ရေးခဲ့မိသော မှတ်တမ်းများ (၂၁)
အုန်းနိုင်
မတ်လ ၂၄၊ ၂၀၁၃
အုန်းနိုင်
မတ်လ ၂၄၊ ၂၀၁၃
● ကွန်ဖရန်တေရှင်း မလုပ်ပါနဲ့
ဇူလိုင်လ (၆) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင်က သတင်းစာရှင်းလင်းပွဲ လုပ်ပြန်ပါတယ်။ မြန်မာ့ရုပ်မြင်သံကြားကလည်း အပြည့်အစုံ တိုက်ရိုက်ဖော်ပြပါတယ်။ ဗိုလ်ချုပ်ကြီးစကားပြောတာ (၃) နာရီလောက်ကြာပြီး ဟိုရောက် ဒီရောက်.။ အင်္ဂလိပ်စကားလုံးတွေလည်း ဖော ဖောသီသီသုံးပြီး ပြောသွားတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့မိန့်ခွန်းကို “ဘာမှန်းကို မသိဘဲ အိပ်ပျော်သွားတော့တာပါပဲ“ လို့ မှတ်ချက် ချ သွားတာ မလွန်ပါဘူး။ သတင်းစာထဲမှာပါမှပဲ အဓိကအချက်တွေကို ပြန်ချုပ်ကြည့်ဖို့ ကြိုးစားပါတယ်။ ဒါတောင် သိပ်မလွယ်ပါ။ သူပြော သွားတာတွေက..
“ဇူလိုင်လ (၃) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးတင်ဦးနဲ့ ဒေါ်မြင့်မြင့်ခင်က ကော်မရှင်ကိုလာပြီးပြောပါတယ်တဲ့။ ဘာပြော တာလဲ ဆိုတော့ အဲဒီနေ့ ပန်းဘဲတန်းဟောပြောပွဲမှာ စစ်ဘက်က အနှောင့်အယှက်မရှိလို့ ချောချောမွေ့မွေ့ အေးအေးချမ်းချမ်း ဖြစ်တယ်။ နောက်လည်း ဒီလိုဖြစ်စေချင်ပါတယ်။
ပြီးတော့ နိုင်ငံရေးအဖွဲ့ အစည်းတွေ မဟာမိတ်ဖွဲ့ စည်းထားပြီး။ ဒီမဟာမိတ်အဖွဲ့ အစည်းများက ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ် အဖြစ်ရွေးပြီးတော့ န၀တနဲ့ဆွေးနွေးဖို့လုပ်ချင်ပါတယ်တဲ့။
ဒီကိစ္စကိုပဲ ဒီနေ့ အတွင်းရေးမှူး (၁) က သူ့ကိုတင်ပြတယ်။ သူစဉ်းစားတယ်။ သူ့ရဲ့ န၀တအဖွဲ့ ဝင်တွေကိုခေါ်ပြီး တင်ပြဆွေးနွေးတယ်။ ဒါကြောင့် ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောမယ် ဆုံးဖြတ်တယ်။
သူတပ်ထဲကို လွတ်လပ်ရေးရပြီး ၄၉ ခုနှစ်မှာဝင်ခဲ့တာ။ ဒီနှစ် နိုင်ငံရေးပြောင်းလည်းမှုရဲ့  အရှိန်အဟုန်ကြီးမားတာ...။သူက တပ်မတော်ရဲ့  အကြီးအကဲ ဆိုတော့ သူ့အောက်က အဖွဲ့အစည်းတွေကတဆင့်  သာမန်လူတွေ သိတာထက် ပိုသိတာ....။ဒေါက်တာမောင်မောင် သမ္မတ ဘ၀မှာပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ လုပ်ပေးမယ် ကြေညာပြီး ၀န်ထမ်းတွေကို ပါတီက ထွက်ခိုင်းလို့ တပ်မတော်ကချက်ခြင်း ပါတီဝင် မဟုတ်တော့ဘဲ ကြားနေဖြစ်သွားတာ..