ငရဲခွေးကြီး လွတ်နေသည်
ဂျော်ဒီး
ဧပြီ ၁၁၊ ၂၀၁၃
ဂျော်ဒီး
ဧပြီ ၁၁၊ ၂၀၁၃
“ဟဲ့  ကလေးတွေ..တွေ့ ကရာတွေ လျှောက်သွားမနေကြနဲ့..။ရွာထဲမှာပဲနေ..။ခေတ်ကြီးကပြောင်းမယ်မကျန်သေးဘူး..။နောက်ကြောင်းပြန်ချင်သူတွေက ကပြောင်းကပြန်ဗြောင်းဆန်နေတယ် ဟေ့..”
ဒီလို နဲ့  ရွာထိပ်ညောင်ပင်ကြီး အောက်တွင် ဂျော်ဒီးတို့ ကလေးတသိုက်..မျက်နှာလေးတွေမသာမယာနဲ့  ရောက်တတ်ရာရာ..ပြောနေကြသည်..။ဂျော်ဒီးတို့ ကလေးစကားဝိုင်းကားလူကြီးတွေတွတ်ထိုး လေ့  ရှိသော ဖေ့စ်ဘုတ် ဆိုတာကြီးလို ပင် ဟုတ်တာရောမဟုတ်တာပါ..သတင်းစုံလှသည်..။သို့သော်..ဂျော်ဒီးတို့ကလေး စကားဝိုင်းတွင်မူ .ဖေ့စ်ဘုတ်ဆိုတာကြီးထဲက လူတွေလိုရန်မဖြစ်ကြ..။အယုတ္တ အနတ္တ မဆဲကြ..။တယောက်တည်းက အကောင့်အမျိုးမျိုး သုံးပြီး ဆယ်ကိုယ်ခွဲ လုပ်ကာကိုယ်သန်ရာကိုယ် မဖွကြ.။ အထူး သဖြင့် တော့.. မီးပြတ်မှာ မပူရ..။အင်တာနက် လိုင်း မမိမှာ ..မပူရ..။ဝိုင်ဖိုင်..တင်မက..ဇက်ဖိုင်..အီးဖိုင် တွေပါ အကုန်ရပေသည်..။
“ဟေ့.. ယာကွတ်..တယောက် တို့ဆီ မလာတာကြာပြီနော်” လို့ ဖိုးထက်က တတမ်းတတ..ပြောရှာသည်။ ကမာပုလဲကား...ကဗျာ ဆန်သူပီပီ..“ဟို..ကဂျာဆြာကြီး မောင်ချောနွယ် ကဂျာထဲကလို..ယာတွေများ ကွပ်ကဲ နေရလို့ ညားလား”
“မင်း..ဘိုးအေ။ ယာတွေ ကွပ်ကဲ ရမှာလား..။အဓိကရုဏ်းတွေ ဖြစ်လို့နွားကျောင်းတောင် မထွက်နိုင်ဘူး”ကူမိုးကြိုးက ငေါက်လိုက်သည်..။ ကလေး အားလုံး အဓိကရုဏ်း ဆိုတာကြီးကိုမျက်စိထဲ ပြန်မြင်ကာ မျက်နှာလေးတွေ ဇီးစေ့ လောက် ဖြစ်သွားကြသည်..။ပြီးခဲ့ တဲ့  ရက်က ဒီအဓိကရုဏ်း ဆိုတာကြီးက သူတို့ တရွာလုံး ကို ထောင်းထောင်း ကြေအောင် ၀င်မွှေသွားသည်ကိုး..။ရွာတောင်ဖျားမှာ မီးတွေ ရှို့ လားရှို့  ရဲ့ ..။ဘယ်က မှန်းမသိတဲ့  လူစိမ်းစိမ်းကြီးတွေက ညာသံတွေ ပေးပြီးရွာစွန်ရွာဖျားက ၀င်လာလား..လာရဲ့ ..။ပြီးတော့ ရွာသားတွေကို ဘာသာရေး၊လူမျိုးရေးတွေ နဲ့  အဓိကရုဏ်းဖြစ်အောင် လှုံ့ ဆော်သည်..။ပြီးတော့ တုတ်တွေဒါးတွေ နဲ့  ဟိုဖျက်သည်ဖျက်..။ဟို မီးရှို့  ဒီမီးရှို့ တို့မီး ရှို့ မီး လုပ်ကြသည်...။
