေးကစားစရာ သစ်သားဓါးကြီးကို ကျစ်ကျစ်ပါအောင် ကိုင်ရင်းဓါးကြိမ်း
ကြိမ်း လိုက်ဧ။်..။
“သမတဂျီးဖင်လန် သွားတာညားဂျာ..။မကြည့်ရ..ဘာအရေးရဲ..။ဖင်လန်သွားတယ်ဆိုတာ ရှက်စရာကြီးဗျ..။အနော် တို့ ကရေးတွေတောင် တိဒ.ယ်....”
မိုးမခရွာဧ။် အနာဂတ် ကလေးများထဲတွင် အမျိုးသမီးအခွင့် အရေးကို ကာကွယ်သောအားဖြင့် ယောက်ျားလေးများ ကစားသော ထွေခင်းခြင်း၊ခေါင်းပုံပစ်ခြင်း၊လောက်လေးတလက်ဖြင့်  ငှက်ပစ်ခြင်း၊၊ဘောလုံးကန်ခြင်း၊သိုင်းချ ခြင်း ကစားနည်းမှန်သမျှကိုအညံ့ မခံ ၀င်ရောက် ဆင်နွဲနေသော..မျက်နှာကြောင်ချီးရုပ်နှင့် ဂျော်ဒီး က...နားသံသီးကလေး တခါခါ.. ထမီတိုတိုကို စွန်တောင်ဆွဲကာ
“နင်တို့ဘာသိလို့လဲ ..။သမတဂျီး ဖင်လန်သွားတဲ့ အကြောင်းရင်းကို..။ငါပြောပြမယ်” ဟု မိန်းကလေးပီပီ လျှာရှည်လိုက်သည်..။
ဂျာနယ် လက်ပွေ့ ရောင်းသမားကြီးကား သူ့ ဂျာနယ် ရောင်းစွံစေရန်လူစိတ်ဝင်စားမည့်  သတင်းခေါင်းစဉ်များကို သာရွေးအော်နေလေသည်..။
“သမတဂျီးဖင်လန်သွားခြင်.း...။.ပြည်ပရောက်မြန်မာ များက ရွှေပန်းများဖြင့်  ကြိုဆိုခြင်း”
“သမတဂျီး ဖင်လန်သွားခြင်း..။...ပြည်သူ့ လွှတ်တော်နှိုက် ကာကွယ်ရေးအသုံးစရိတ်များ ကို သုံးမြဲတိုင်း ဗုံးဗောလအော ဆက် လက်သုံးစွဲ စေရန် ၂၀၀၈အခြေခံဥပဒေဧ။် စောင့် ရှောက်မှုဖြင့် မဲအပြတ်အသတ်အနိုင်ရကာ ခွင့် ပြုလိုက်ခြင်း။ထို့ ကြောင့် တိုင်း သူပြည်သားများ ငတ်ပြတ်ဆင်းရဲမွဲတေနေစေကာမူ...အာဏာရှင်ကြီးများဧ။် လုံခြုံရေးအတွက်..ကျည်ဆန်ကာ ကားများကို အထူးဦးစားပေးတင်သွင်းနိုင်ရန်...လယ်သမားများမှ ထမင်းတနပ်လျှော့ စားပြီး..ဆင်းရဲသားပြည်သူများကား ထမင်းလုံးဝမစားပဲ နေသင့်ကြောင်း..ပြည်ထောင်စု ၀န်ကြီး ဦးဖွတ်လျှော်မှ ပြောကြားလိုက်ခြင်း”
“သမတဂျီးဖင်လန်သွားခြင်း....။ မအူပင် မြို့ နယ် မလက်တိုကျေးရွာနှိုက်..မတရားလယ်သိမ်းခံ လယ်သမားများအား ခရိုနီလက်ပါးစေ အုပ်ချုပ်ရေး အရာရှိများ မှ ၁၄၄အမိန့် ထုပ်ပြန်ကာ ခရိုနီကူညီပါရစေ ရဲများက သေနတ်ဖြင့် ပစ် ..။နံပါတ်တုတ်များဖြင့့် ရိုက်နှက်ခြင်းကြောင့်  အဓိကရုဏ်းများ ဖြစ်ပွါးခြင်း”
“သမတဂျီး ဖင်လန်သွားခြင်း..။ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံများ နွေရာသီရောက်ရွေ့  ရေခမ်းခြောက်ပြီး
လျှပ်စစ်ဓါတ်အား အပြည့် အ၀ ထုတ်မပေးနိုင်ခြင်းကြောင့်  တိုင်းသူပြည်သားများအား လျှပ်စစ်ဓါတ်အားလျှော့
သုံးစေပြီး ထိုင်းနှင့်  တရုတ်နိုင်ငံသို့  လျှပ်စစ်စွမ်းအားများ ဖောဖောသီသီ ထုတ်ရောင်းစားနေခြင်း”
“သမတဂျီး ဖင်လန်သွားခြင်း...။တိုင်းပြည်သူ ပြည်သားများမှာ လျှပ်စစ်မီး မလုံလောက်သဖြင့်  သမတအကြံပေးဧ။် အကြံပေးချက် အရ ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီး ထွန်းငြိလမ်းလျှောက်ခြင်းကို ပုဒ်မ(၁၈)ဖြင့်  မတရား စွဲဆို အရေးယူခံရခြင်း”
