Naing Oo Nyo (Phoe Zero) - Poem


ကျန်းမာပါစ မိုးမခ
နိုင်ဦးညို (ဖိုးဇီးရိုး)

မေ ၂၊ ၂၀၁၃



မိုးမခ ရေ
မိုးမခ
မင်းမှာလည်း တရှောင်ရှောင်
ငါတို့မှာလည်း ပေါင်ထားတဲ့
လပဒေါင်းတောင်
ဘယ်လိုနည်းနဲ့ ရွေးရမှန်းမသိ၊

သူများတွေများ
ဒေါ်လာနဲ့လာထား
ကျပ်နဲ့ဘဲဖြစ်ဖြစ်
သိန်းတရာနှစ်ရာဆိုတာ
ပက်ခနဲ၊

ကမ္ဘာတပတ်မပြည့်ခင်
ဝိုင်တပုလင်း
တသောင်းခြောက်ထောင်
ဒါများအဆန်းလုပ်
စင်္ကာပူဈေးဝယ်ထွက်တာလောက်
အိမ်ကမိန်းမတောင်မလုပ်ဖူး၊

ရေခဲတောင်
ပူတာအိုကိုတောင်
အရေဖျော်နိုင်တဲ့ကောင်၊

ဒီလိုလူမျိုးတွေက
တောင်ပေါ်မှာ
ဘုရားတည်အုံးမတဲ့၊

ငါတို့များတော့
ငါတို့ဖတ်ချင်တဲ့
မိုးမခလေး
မိုးမိလို့
အဖျားဝင်နေတာတောင်
ဘာမီတွန်မှန်မှန်
မပေးနိုင်တဲ့ဘဝ၊

သြော် …. မိုးမခ
ဥုံ ….. ဖွ ……. ၊

Comments