“အဓိကရုဏ်း ဆိုတာ ထိကရုန်းလို ပဲ တွ..” သာဂိက ရုပ်တည်ကြီးနဲ့  ဆရာကြီး စတိုင်ဖမ်းရင်းပြောသည်။
“ဘာချိုင်ရို့ ရဲ တွ..တွတ်တောင် မ၀င်ဘူး” ရန်လိုကျွဲက ၀င်ခွပ်သည်..။ “အဓိကရုဏ်းဆိုတာ ထိကရုန်းလိုပဲ..ထိလိုက်ရင် ထိတဲ့ သူတွေ ကို စူးတယ်..။ရှတယ်.။ထိခိုက်နာကျင်စေတယ်...။ပြီးရင် ရုန်းထွက်တွားရော ကွာ။အိပ်ချင်ယောင်ဆောင်နေရောကွာ..။သူမလုပ်သလိုလိုနဲ့ ”
“ ဘာပဲ ပြောပြော တို့ ရွာမှာ ဒီ အဓိကရုဏ်းကြီး မဖြစ်ခင် အန္တရာယ်အနံ့တွေ ရနေတာတဲ့တွ..။ရွာထဲတွေ..ဈေးထဲတွေမှာ ဘာသာရေး လှုံ့ ဆော်စာ တွေ အခွေတွေ လိုက်ဖြန့်နေတာတွေကအန္တရာယ်ကို မီးပျိုးပေးနေတာတဲ့ ..ကွ။ဘကြီးစွမ်း တို့ စကားဝိုင်းမှာ မနေ့က ပြောနေတာ..ကြားခဲ့ တယ်..”
“ အေး လေ..။ဟို နိုင်ဂံရေး လှုံ့ဆော်စာတွေ ဝေရင် ဖမ်းတဲ့လူဂျီးတွေ..။ အခု ဟာတွေကျတော့ မသိချင်ယောင် ဆောင်နေကြတယ်..ဒဲ့ ”
ကလေးတို့ သဘာဝ ရောက်တတ်ရာရာ ပြောနေရင်း မောင်ရစ်က အကြံတခုရ သွားသည်..။
“ဟေ့...ပျင်းတယ်တွာ..။တို့တွေ အဓိကရုဏ်းလုပ်တမ်း ကဂျားကြမယ်..”
အဓိကရုဏ်း လုပ်တမ်း ဆိုသဖြင့် ကလေးများ အားလုံး စိတ်ဝင်စားသွားကြသည်..။
မောင်ရစ်ကား... ဒါရိုက်တာ မောင်သီနှင့် နံမယ်တလုံးထဲ ကပ်လွဲသဖြင့်ဒါရိုက်တာ ဖြစ်ဖို့ အလွန်နီးစပ်သည်ဟု..သူ့ကိုယ်သူအထင်ရှိနေပုံဖြင့်......
“စောငိုနဲ့ ကူမိုးကြိုး..မင်းတို့က ရဲလုပ်။ရန်လိုကျွဲနဲ့ သာဂိကစစ်တပ် လုပ်တွာ..။ ရီရသူက ၅၆၅ အခွေတွေထုတ်..။ဆောင်းသဇင်တို့ မေခတို့ကွေသယ်တို့ မုန့်ချိုသင်းတို့ ဂျော်ဒီးတို့ မိန်းကလေးတွေ ကရွာသူရွာသားတွေလုပ်”
“ဟေး...ငါးးလဲ ပါမယ်တွ..။ငါး က ဘာလုပ်ရမလဲ .”
