ဒီမြေပုံအတိုင်းဆိုရင်
စိုင်းဝင်းမြင့်
မတ်လ ၁၃၊ ၂၀၁၃
ကမ္ဘာမှာ စစ်ပွဲနှစ်ပွဲပြီးသွားတယ်
ငါတို့ မပြီးသေးဘူး။
စစ်ဖြစ်တော့မှာလား
သတင်းထောက်များမေးတော့
ဘယ်နိုင်ငံနဲ့ လဲ
ဂျော့ဒဘလျူဘုရှ် ဖြေတယ်။
ငါတို့ရဲ့ဟာသကလည်း ထို့အတူ
ဘယ်အရာနဲ့လဲ။
ဒီမြေပုံအတိုင်းဆိုရင်
အားလုံး သေကုန်တော့မှာပဲ။
စိုင်းဝင်းမြင့်၏ ကဗျာအား လမ်းအိုလေး မှ ပြန်လည်ကူးယူဖော်ပြပါသည်။
သရုပ်ဖော်ပန်းချီ - ၀င်းဖေ
Comments