။အခု တပ်မတော်က ကြားနေတဲ့ တပ်ပါ..။ပြီးတော့ အရေးအခင်းအတွင်းမှာသုံးလအတွင်း ရွေးကောက်ပွဲ လုပ်ပေးမယ် ပြောတော့ အခု NLDအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကသုံးလအတွင်း ဘယ်ဖြစ်မလဲ...။အနည်းဆုံး ပါတီတွေ စည်းရုံးခွင့် ၂နှစ်တော့ ပေးပါလို့ပြောတယ်..။ဆိုတာတွေ နဲ့ အရေးအခင်းကာလတုံးက အဖြစ်အပျက်တွေကို တောင်ရောက် မြောက်ရောက်ပြောပြန်ပါရော..။
ဘဏ်က ငွေ သန်းခြောက်ရာ တပ်က ထုတ်ယူတဲ့  ကိစ္စလည်းပါတယ်..။တပ်အတွက် လောင်စာဆီကိုအခု NLD ဥက္ကဌ ဦးအောင်ရွှေဆီက ထုတ်ခွင့်  တောင်းရတာလည်းပါတယ်..။ဦးနေ၀င်း အငြိမ်းစားယူပေမဲ့ ယူနီဖောင်း ၀တ်ချင် ၀တ်နိုင်တယ်..ဆိုတာလည်း ပါတယ်..။သမိုင်း အဖွဲ့ ကိုသမိုင်းမှန်ရေးခိုင်းတာလည်း ပါတယ်.။
ရွေးကောက်ပွဲ ဥပဒေ လုပ်တာမှာ အာဏာဘယ်လို လွှဲရမလဲ ဆိုတာ မပါလို့ မယုံကြဘူး..။ခင်ဗျားတို့ ပါတီက အများစု ဆန္ဒ မဲ ရရင် ကျနော် လွှဲပေးမယ်..ဆိုတာလည်းပါတယ်..။ရွေးကောက်ပွဲကို ၀င်မလိုလိုမ၀င်ဘူး လိုလို ပြောတာ...ဘာသဘောလဲ..။ရုပ်ရှင်လက်မှတ်ဝယ်ပြီးမှရုပ်ရှင်ရုံထဲ မ၀င်ဘူးလား..။ပါတီ ဖွဲ့ ပြီးမှ ရွေးကောက်ပွဲ မ၀င်ဘူးလား...ဆိုတာတွေလည်း ပါတယ်..။
ပါတီတွေကို အခုတော့မဖျက်သေးဘူး..။ဖျက်ချင်ဖျက်နိုင်တယ်..။မာရှယ်လောဘဲ..ဆိုတာတွေလည်း ပါပြန်တယ်..။ဖွဲ့ စည်းပုံ အခြေခံဥပဒေ လုပ်ပါ...။ကျုပ်ကတော့ တရားခံအဖြစ်ခံပြီး ဖွဲ့ စည်းပုံ လုပ်မပေးဘူး..။
အနိစ္စသဘော ကို ယူနီဖောင်းဝတ်လည်း ရှောင်လို့ မရဘူး..။ကြောက်တော့ကြောက်တယ်..။(၂/၈၈)(၈/၈၈)ရှိတာ ဘာဖြစ်လဲ..။စစ်တပ်ကို တော့ မပုတ်ခတ်ပါနဲ့ ..။Allied တို့ Allied force တို့  front တို့  affiliatedတို့  နောက်တခါ joint action တို့  league တို့  ဆိုတဲ့ အင်္ဂလိပ်စကားလုံးတွေကို လည်း ကလေးတွေ ရှင်းသလို ရှင်းပြီး ..။ကျနော် နားလည်တယ်..။ဖတ်တယ်..ဆိုတာတွေလည်း ပါသေးရဲ
့..။ပြီးတော့ မှ သူအကြောက်ဆုံးကတော့ ကွန်ဖရန်တေးရှင်း (confrantation)ပါလို့ ပြောပြီး...။ဒါကို ( head to head)ထိပ်တိုက် တိုးတာလို့ အဓိပါယ် ရှိတယ် လို့ ပြောပြန်ပါတယ်..။ကွန်ဖရန်တေးရှင်း မလုပ်ပါနဲ့..။ရွေးကောက်ပွဲ လုပ်ပေးပါမယ်..။အဲဒီလို ပြောနေရာကနေ aid to civil powerဆိုတာကို ပြောပြန်ရော..။စစ်အုပ်ချုပ်ရေး ၊မာရှယ်လော ၊စစ်ခုံရုံး ၊ဆရာမောင်မောင် ။၊ကွန်ဖရန်တေးရှင်းလုပ်ရင် ပစ်မယ်.။ခတ်မယ်..။လူတွေသေမယ်..။
