MoeMaKa online market place opens


မိုးမခ အွန်လိုင်းဈေးဆိုင် ပြန်ဖွင့်ပြီ (http://shop.moemaka.net/Shop )
မိုးမခရွာဆော်ကြီး၊ သြဂုတ် ၂၄၊ ၂၀၁၃
မိုးမခမီဒီယာက ၂၀၀၅ ခုနှစ်က စပြီး မိုးမခအွန်လိုင်းဈေးဆိုင် - ၀က်ဆိုက်မှတဆင့် မိုးမခ၏ စာစောင်များ၊ ထုတ်လုပ်မှုများကို ၀ယ်ယူအားပေးနိုင်ရန် စီစဉ် တင်ဆက်ခဲ့သည်။ ထို့နောက် မြန်မာဘာသာ စာအုပ်များကိုလည်း အွန်လိုင်းကတဆင့် ရောင်းချပေးခဲ့ဖူးသည်။ ၎င်းနောက် ၂၀၀၈ နောက်ပိုင်းတွင် http://moemakashop.blogspot.com ဖြင့်သာ မိုးမခတင်ဆက်မှုများကို သိမ်းဆည်း တင်ဆက်မှုများ ဆောင်ရွက်ခဲ့သည်။ ယခုတခါ http://shop.moemaka.net/Shop ဒိုမိန်းတွင် မိုးမခအွန်လိုင်းဈေးဆိုင်ကို ပြန်လည် ဖွင့်လှစ်ပြီး မိုးမခမီဒီယာနှင့် မိတ်ဆွေ စာပေအနုပညာရှင်များ၏ ထုတ်လုပ်မှုများကို စုစည်း တင်ဆက်လိုက်သည်။ မိုးမခရန်ပုံငွေနှင့် စာပေမိတ်ဆွေများ၏ ဥာဏ်ပူဇော်ခများ ပေးဆပ်နိုင်ရန်အတွက် မိုးမခအွန်လိုင်းဈေးဆိုင်ကို ရည်ရွယ်ပြီး တင်ဆက်ခြင်း ဖြစ်သည်။
မိုးမခ ထုတ်လုပ်ရေးတွင် အီးဗားရှင်းဖြစ်သည့် အီးဘုတ်များ၊ မီဒီယာဒေါင်းလုပ်များကိုလည်း ထုတ်လုပ်နေသည်ဖြစ်ရာ အဓိကအားဖြင့် Amazon Kindle and MP3 Digital Download တွင် မှတ်ပုံတင်ပြီး တဆင့်ရောင်းချမှုများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ထုတ်လုပ်မှုများကို လက်ရှိ မိုးမခအွန်လိုင်းဈေးဆိုင်တွင် လင့်ခ်များအဖြစ် ကတ်တလောက်လုပ် တင်ဆက်ထားသဖြင့် မိုးမခမှ တဆင့် Amazon ၀က်ဆိုက်သို့ တိုက်ရိုက်ဝင်ပြီး အားပေးနိုင်ရန်လည်း စီစဉ်ထားသည်ကို တွေ့နိုင်ပါသည်။

မိုးမခကိုယ်ပိုင်ထုတ် ပုံနှိပ်စာအုပ်များ၊ စီဒီများကိုမူ မိုးမခအွန်လိုင်းဈေးဆိုင်မှာ Pay Pal အကောင့်ဖြင့် တိုက်ရိုက်ဝယ်ယူနိုင်ပြီး အမေရိကန်ပြည်ထောင်စုအတွင်း စာတိုက်ကတဆင့် ပေးပို့မည် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုပြင်ပအတွက်ကိုမူ စာတိုက်ခ သီးခြား တွက်ချက်ပြီး တောင်းခံမည် ဖြစ်သည်။

Comments