မြန်မာများ နင်းပြားဘ၀က ထွက်နိုင်ရေး
ဝတ်မှုန် (၀န်ထမ်းဟောင်းတစ်ဦး)
ဇူလိုင် ၂၈၊ ၂၀၁၃
Daily Eeven တတင်းတစ်ပုဒ်ဖတ်မိပါတယ်။
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် အိမ်ခြံမြေ အကြံပေးကုမ္ပဏီဖြစ်သော Knight Frank က ၂၀၁၃ ခုနှစ် ချမ်းသာကြွယ်ဝမှုအ စီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် HNWI ဟုခေါ်သော အမေရိကန်ဒေါ်လာ သန်း ၃၀ အထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၉ ဦးရှိကြောင်း သိရသည်။ ၎င်းအပြင် မြန်မာနိုင်ငံသည် HNWI အရေအတွက် များပြားလာနိုင်ခြေတွင် အာရှတိုက်၌ အမြင့်မားဆုံးဖြစ်ပြီး ၁၀ စုနှစ် တစ်ခုအကြာ ၂၀၂၂ ခုနှစ်သို့ အရောက်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀ ထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၀၇ ဦး ရှိလာလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် ပြောင်းလဲနိုင်မှု ရာခိုင်နှုန်းသည် ၆၈၇ ရာခိုင်နှုန်းဖြစ်ပြီး အာရှတိုက်တွင် အမြင့်ဆုံးဖြစ်သည်။
အင်္ဂလန်နိုင်ငံ၏ အိမ်ခြံမြေဆိုင်ရာ ထိပ်တန်းဂျာနယ် တစ်စောင်ဖြစ်သော Prime Resi မှ ထုတ်ဝေခဲ့သော စစ်တမ်းတစ်ရပ်တွင်လည်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့နှင့် အခြားနေရာများတွင် အိမ်ခြံမြေကဏ္ဍ၌ မြန်မာတို့၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ များပြားလာနေပြီး ၂၀၀၃ ခုနှစ် ဧပြီလအထိ အမေရိကန်ဒေါ်လာ သုံးသန်းနှင့်အထက် တန်ဖိုးရှိသော အိမ်ခြံမြေများ ၀ယ်ယူမှု၏ တစ်ရာခိုင်နှုန်းသည် မြန်မာများဖြစ်ကြောင်း သိရသည်။ ယင်းပမာဏသည် ဟောင်ကောင်နှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ၀ယ်ယူမှု ပမာဏနှင့် အတူတူပင်ဖြစ်ကြောင်း သိရသည်။
Daily Eleven မှ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ တစ်ဘီလျံအထက် ချမ်းသာကြွယ်ဝသူ သို့မဟုတ် စီးပွားရေး အစုအဖွဲ့ သုံးဦးမှ လေးဦးအထိရှိကြောင်း သိရသည်။
အဲဒီသတင်းကို ကောက်နုတ်ကြည့်ရင် ...
