Maung Swan Yi - Poem

ရေခဲသေတ္တာပေါ်မှာ ဟိုကောင်ထိုးသွားတဲ့ ကဗျည်းကဗျာ
မောင်စွမ်းရည်
ဇွန် ၂၊ ၂၀၁၃



သည်စာ
ငါရေးရတဲ့အကြောင်းက
မင်းတို့ မနက်စာ၊ ညစာအတွက် သိမ်းဝှက်ထားတာ
ဖြစ်ချင်လဲ ဖြစ်နိုင်စရာရှိတဲ့
ရေခဲသေတ္တာထဲက ခြင်းတောင်းလေးထဲမှာ
မှည့်ရဲနေတဲ့ ဆီးသီးတွေကို ရှာဖွေတွေ့ရှိ
စိတ်လိုလိုက်ဘိ ငါစားမိတာ
ခွင့်လွှတ်ပါဆိုတဲ့အကြောင်းနဲ့ ....။

မတောင်းဘဲ ခိုးစားရတဲ့သစ်သီးဟာ
အပင်ပေါ်မှာပဲဖြစ်ဖြစ်၊ အပင်အောက်မှာပဲဖြစ်ဖြစ်
ရောက်မိရောက်ရာ၊ ရောင်ချင်ရာရာ၊ ဘယ်မှာပဲဖြစ်ဖြစ်
အရသာသိပ်ရှိ၊ သိပ်ချို သိပ်အေးတဲ့အကြောင်း
ပြောချင်လို့ပါပဲကွာ ..အဲ့ဒါ
ထပ်ဝယ်ထားပါဦးလို့ ...။

သူငယ်ချင်းတဦး
၂၅၊ ၇၊ ၉၇ တဲ့။ 

(၂၀၁၃ ဖေဖော်ဝါရီ ၂၀ မှာ စာအုပ်တအုပ်ကြားက ပြန်တွေ့တဲ့ကဗျာ)

Comments