ဘာတွေဖြစ်ကုန်ကြပြီလဲ ကာတွန်းကဗျာနဲ့ နှုတ်ဆက်သွားတဲ့ ဆရာမင်းလူ
မိုးမခ၊ သြဂုတ် ၂၁၊ ၂၀၁၃
စာရေးဆရာမင်းလူရဲ့ ဈာပနာအစီအစဉ်များအဖြစ် သြဂုတ် ၁၈က ရေဝေးသုဿန်မှာ မီးသင်းဂြိုဟ်ခဲ့ပြီး ၂၀ ရက်နေ့ မိသားစုနေအိမ်မှာ ဆွမ်းသွတ်ခဲ့ကြပါတယ်။ ကျန်ရစ်သူမိသားစုက ဆရာမင်းလူရဲ့ ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာ ၃ ပိုင်းကို ကဗျာမူရင်းနဲ့ ကာတွန်းဝင်းထွန်း (Mr. Burma) ရဲ့ သရုပ်ဖော်ပုံနဲ့ တွဲပြီး ဆရာ့စာပေဘ၀မှတ်တမ်း လက်ကမ်းစာစောင်မှာ ထည့်သွင်းဖော်ပြပြီး ပရိသတ်ကို မျှဝေပေးခဲ့ပါတယ်။
ဆရာ့ရဲ့ လက်ရာကို မိုးမခချစ်သူများအား ပြန်လည်မျှဝေပေးလိုက်ပါတယ်။





Comments