Swe Ko - Poem

လမ်းဖောက်သူနဲ့  လမ်းလျှောက်သူ
ဆွေကို
ဇွန် ၁၉၊ ၂၀၁၃



ငှက်ဖျားထူပျော                            
သားရဲပေါသည်
တောတောင်ထူထပ်
မြိုင်အရပ်မှ
သစ်ပင်ကိုလှဲ
တောင်ကိုခွဲ၍
မနေမနား
လုံးလအားနှင့်
လမ်းသစ်တစ်ခုကို
ဖောက်ခဲ့သူတွေ.......။
                    
မိမိထုဆစ်
ဤလမ်းသစ်ကို
လျှောက်ချင်သော်လည်း
လျှောက်ခွင့်မရ
တသသ...........။

သို့ ပါသော်လည်း..............
တို့ တတွေ ထွင်းဖေါက်
ပေါက်သည့်လမ်းကို
လမ်းလျှောက်သူက
အစဉ်လေးစား
တန်ဖိုးထားလျှင်
လမ်းဖေါက်ရကျိုး
နပ်လေပြီ။           ။


(ငွေရတု (၈၈) အရေးတော်ပုံကြီးနှင့် ဘဝတူ နိုင်ငံရေးအကျဉ်သားများအား အစဉ်အလေးပြုလျက်)

Comments