အနုံညာတကဗျာ
ဇေမှိုင်း၊ မတ် ၂၃၊ ၂၀၁၃
မြေသားထဲမှာ
အက်ဆစ်တွေပြန့် နေလို့ မို့ 
ငါ့နွားလေးကို
ရေရှာတိုက်နေရတာပါကွာ။
လယ်သမား နွားနဲ့ ဖက်နေရတာပါကွာ
လူစာမရှိပေမဲ့
နွားစာတော့ရှိဖို့ လိုတယ်
ခမျာတွေမယ်
ကြုံတဲ့ရေသောက်
ကြုံတဲ့အနှံစား
သွားတွေလဲတုံးကုန်ပြီထင်ပါ့။
တောင်မရှိတော့ရော ဘာဖြစ်မလဲတဲ့
မေးရက်ပလေတယ်
သေချာတယ်
ဒီတောင်ကိုခုခံရေးနဲ့ 
ဒီတောင်ကိုအလွဲသုံးရေး
ထပ်ပြောမယ်
လယ်သမား လယ်မရှိရင်
ငို ငို ငို……
သူရင်းငှား
မြေမရှိရင် လယ်မရှိရင်
ငို ငို ငို…….။
မပြောချင်တော့ပါဘူး
တခွန်းတည်းမှာလိုက်ပါရစေ
“ဥုံ အရဟံ သစ္စာဂတိတွေနဲ့ 
ဂဠုန် သရဏံသာ ဂစ္ဆာမိကြပေတော့။
Photo Credit - http://sofiaglobe.com/2012/07/09/heat-wave-prompts-code-orange-weather-warning-in-bulgaria/
Comments