Thitsarni - Poem


ခေတ် (၁၅)
သစ္စာနီ
မေ ၁၆၊ ၂၀၁၃



သမ္မတကြီးကို အကြံပေးချင်တယ်
ဘောင်းဘီနည်းနည်းပွနေတယ်
ဒေါ်စုကို ဝေဖန်ချင်တယ်
နှုတ်ခမ်းနီအရောင် တောက်လွန်းတယ်။

လူရွှင်တော်တွေပြက်လုံးထုတ်သလောက်
မကြောက်မရွံ့ပြောကြပါ
နိုင်ငံတော်ကို
ခရိုနီတွေလောက်ချစ်ပြပါ။

ထင်းဟောင်းမှ မီးကောင်းတယ်
ကြွေးဟောင်းမှ တောင်းကောင်းတယ်
(not now)

ရွေးကောက်ပွဲကျတော့လဲ
နန်းခင်ဇေယျာကို like လုပ်သလို
ပျော်ပျော်ပါးပါး မဲပေးကြတာပေါ့။

သစ္စာနီ၏ ဖေ့ဘုတ်ခ်စာမျက်နှာမှ ပြန်လည်ကူးယူပါသည်။

Comments