စက်တင်ဘာ ၁၈ရက်က လုတွေ အများအပြားသေခဲ့ တယ်..လို့ ၀န်ခံပြီးတော့  မှ....။အများအပြား ဆိုတာ ဂဏန်းတခုပါ..။ဂဏန်းတခု ဆိုတော့ရာဂဏန်းပါ..။ဒီလိုတွေ ရောက်တတ်ရာရာ ပြောနေရင်းကနေပြီး ကင်းလွတ်ခွင့် ၊ပုံနှိပ် ထုတ်ဝေမှု..၊နံပါတ် တခုတောင်းပါဗျာ..။တစ်ခုတောင် ပေးပြီးပါပြီ..။အဲဒီလို တွေ ပြောနေရာက နေ ဗကသ၊မကသ တွေပြောပြန်ရော...။ဒီ အထဲက အချို့ သူပြောတဲ့  စကားပိုဒ် တွေကို အစိုးရ သတင်းစာတွေက ဖော်ပြတဲ့  အတိုင်း တိုက်ရိုက်ဖော်ပြ ကြည့် ပါမယ်..။
“ကျနော် ခေါင်းထဲ နဲနဲ မှတ်ထားတာပေါ့ .။သိပ်များတော့လည်းမှတ်မိချင်မှ မှတ်မိမယ်..။မှားရင် လည်း မှားမယ်..။သည်းညည်း ခံပါ....။ရည်ရွယ်ချက် နဲ့ ကျနော် (D - minus five)ငါးလအတွင်း ၊ဒီဇင်ဘာ၊ဇန်န၀ါရီဖြစ်မယ်..။(Schedule) ရှိပြီးသားပါဘဲ..။တရားပေါ့ ..။ရွေးကောက်ပွဲ အတွက်စာရင်းသွင်းရမယ် နော်..။မတ်ခ်ျပေါ့ ..။မေ ..ဆိုလို့ ရှိရင်..။မေ မိုင်းနပ်စ် ဆိုလို့ ရှိရင်..။ဧပြီ၊မတ် ..။နောက်ထပ် ထပ်ပြောမယ်..။ဖေဖော်ဝါရီဇန်န၀ါရီ..။အဲလောက်ကြာရင် သူက အဲဒီမှာ..။သူက တော်တော်များများပေးပါမယ်..။ကျနော်တို့  ကော်မရှင်
အနေနဲ့ လည်း ဆွေးနွေးပြီးသား..။ကော်မရှင် နဲ့ဆွေးနွေးတာ..။ပထမအကြိမ်က ၁၈ရက်နေ့ ၊၁၉ရက် နေ့မှာ ကော်မရှင် နဲ့ တွေ့ ပါတယ်..။နောက်ထပ် တခါ (first draft) မှာကျနော် တို့  တွေ့ တယ်..။ကော်မရှင်ကို ကျနော် တို့ ပြောပါတယ်..။ဒီလိုလေးတွေ ပေးပါ...”
ကဲ..အဲဒီ စကားပိုဒ် တပိုဒ်လုံးကို ဘာနားလည် ရမလဲ..။ဘယ်လိုနားလည်ရမလဲ..။အဲဒါကို ချုပ်ပြီး ရေးဖို့ ကြိုးစားရင်း ကျနော် ဥနှောက် စားလာပါတယ်..။ကျနော် ကျောင်းဆရာဟောင်းတယောက်ပါ..။ဒီ ..ဗိုလ်ချုပ်ကြီး စောမောင် ရဲ့  မိန့် ခွန်းကို ဖတ်ပြီး အမှတ်ပေးရရင် တော့ သုည ဘဲ..။စာမူဖတ်တဲ့  အယ်ဒီတာ ဆိုရင်လည်း လုံးခြင်းဘဲ ဖြစ်မယ်..။လုံးပြီး ခြင်းထဲ ထဲ့ ပစ်မှာ အသေအချာ..။
အဲ..စိတ်ရှည်ရှည် ထား..။အာရုံ နဲနဲခံ...။နောက်ခံ အနေအထားအဖြစ်အပျက် တွေ နဲ့ ဆက်စပ်လိုက်တော့ မှ နောက်ဆုံးနားမှာ...