ပျောက်နေတာ ကြာပြီဖြစ်သော ယာကွတ်ကား အဓိကရုဏ်းလုပ်တမ်း ကစားပွဲအမီ ကံဆိုးစွာ အပြေးအလွှား ရောက် လာရှာသည်..။ ဒါရိုက်တာမောင်ရစ်က.. ခေါင်းတချက်ကုပ် ကာ စဉ်းစားရင်း..
“အင်းးးမင်းကတော့ အပြင်ကအတိုင်း ပဲ မင်းတို့ အဖြစ်ကိုသရုပ်ဆောင် ပေါ့ကွာ”
စောငိုနှင့် ကူမိုးကြိုးကား ရဲလုပ်ရမည်ကို မကျေနပ်..။ပေကပ်ကပ်နှင့် “ ဟေ့အေးတွာ..။တို့က ရဲ လုပ်ချင်ဘူး..။နံမယ်ကပျက်ဦးမယ်..။ပြီးခဲ့ တဲ့  လက်ပံတောင်းတောင်တို့ မလက်တိုရွာ တို့ကအဓိကရုဏ်းတွေတုံးကဆို ရဲတွေ ဘယ်လောက် နံမယ်ပျက်လဲ..။မောင်ရစ်..မင်း ပဲရဲလုပ်”
“ ငါက ဒါရိုက်တာဆိုတော့ နောက်ကွယ်က ကြိုးကိုင်ရဦးမှာတွ..။လုပ်ပါတွာ..။ဒီတခါ အဓိကရုဏ်းမှာရဲတွေကို အကြမ်းမဖက်ခိုင်းပါဘူး.။မီးလောင်ဗုံးတွေ..အဲ..အဲ..မီးခိုးဗုံးတွေ နဲ့  မဖြိုခွဲခိုင်းပါဘူး..။တကယ်တော့ ရဲ တွေခမျာ အပစ်မရှိရှာပါဘူး..တွာ..။သူများ အမိန့်ပေးတာ လုပ်ရရှာတာကိုး...။ခံရတဲ့  ရဟန်းရှင်လူ..ပြည်သူတွေ ကတောင် ပြန်တနားသင့်ပါတယ်..တွာ.။ ဒီတခေါက်တော့ မင်းတို့ ရဲတွေက လူဆိုးတွေ အကြမ်းဖက် ဖျက်ဆီးတာတွေကို ဒီအတိုင်းကြည့်နေရုံ ပါပဲတွ။ လူဆိုးတွေ အကုန်ဖျက်ဆီး မီးရှို့ ပြီးမှမင်းတို့က ဟိုလျှောက်သည်လျှောက် လုပ်ယုံလေးလုပ်ရမှာ..တွ။နော်..နော်..”
ဒါရိုက်တာ မောင်ရစ်က ပေကပ်ကပ် လုပ်နေသော စောငိုနှင့် ကူမိုးကြိုးကိုဖျောင်းဖြ နားချ နေရှာသည်...။ယာကွတ်ကလည်း ၀င်ပြောသည်..။
“ဟုတ်တယ်တွ..။မင်းတို့ မတိရို့ ...။ရဲ လုပ်ရ တာ ကောင်းတယ် တွ..။ငါး တောင် ရဲ လုပ်ချင်တာ..။ရဲလုပ်ရင် တို့ တွေလာဘ်ထိုးတာတွေ စားရမှာ..။ပြီးခဲ့တဲ့  အဓိကရုဏ်းတုံးက ဆို တို့တွေက အိမ်တွေ ဗလီတွေအဖျက်ခံရမှာစိုးတော့ မင်းတို့ ရဲ တွေကို ပိုက်ဆံတွေ အများကြီး
ပေးပြီး လာဘ်ထိုးရသေးတာ.။ဒါပေမဲ့  မရပါဘူးကွာ..။ဖျက်ခံရတာပါပဲ...။ပြီးမှငါးတို့ ကျေနပ်အောင် မဟုတ်တဲ့ သူတွေ အဖမ်းပြထားတာ...။ငါး ကတော့ ကွာ..အိုးဖျက်အိမ်ဖျက် လုပ်ခံရမယ့် အစား..လာဘ်စား ရတဲ့ စစ်တပ်တို့ ရဲတို့ပဲ လုပ်ချင်တာတွ” .
