Rakhine Rice Noodle Soup


ရခိုင်မုန့်တီ

May Kitchen ၊ မေ ၁၈၊ ၂၀၁၃

       အဖွား နဲ့ အမေတို့ ရဲ့ အသည်းစွဲပေါ့။ အဖွားနေမကောင်းဖြစ်ပြီးတိုင်း အမေက အမြဲချက်ပေးတတ်တယ်။ပုံမှန်လဲ တလကို ၂ခါလောက်တော့ ချက်စားဖြစ်တယ်။ အမေက မုန့် တီချက်ရင် စိတ်ရှည်လက်ရှည် အပြည့် အစုံချက်လေ့ရှိတယ်။ ငါးဆို ငရွှေ။ ပြီးတော့ ငပိ ကို သတ်သတ်ပြုတ် ပြီး အရည်ကို စစ်ပြီးမှ ဟင်းရည်ချက်တယ်။ ငါးကိုလည်းပြူတ် အရိုးထွင် ပြီးရင် အုန်းသီးညှစ်သလို ငါးရည်ချိုတွေ ညှစ်ယူ။ အချိုရည် မကျန်တော့တဲ့ ငါးတွေကို ဆနွင်းမှုန့် နဲနယ် အိုးကင်းလှော်ပြီး ငါးမှုန်ူ လုပ်။ ငရုတ်စိမ်းမှုန့် ကို ဆီ ရေ နဲနဲ နဲ့ ငရုတ်ဆီချက်ချက်။ ငရုတ်သီးစိမ်း ကို ခပ်ကြမ်းကြမ်းထောင်းပြိး ပြုတ်။ နံနံပင်. ကြက်သွန်စိမ်းပါးပါးလှီး။ အာလူးပြူတ်။ မုန်တီ အရေ နဲ့ မစားခင် မုန့် ဖတ် ကို ကောင်းကောင်းသုတ် ပေးထားတယ်။ အသုတ်အရင်စား. ပြီးမှ အားပါးတရ မုန့် တီသောက် ကြတယ်။
အမေ့ အလွမ်းပြေ လုပ်စားတာပါ။
အမေ့  လောက်တော့ စုံစုံလင်လင် မရှိဖူးပေါ့။

(မိုးမခက စားသောက်ဖွယ်ရာကဏ္ဍလေးတခုကို တင်ဆက်ချင်ပါတယ်။ ကိုယ်တိုင်ချက်၊ ကိုယ်တိုင်ရိုက်တဲ့ ပုံ၊ ကိုယ်ပိုင်ခံစားချက်မျှဝေမှုတွေကို တင်မှာဖြစ်ပါတယ်။ လူမျိုးတခု နိုင်ငံတခု ဂုဏ်မှာ သူတို့စားသောက်ဖွယ်ရာတွေလည်း ပါဝင်ပါတယ်။ အနုပညာတွေလည်း ပါတယ်။ လူပုဂ္ဂိုလ်တွေလည်း ပါတယ်။ စားသောက်ဖွယ်ရာတွေကို စိတ်ကူးပေါက်ရင် တင်ပါ့မယ်။)

Comments