“သမတဂျီး ဖင်လန်သွားခြင်း...။သမတဂျီးဧ။် အီးဂါးဗားမန့်  လုပ်ငန်းစဉ်များတွင် အီး လျှပ်စစ်မီးမလုံလောက်သဖြင့်  အီးအင်တာ နက်လိုင်းများ မသုံးနိုင်သောကြောင့်  အီးမေးလ်များ ကြန့် ကြာကာ လက်ပံတောင်းတောင် အရေး စုံစမ်းစစ်ဆေးမှု များ တောင်များ အကုန်ပြောင်သည့် တိုင် စောင့် နေသလောဟု ထင်မြင်လောက်အောင်..ထွက်မလာနိုင်သေးပဲ နှောင့် နှေး နေရခြင်း....။”
“သမတဂျီး ဖင်လန် သွားခြင်း....။တိုင်းသူပြည်သားများ မသိပဲ မသုံးရပဲ ယူထားသော နိုင်ငံတကာ ကြွေးမြီများ..ယခုမှ ဗူးပေါ်သလို ပေါ်လာခြင်း..။ သမတဂျီးမှ တိုင်းပြည့် ဂုဏ်ဆောင်ကာ နိုင်ငံတကာသို့  လှည့် လည် .ပြီး..အကြွေးများ လျှော်ပေးကြပါခင်ညာဟု..သူတောင်းစားပမာအောင်မြင်စွာ တောင်းပန်နိုင်ခြင်း”
မိုးမခရွာ ကလေးများကား...ဂျာနယ်လက်ပွေ့ သမားကြီးဧ။် သတင်းခေါင်းစဉ်များကို နားထောင်ရင်း နားရှုပ်လာကာ.. “သတင်းကလည်း သမတဂျီး ဖင်လန်သွားတာနဲ့ ချည်း စနေတာပဲ..”ဟု ပြောလေရာ ..ဆရာလုပ်ရန်အကွက်ကောင်း စောင့် နေသော ဂျော်ဒီးအတွက် အကွက်ကောင်းဆိုက်သွားလေသည်..။
“အဲဒါ သမတဂျီး ဖင်လန်သွားရတဲ့ အကြောင်းရင်းတွေဟဲ့ ..။ဗဟုသုတကို မရှိဘူး...။နင်တို့..ဟိုပုံပြင်လေး မကြားဖူးဘူးလား..”
“ဘာပုံပြင်လဲ..ဂျော်ဒီး..”
“ အဟမ်းးးတခါတုံးက တဲ့ လူတယောက်ဟာ ညဖက်ကြီးမှာ အရေးတကြီးကိစ္စရှိလို့ ခရီးတခုသွား ရ သတဲ့..။လမ်းတ၀က် ရောက်တော့ ဗိုက်ထဲက ရစ်နာလာပြီး အခင်းကြီး သွားချင်လာသတဲ့..”
“အခင်းကြီးဆိုတာ ဘာရဲဟင်”
“ဗိုက်ထဲက ရစ်နာပါတယ်..ဆိုမှ အခင်းကြီးဆိုတာ အီးအီးပါတာ..ကွ့။ အမလေး ..မောင်ရစ်ရယ်...နံမယ်မှာ ရစ်..ပါပြီး ဒါလေးတောင် မတိဘူးရားတွ”
“အဲဒါနဲ့  ညကလဲ မှောင်မှောင် ဆိုတော့ လမ်းနံဘေးမှာပဲ...အခင်းကြီး..သွားရတာပေါ့ ။အဲလိုတုံးမှာ ကားတစီးက မီးတွေထိုးပြီး မောင်းလာသတဲ့..။အခင်းကြီးသွားနေတဲ့ ခရီးသည်လဲ ရုတ်တရက် ဘာလုပ်ရမှန်းမသိတော့ ၀တ်ထားတဲ့ ပုဆိုးစကို ဆွဲပြီးခေါင်းမြီးခြုံထားလိုက်သတဲ့..။ကားမီးရောင် ဖွေးဖွေးအောက်မှာ ခရီးသည်ကိုအခင်းသွားရင်း တန်းလန်းကြီး တွေ့ တော့ ..ကားဆရာက လှမ်းပြောသတဲ့..”
“ဟိ..ဟိ..”
“ဟေ့ လူ...ကားမီးရောင်အောက်မှာ..ဖင်ကြီး အလန်သားနဲ့  မရှက်ဖူးလားကွ..လို့ဆိုလိုက်တော့..”
“ခိ..ခိ..ခိ”
“အခင်းကြီးသွားနေတဲ့ ခရီးသည်က ရှက်ရမှာ သည်မျက်နှာကွ..။သည်ဖင်က မဟုတ်ဖူး” လို့ ပြန်ပြောလိုက်သတဲ့..”
“ဂျော်ဒီး ငရွှီး..ဒီပုံပြင်နဲ့  သမတဂျီး ဖင်လန်သွားခြင်း ဆိုတာနဲ့  ဘာဆိုင်လို့လဲကွ..”လို့ ပုံပြင်အဆုံးမှာ ကလေးများက ၀ိုင်းအော်လေသည်..။ဂျော်ဒီးကား ပိတ်သတ်ကြီး ဧ။် အားပေးမှုကို မရရှာသဖြင့်  မျက်နှာကလေး ငယ်ကာ..
“သိဘူးလေ..။တို့ သမတဂျီးလဲ..လူတောထဲမှာ မီးထိုးခံနေရတုံး ရှက်စရာ အခင်းကြီးတွေ နဲ့ တွေ့ လို့ ..ရှက်ရမှာက သည်ဖင် မဟုတ်ဘူး ..ဆိုပြီး ဖင်လန်သွားတာများလားလို့ပါ..”
သရုပ်ဖော်ကာတွန်း - စောငို
Comments