ညွှတ်ကွင်း
ကမာပုလဲ
မတ်လ ၇၊ ၂၀၁၃
စိတ်သွားတိုင်း အလွမ်းကပါတယ် မေမေ
ခုဆို အမေ့အိမ် ကတက်ရွက်ကလေးတွေ နုနေမှာ
ဥသြတွန်သံကြားသလားမေမေ ...
ချိုးငှက်ကလေးကလည်း အမေ့ကို လွမ်းအောင် ကူချွဲနေမှာပဲ ...။
စိတ်သွားတိုင်း အလွမ်းတွေက တနင့်တပိုးနဲ့ပါ မေမေ
တမာပင်ကလေး ပွင့်ပြီလား
လမ်းထိပ်က ဘုံပိုင် ပိတောက်ပင်ကြီးကရော ...
ရွှေရင် တထိတ်ထိတ် ခုန်လို့
ဖူးလို့ ငုံလို့ ကျနော့်ကို စောင့်မျှော်နေဆဲလား ...
ငုတွေတော့ ဒီမှာလည်း ပွင့်တယ်မေမေ ...။
စိတ်သွားတိုင်း အလွမ်းက ကပ်ပါနေ
ကျနော့် ဘ၀ မတည်မြဲဘူးမေမေ
မေမေ ပြောသလို ...
မေမေ ကိုးကွယ်ခဲ့သလို ...
မမြဲတဲ့ ကျနော့်ဘ၀မှာ ...
အလွမ်းတွေက ... မေမေရယ်
စိတ်သွားတိုင်းလေ ...
ထပ်ချပ်မကွာ မြဲခဲ့တယ် ... ။ ။
Comments