ထိုအချိန် တွင် စစ်တပ်လုပ်ရမည့် သာဂိနှင့်ရန်လိုကျွဲကား .ပါးစပ်မှ လေယဉ်ပျံသံ ပေးပြီးလက်နှစ်ဖက်ကို ဘေးကားကာ ပျံဝဲနေဟန် ဖြင့် အစွမ်းကုန် စစ်ရေးပြနေကြလေသည်...။
“ရွှီးးးးးးးးဝီးးးးးးးဝီးးး”
“ဟဲ့ .... ဟဲ့ ..အဲဒါက ဘာလဲဟေ..။နတ်လေချွန် ၀င်တာလား”
ပါးစပ်ထဲကို စားစရာတွေ ပလုပ်ပလောင်း မပြတ်တမ်း ထိုးသိပ်စားနေသောမိုးချုပ်သင်းက မျက်လုံးပြူး မျက်ဆံပြူး နဲ့ မေးလိုက်သည်..။
“အဲဒါ ..မြောက်ကိုရီးယား က ခိုး ၀ယ်ထားတဲ့ ဒုံးကျည် တဲ့ ဟ..”
ဒါရိုက်တာမောင်ရစ် ဧ။် ဇာတ်ညွှန်းများကိုတိတ်တိတ်ဖတ်ထားပုံရသော ဆောင်းသဇင်က ၀င်သတင်းပေးဧ။်..။
“ဟင်...စစ်ရေးပြပွဲ ကြီးကြည့်ရတာ..နင်တင်တင်ကြီး.။ဗိုလ်ချုပ်အောင်ဆန်း ရဲ့  တပ်ထွက်မိန့်ခွန်းလိုလဲ..ရဲဘော်တို့ အနီးကပ်ဆုံး ရန်သူကို ရှာတိုက်ကြ..ဘာညာ လေးများ ပြောမလားလို့”
အဆိုးမြင်ဝါဒီတဦး ဖြစ်ဟန်တူသော ကွေသယ်က ပညာရှင်ဂိုက်ဖြင့်သုံးသပ်ဝေဖန်လိုက်သည်..။
“အို..ဘာပဲ ဖြစ်ဖြစ် တပ်မတော်ကြီး အင်အားရှိတာ ကျမတော့ သိပ်သဘောကျတာ..”
