Kamarpale - Poem


ဝေဒနာ ... လောဂျစ်
ကမာပုလဲ
မတ်လ ၃၀၊ ၂၀၁၃


စာမတတ်ခဲ့ဘူး
လက်ပန်တောင်းတောင်သူ ... ။

စာတတ်ခဲ့တယ်
ရွှေလင်ပန်းနဲ့ အချင်း ဆေးခဲ့သူ ...။

လက်ပန်တောင်း တောင်သူ
မိခင်တောင်တန်းကြီးတွေပျောက်
ပစ္စုပ္ပန်တည့်တည့် ပျောက်
ဘ၀ အနာဂတ်ပါ ပျောက်မယ့်အဖြစ် ...
စာမတတ်တဲ့ အပြစ်တဲ့လား ...။ 

ဒီမိုကရေစီ အရေးတော်ပုံ
၈၈၈၈ ခေတ်တဲ့
လူထုဟာ စာမဖတ်လို့ ဖြစ်လိမ့်မယ်
ခေါင်းဆောင်အစစ်ကို မရွေးချယ်တတ်ခဲ့ဘူး ။ ။

ဝန်ခံချက်။ ။ ကဗျာသမား ချိုစိမ့် (ဇေမှိုင်း) ရဲ့ “ရင်ကွဲပက်လက်” ကဗျာကိုဖတ်ပြီး ကဗျာအကြောင်း ကဗျာသမား သစ်ကောင်းအိမ်နဲ့ ပွားမိ ရာက ဒီကဗျာကိုရေးဖြစ်တယ် ...။

Comments