၁။ မြန်မာများကို ချမ်းသာချင်လာအောင် လုပ်တဲ့ပုံစံဖြစ်နေပါတယ်။ မြန်မာများက မမှန်ကန် ခြစား၊ အလွဲသုံးစား နည်းလမ်းများကိုပဲ ရှာနေ ဆဲဖြစ်ပါတယ်။
၂။ မြန်မာနိုင်ငံမှာ လက်ရှိ လူတစ်သန်းမှာ ဒေါ်လာသန်း၃၀အထက် ချမ်းသာသူစာရင်းကို လူဦးရေနဲ့တွက်ကြည့်တော့ အရှေ့တောင် အာရှ နိုင်ငံများမှာ အနိုမ့်ဆုံးအဆင့်၊ အာရှတိုက် ၁၉ နိုင်ငံစာရင်းအရ မြန်မာထက်နိုမ့်တာ ဘင်္ဂလာဒေ့ခ်ျ ဆိုတာတွေ့ရတယ်။ သြော်..ဒါကြောင့် ဘင်္ဂလားတွေ မြန်မာပြည်ကို ၀င်လာကြပြီး၊ မြန်မာတွေက ထိုင်းနိုင်ငံကို သွားအလုပ်လုပ်ကြတာကိုး...။
၃။ ထုံးစံအတိုင်း အထက်မြင့်မြင့် အကြံကြီးကြံကြတဲ့၊ ရွှေမြန်မာများ စင်္ကာပူနဲ့ဟောင်ကောင် အရေအတွက် 253.40, 451.55 အမြင့်ဆုံးဆိုပြီး သူတို့ကို အားကျ၊ လိုက်တုမနေရန်လိုပါတယ်။ စင်ကာပူက အတုယူရမှာကတော့ ငွေဘယ်လိုစုဆောင်းသလဲ CPF system, စင်ကာပူနိုင်ငံသားတွေကို ဘယ်လိုစုဆောင်းရမယ်ဆိုတာ ကျောင်းကတည်းက ဘဏ်စာရင်းစုခိုင်းတဲ့ စနစ်တွေဖြစ်ပါတယ်။ ငွေစု ဆောင်းတဲ့နည်းတွေက သူဌေးနိုင်ငံတိုင်းမှာ အလွန်ကောင်းပါတယ်။ ဂျပန်၊ အမေရိကန်တွေမှာ အလွန်ကောင်းတဲ့ ငွေစုဆောင်းစနစ်၊ ချွေ တာနည်းစနစ်တွေရှိပါတယ်။ ဒါကြောင့် ထိပ်ပိုင်းနိုင်ငံတွေကို အတုမယူစေလိုပါ။
၎။ မြန်မာသူဌေးများဟာ ဒေါ်လာတစ်သန်းရင်းနှီးရင် သန်း၂၀လောက် တစ်နှစ်အတွင်းအမြတ်ရမဲ့လုပ်ငန်းတွေ အများကြီးရှိနေပါတယ်။ ဥပမာ.. ကန့်သန်ကုန် လောင်စာဆီနှင့် ဇိမ်ခံပစ္စည်းများ တင်သွင်းခွင့်နဲ့၊ ကန့်သတ်ကုန် သယံဇာတများ ထုတ်ခွင့်ကို သူတို့ပဲယူ ထားကြ တဲ့အပြင်၊ နိုင်ငံတော်ကို အခွန်လုံးဝနီးပါးမပေးပဲနေပါတယ်။ အဆိုးဆုံးကတော့ နိုင်ငံတော်ရဲ့ လျှပ်စစ်ကို တစ်ယူနစ် ၃၅ပြား (သို့မဟုတ်) အခမဲ့ ယူငင်သုံးစွဲနေတော့ သူတို့ချည်းပဲ ချမ်းသာရင်းချမ်းသာနေပါတယ်။
၅။ လက်ရှိ ထိုင်း၊ဗီယက်နမ်များကတော့ ကိုယ့်နိုင်ငံတွင်းမှာပဲ အလုပ်တွေနဲ့စားဝတ်နေရေးဖူလှုံနေပါပြီ။ မြန်မာနိုင်ငံ ဒီပုံစံနဲ့ဆက်သွားရင် ငွေချမ်းသာသူတွေကို လက်ဝါးကြီးအုပ်မလုပ်ဖို့ မထိမ်းနိုင်ရင်ကတော့ သူဌေးအရေအတွက် ၆ဆလောက် တိုးနေပေမဲ့၊ နောက်၁၀နှစ်ကြာရင် မြန်မာများနိုင်ငံခြားသွားလုပ်နေတုံးပဲဖြစ်ပြီး၊ ဒုတိယဖိလစ်ပိုင်နိုင်ငံဘ၀ (Maid, Worker, Sailer and Expat ..စသဖြင့် လေဘာ ဆပ်ပလိုင်း နိုင်ငံကြီးဘ၀၊ လပ်အစားဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဖြစ်ပါမယ်။
နိုင်ငံခေါင်းဆောင်ပိုင်းနှင့်သူဌေးကြီးများကို ဦးတည်တဲ့ ခြစားမှု၊လပ်စားမှုတိုက်ဖျက်ရေးစနစ် အဆက်မပြတ်လုပ်ဆောင်နေမှသာ မြန်မာ များ နင်းပြားဘ၀က ထွက်နိုင်ပါလိမ့်မယ်။
Comments