ဂျော်ဒီးကား ဒီမိုမယ်တော်ကြီး စတိုင်ဖမ်းကာ လက်ခုပ်လက်ဝါးတီးပြီးရန်လိုကျွဲ တို့ ဧ။် စစ်ရေးပြပွဲ ကြီးကို အားပေးနေလေသည်..။
သာဂိကား ရွာထိပ် အမှိုက်ပုံမှ ကောက်လာသော ဘိလပ်ရေပုလင်းအဖုံးများကို ရင်ဘတ်တွင် တန်းစီ ချိတ်ကာ တပ်ချုပ်ကြီးတဦးပုံစံနှင့် မိန့်ခွန်းချွေနေလေသည်..။
“ ကျုပ်တို့ တပ်မတော်ဟာ ဘာ လူမျိုးတုံး သတ်ဖြတ်မှု မှမရှိဘူး..။လူညွှန့်တုံး သတ်ဖြတ်မှုပဲ ရှိတယ်...။ယုံချင်ယုံမယုံချင်နေ..။ကျုပ်လဲ နောက်ကွယ်က ကြိုးကိုင်သူ..အဲလေ.. ဒါရိုက်တာ.ရေးပေးတဲ့  အတိုင်းဖတ်နေတာပဲ..ထွီ။အခုကိုပဲ ကြည့် ..။အဓိကရုန်းတွေဖြစ်ရင် ..ကျုပ်တို့ တပ်မတော်ဝင်လာမှ ငြိမ်ဝပ်ပိပြားတယ်..။အပ်ကျသံတောင်မကြားရဘူး..။တွေ့ တယ်နော်.။ဒါကြောင့် ကျုပ်တို့ တပ်မတော်က နိုင်ငံတော်ရဲ့  အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍမှာ ပါလေရာငပိချက်ဖြစ်နေရတာပဲ..။ဒီလိုဖြစ်အောင် အဓိကရုဏ်းတွေ ဖြစ်အောင် တဖက်လှည့် နဲ့ မြှောက်ပေးမယ်..။ပြီးရင် ကျုပ်တို့ က လက်တလုံးလောက် အလိုမှာဝင်ကယ်မယ်။ဒါမျိုး ကျုပ်တို့ လုပ်စားလာတာ အနှစ်(၆၀)ရှိပြီ..။”
မိုးမခရွာသားကလေးများဧ။် အဓိကရုဏ်း လုပ်တမ်းကစားနေခြင်းကို အဝေးကြည့် အနီးကြည့် သုံးသပ်နေသော ကလေးဗိုလ်ကြီးအောင်ဒင် က တပ်ချုပ်ကြီး သာဂိဧ။် လေလုံး မိုးလုံးကို နားခါးလာပြီး အနှီကဲ့ သို့  ၀င်ဆော်လေသည်..။
“ အေးပါကွာ..။ဟို ဟာသ စာရေးဆရာကြီးသော်တာဆွေ ရေးတဲ့ စာတပုဒ်ထဲကလိုပဲ..။စာရေးဆရာမကြီး လုံချည်ပြဲနေတာကို မြင်ရက်နဲ့ ချက်ချင်းမပြောဘူး..။အကြီးကြီး ပြဲမှ ပြောတော့ သူ့ကိုကျေးဇူးပိုတင်အောင် ဆိုသလိုမျိုးပဲ..။ရှင်းလို့  ရတဲ့ အချိန်မှာမရှင်းပဲထားပြီး..။အကြီးအကျယ်ဖြစ်မှ ၀င်ရှင်း..။ကျေးဇူးရှင် ဘ၀ခံယူ...။အဲလိုလုပ်မှ မင်းတို့ တနိုင်ငံလုံး ရှိသမျှ မြေသိမ်းယာသိမ်းအကုန်သိမ်းပြီး ပျက်နေတဲ့  နံမယ်ကို အဖတ်ဆည် ဦးမယ် မဟုတ်လား..။ ဒီ အချိုးတွေကို လူတွေကသိနေတော့ အရည်တောင်စစ်ရမယ် မထင်”
နောက် ကလေးသရုပ်ဆောင် တဦး ကား ကျော်သူ..စိုးသူတို့ကိုအားကျသူဖြစ်သဖြင့် ရီရသူ ဟု မိုးမခရွာ ကလေးများကြားတွင်အမည်တွင်သူ ပင်တည်း..။ ရီရသူကတော့ .လူတွေ သိပ်မသုံးတော့သော.လှေကြီးထိုး ရိုးရိုးလိုက် ခေတ်က ရှေးဟောင်းလှေကြီး တခုပေါ်တက်ကာ ဆော့ရင်း သူကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဖော်လေဧ။်..။
“ကျုပ်က အမျိုး၊ဘာသာ။သာသနာအတွက် ကျုပ် ငါးခြောက်ငါး အခွေတွေကိုဖြန့်ပြီး တနိုင်ငံလုံး အနှံ့  တပ်လှန့်ထားတယ်..။ လောင်စာဆီ ဖြန်းပေးထားတယ်..။ဟော....မီးစ သေးသေးလေးနဲ့  တွေ့ လိုက်ရင် မျိုးချစ်စိတ်မီးတောက်ကြီး က ဟုန်းခနဲထတောက် သွားစေရမယ်...။မီးလောင်ရာလေပင့်ချင်သူတွေ အတွက်ကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပေါ့ဗျာ။ဘာပဲပြောပြော အမျိုး၊ဘာသာ၊သာသနာ အတွက် လှုံ့ဆော်ပြီးရင် ဘာသာပေါင်းစုံ ညီညွတ်ရေး ကိစ္စကြီးကိုလဲဝင်ပါရဦးမယ်..”
