Khin Aung Aye - Poem

မှတ်တမ်းတင် မျက်ရည်ပင်လယ် ရုပ်ရှင်ကား
ခင်အောင်အေး
ဇူလိုင် ၈၊ ၂၀၁၃



ရုပ်ရှင်အကြောင်း ပြောကြစို့ ဆိုတော့လဲ
သိပ်တော့ မစွမ်းလှပါဘူး။

ရုတ်တရက် အထက်အဆိုပါစာသားကို
ခေါင်းစဉ်တပ်လိုက်မိတဲ့ အခိုက်
၂ ခုပဲ၊ 
ရုပ်ရှင် ၂ ကားပဲ၊
ခေါင်းထဲ ထိုးစိုက်လာတယ်။

အိုမာရှရစ်ဖ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Brain Wash ရယ်
ကမ္ဘာကျော် ဖျော်ဖြေရေးရုပ်ရှင် ဒါရိုက်တာ စတီဗင် စပီးလ်ဘာ့ဂ်ရဲ့
Schindler’s List (1993) ရယ်
(ကျန်အမြောက်အများသော ရုပ်ရှင်ကားတွေကိုတော့
ကိုယ်ပိုင် ဖြတ်သန်းမှုအတွေ့အကြုံ ကိုယ်စီနဲ့ မြင်ယောင်ကြည့်လိုက်ကြပါစို့)

စိတ်ကို အဓမ္မ အပြောင်းလဲ ခံရတာရယ်
လွတ်မြောက်ခွင့်ရဖို့ တတ်အားသမျှ ပြုစုတဲ့ စာရင်းထဲ ပါဝင်ဖို့ရယ်

လုပ်ပါ..
ဆင်ပြောင်ကြီး အမြီးကျမှ တစ်မနေပါတော့နဲ့
အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတစ်ယောက်မှ မရှိဖို့
တကယ် ဆောင်ရွက်လိုက်ကြရအောင်ပါ။    ။

ခင်အောင်အေး

၁၃၊ နိုဝင်ဘာ၊ ၂၀၁၂  
ချေလ်တန်ဂရို့ဗ်၊ လန်ဒန်  ၂၀း၄၆ နာရီ

Comments