Kyaw Home - Poem

ဒေါင်း အတ္ထုပ္ပတ္တိ အကျဉ်းချုပ်
ကျော်ဟုန်း
ဇူလိုင် ၂၈၊ ၂၀၁၃



အညစ်အမည်းမှန်သမျှ
နီစွေးတဲ့သွေးဖောက် လွှမ်းမိုးအုပ်
ဒေါင်း သမိုင်းကို ထုဆစ်
တို့ ဗမာပြည်မှာ
ခေတ်အဆက်ဆက် ။

တိုက်ပွဲခေါ်သံ “ အိုးဝေ”
ကမယ် - ခွပ်မယ် ဒေါင်းမျိုးဆက်
ကမယ်  ... ပြည်သူနဲ့ တွေ့ ရင်
ခွပ်မယ် ... ပြည်ပူနဲ့ တွေ့ ရင် ။

သမဂ္ဂါနံ  တပေါ  သုခေါ
ဒေါင်းဂွင်မှာ ရှိတယ် ။

ဒေါင်းခွပ်ရင်
အကြောင်းညွှတ်လို့ 
ဘယ် ကျူးကျော်သူ
ဘယ် အာဏာရှင်ကမှ
ဒေါင်းဆိုရင်
လစ်လျူရှု မထားရဲကြ ။

ဒါ ... တို့ ဒေါင်းသမိုင်း
ဘယ်သူ ငြင်းရဲလဲ ။  


(၈) လေးလုံးအရေးတော်ပုံ ငွေရတု ဂုဏ်ပြုကဗျာ

Comments