စကားမှမဆုံးမီ ရီရသူ တယောက် လှေကြီးထိုး ရိုးရိုး ကိုမှလှေနံနှစ်ဖက် နင်းမိသဖြင့် အောက်သို့ကားရယား ကျသွားလေသည်..။
ကလေးများကား..ကလေးတို့ ထုံးစံအတိုင်း သူတို့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ကြားသိခဲ့ ရသော ပူပူနွေးနွေး ယခုတိုင် မအေးရှာသေးသော အဓိကရုဏ်းကြီး ဧ။် အတွင်း သရုပ်များကို သဏ္ဍန်လုပ်သရုပ်ပြကာ ရှာရှာဖွေဖွေ ကစားနေကြသော်လည်း ကလေးတသိုက် မှာထောင့်တထောင့်တွင် ငြိမ်သက်စွာနေနေကြရလေသည်..။ သို့သော် သူတို့ကလဲကျရာဇာတ်ရုပ် သရုပ်ဆောင်လိုကြရကား ..“ကျနော်တို့ကကော ဘာလုပ်ရမလဲ ဂျ” လို့  မေးလိုက်ရာ..နောက်ကွယ်မှကြိုးကိုင်သူ ဒါရိုက်တာကြီးက
“မင်း တို့ထဲ က တချို့ ကနိုင်ငံရေးလှုပ်ရှားနေကျမို့  အမြင်ကပ် ပုဒ်မနဲ့ ရမယ်ရှာဆွဲထားခံရမယ့်သူ တွေလုပ်ရမယ်...။တချို့ က ဘုမသိ ဘမသိ..သူများ ၅၆၅တိုင်း လိုက် ယောင်ပြီး...သူခိုးသူခိုး ဆိုမှ ခြေထဆေးတတ်လို့  ရောယောင် အဖမ်းခံရတဲ့  သူတွေ တို့ လုပ်ရဦးမယ်လေ..။ဒါမှ တကယ့်တရားခံ အစစ်ကလွတ်မှာပေါ့ကွ..။အင်းးးးဒီအဓိကရုဏ်း အခြေခံဇာတ်ကားကို နံမယ် ဘယ်လို ပေးရင်ကောင်းမလဲ....”
မိုးမခရွာသား ကလေးများကား ခေသူမဟုတ်ကြပေ..။အားလုံး တညီတညွတ်တည်း ၀ိုင်းဝန်းအမည်ပေးလိုက်ပုံကား..
“ငရဲခွေးကြီး လွတ်နေသည်”
“ငရဲ ခွေးကြီး လွတ်နေသည် ”
(မိုးမခတွင် စာရေးနေသူ အချို့ ကို လူချင်းမသိသော်လည်း စာဖတ်ပရိသတ်တဦးအနေဖြင့် ခင်မင်ရင်းနှီးစွာ ထဲ့ရေးထားပါတယ်..။စိတ်ဆိုးလျှင် မိုးမခ အယ်ဒီတာများကတောင်းပန်ပါလိမ့်မည်..း))
Comments