ကိုးကွယ်ရာဘာသာနှင့်ပတ်သက်၍ မှတ်ပုံတင် ဥပဒေ (မူကြမ်းမျှသာ) (မူ၂)

ကိုးကွယ်ရာဘာသာနှင့်ပတ်သက်၍ မှတ်ပုံတင် ဥပဒေ (မူကြမ်းမျှသာ) (မူ၂)
(ဇွန် ၂၇၊ အင်းစိန်၊ သံဃာညီလာခံတွင် တင်သွင်းသည့်မူကြမ်း)

(၁)       မည်သူမဆို လက်ရှိကိုးကွယ်ရာဘာသာမှ အခြားဘာသာတစ်ခုခုသို့ ကူပြောင်းလိုလျှင် ထိုသို့ပြုလုပ်လို          ကြောင်းကို သာသနာရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာသာသနာရေးဦးစီးဌာနသို့ အကျိုးအကြောင်း တင်ပြ လျှောက်ထားရမည့်အပြင် လက်ရှိမူလဘာသာရေးဆိုင်ရာ အဖွဲ့အစည်းနှင့် အသစ်ကူးပြောင်းလို သော ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများကို မိတ္တူ ပေးပို့ရမည်။
(၂)       ထိုသို့လျှောက်ထားခြင်းမှာ မည်သည့်အကြောင်းကို အခြေခံ၍ ကူးပြောင်းလိုခြင်းဖြစ်ကြောင်းကို ဖေါ်ပြရမည်။
(၃)       အိမ်ထောင်ရေးကိစ္စနှင့်ပတ်သက်၍ ထိမ်းမြားရေးအတွက် (သို့) ကွာရှင်းရေးအတွက် (သို့) ပစ္စည်းခွဲခြား ရေးအတွက် (သို့) အမွေဆက်ခံရေးအတွက်ဖြစ်ကြောင်းစသည်တို့ကို မှန်ကန်စွာ ဖေါ်ပြရမည်။
(၄)       ၄င်းအပြင် ဘာသာအယူဝါဒနှင့်ပတ်သက်၍ ယုံကြည်ချက်ပြောင်းလဲလိုခြင်းအပေါ် အခြေခံခြင်း ဟုတ်၊ မဟုတ်ကို ပြည့်စုံစွာဖေါ်ပြရမည်။
(၅)       ထိုသို့လျှောက်လွှာရသည့်အခါ သက်ဆိုင်ရာသာသနာရေးဦးစီဌာနက လိုအပ်သလို အမှုဖွင့်စုံစမ်း ရမည်။
(၆)       လိုအပ်လျှင် မူလလက်ဟောင်းဘာသာရေးအဖွဲ့အစည်းနှင့် အသစ်ကူးပြောင်းလိုသော ဘာသာရေးအဖွဲ့ အစည်းများ၏သဘောဆန္ဒကို ရယူနိုင်သည်။
(၇)       ထိုသို့စုံစမ်း၍ မရိုးသားသောအကြံစည်တစ်ခုခုဖြင့် လျှောက်ထားခြင်းဖြစ်ကြောင်း ပေါ်လွင်လျှင် ထိုလျှောက် ထားချက်ကို အကြောင်းပြများဖြင့် ပယ်ရမည်။ ထိုသူကိုလည်းကောင်း၊ အားပေးကူညီသူ များနှင့် ပူးပေါင်းဆောင်ရွက်သူများကိုလည်းကောင်း ရာဇသတ်ကြီးဥပဒေများနှင့် အခြားတည်ဆဲဥပဒေ များအရ အရေးယူတရားစွဲဆိုရ မည်။
(၈)       ထိုလျှောက်ထားခြင်းမှာ သဘောရိုးဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ထင်ရှားပါက ခွင့်ပြုကြောင်း အကြောင်းပြန် ကြားရမည်။
(၉)       ထိုသို့ပြုလုပ်သည့်ကိစ္စရပ်များ၌ စာရင်းအင်းပြုလုပ်၍ မှတ်ပုံတင်ကဒ်ပြား ထားရှိရမည်ဖြစ်ပြီး၊ ထိုလျှောက် ထားခြင်းအပေါ် စုံစမ်းစစ်ဆေးရခြင်းအတွက် လိုအပ်သောသင့်တင့်မျှတသည့် အခကြေးငွေများကိုပါ တောင်းခံ ရယူရမည်။
(၁၀)     ဤဥပဒေကို (    ) ရက်နေ့တွင် ပြဋ္ဌာန်းပြီး အာဏာတည်စေရမည်။

                                    ------ ဟူ၍ ပြဋ္ဌာန်းပေးစေလိုပါကြောင်း ------

Comments