Zaw Htet (Pyinmanar) - Poem


ရက်စက်တဲ့ “မေ
ဇော်ထက် (ပျဉ်းမနား)
မေ ၁၇၊ ၂၀၁၃



ကိုတိုးကြီးရေ
အနားတိုးလာသူရပ်တန့်သွားအောင်
တခြားဘက်လှည့်ကာ
ကျောခိုင်းပြေးတော့မယ်တဲ့
မဟာဆန်သူ မဟုတ်တဲ့ “မေ”……

ကိုင်ဇာရေ
မြန်မာဆန်တဲ့
မဟာဆန်တဲ့ “မေ
သူ့အပြုံးလေးတွေ ယဉ်ကျေးတယ်တဲ့
အဲ့ဒီမေလည်း မဟုတ်တဲ့ “မေ”……

အဲဒီ မေဟာ
နာဂစ်ပန်းကိုပန်လို့
နှလုံးသားတွေကို မြေလှန်ခဲ့
ဘ၀တွေလည်း ချွေခံခဲ့ရတယ်
ဘ၀တွေလည်း အကြွေမြန်ခဲ့ရတယ် “ မေ”…

လာပြန်ပြီလား မေရေ
မဟာဆန်နဲ့ “မေ
မဟာဆန်တဲ့ “မေ
မဟာဆန်ရဲ မေ
မေရေ ………မချွေနဲ့တော့ နော်
မေရေ ……….မကြွေစေနဲ့တော့ နော်…………… 


Comments