“ခုနက ပြောသလို ကိုယ်စားလှယ်တွေ လွှတ်ပြီး..။ပါတီ ၇၀-၈၀ ကိုတာဝန်ခံပြီး လာတယ်..။န၀တဥက္ကဌ နဲ့ သွားတွေ့ တယ်..။သဘောထား မတိုက်ဆိုင်ဘူး..။ဟာ...ကျနော်လူဆိုးဖြစ်ပြီ..။သူက ၈၀..။ကျနော်က တစ်ယောက်တည်း..။ဒါ...ဒီမိုကရေစီ အရ..။ဒီမှာ အလကားနေ ရင်း..(trap) ထရက် မလုပ်ပါနဲ့ ”
ဆိုတာကလေးဘဲ..သူပြောတဲ့  အထဲမှာ အစချီခဲ့ တဲ့  ဦးတင်ဦးနဲ့ ဒေါ်မြင့် မြင့် ခင် တို့  ကော်မရှင်ကို လာတဲ့  ကိစ္စ နဲ့ ဆိုင်တယ်..။အတိုချုပ် နိုင်သလောက် အတိုချုပ်ကြည့် လိုက်တော့ ပါတီတွေက မဟာမိတ် ဖွဲ့ ပြီး သူတို့ အားလုံး ရဲ့  ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်ကို ရွေးတယ်..။ဒေါ်အောင်ဆန်းစုကြည် နဲ့န၀တ ဆွေးနွေးချင်ပါတယ်..။ပြသနာက ဒါဘဲ..။အဖြေက လည်း နောက်ဆုံးတော့ပါတီ ၇၀-၈၀ တာဝန်ခံ ပြီး လာလို့ သူနဲ့သဘောချင်း မတိုက်ဆိုင်ရင် သူလူဆိုးဖြစ်သွားမှာ မို့  မတွေ့ နိုင်ဘူး..။ဒါဟာ ထရက်(ထောင်ချောက်) ဆင်တာဘဲ..။ဒါ..အတိုချုပ် သူ့ သဘောထား ဆိုလိုရင်း ပဲ..။
ဗိုလ်ချုပ်ကြီး စောမောင် ရဲ့  တီဗီမိန့် ခွန်းဟာ (၂၇.၆.၈၉)နေ့က ထုတ်တဲ့  မျိုးချစ်ရဲဘော် ဟောင်းကြီးများ ရဲ့  ကြေညာချက် နဲ့ ဆက်စပ်နေတယ်လို့ တောင် သံသယရှိလာပါတယ်..။ကွန်ဖရန်တေးရှင်း မလုပ်ပါနဲ့ ။
ကျနော် သတိပေးပါတယ်..ဆိုတဲ့  ဗိုလ်ချုပ်ကြီး စောမောင် ရဲ့  စကားနဲ့မျိုးချစ်ရဲဘော်ဟောင်းကြီးများ ရဲ့  ကြေညာချက် အပိုဒ် (၂၇) မှာ ပါတဲ့  န၀တ နဲ့ထိပ်တိုက်ရင်ဆိုင်မိစေမယ့်  တင်းမာတဲ့  ဟောပြောမှုမျိုးကိုဒေါ်အောင်ဆန်းစုကြည် မလုပ်ပါနဲ့ ဆိုတာဟာ တသံထဲ တကိုက်ထဲ ဖြစ်နေတာဟာအံ့ သြစရာပါဘဲ..။ ဒါကို သုံးနာရီကျော် ကြာအောင် တောင်ရောက် မြောက်ရောက်လျှောက်ပြောနေတော့ ကြားရတဲ့ အများပြည်သူက အော်..ဒါ့ ကြောင့် လည်း သူဒေါ်အောင်ဆန်းစုကြည် နဲ့ မတွေ့ရဲတာကိုး..။ဒါမှ မဟုတ်သူ့ လူတွေက တွေ့ ဖို့ မလွှတ်ရဲတာကိုး..။ ဒေါ်အောင်ဆန်းစုကြည်ကလိုချင်တာကို တိုက်ရိုက် ရောက်အောင် အတိုဆုံး နဲ့အထိရောက်ဆုံးပြောတတ်ပြီး..။ဗိုလ်ချုပ်ကြီးစောမောင်ကတော့ ဘာပြောချင်မှန်းမသိအောင်ကို တောက်တဲ့ လှည်းနင်း အမြီး အမောက် မတဲ့  ဖြစ်နေမှာစိုးလို့ ပဲ ဆိုတာသဘောပေါက် သွားကြပါတယ်..။အဲဒီနေ့က ဗိုလ်ချုပ်ကြီးစောမောင် ရဲ့ သတင်းစာရှင်းလင်းပွဲ တက်ရောက်တဲ့  သတင်းစာဆရာကြီးတွေတော့  တော်တော် အီသွားမှာပါဘဲ..။ ။
Comments