News

ဒီမိုကရေစီအစိုးရလက်ထက်မှာ ငြိမ်းချမ်းစွာဆန္ဒပြမှုဖြင့်
 နော်အုန်းလှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ
မိုးမခ
သြဂုတ် ၂၉၊ ၂၀၁၃



လက်ပံတောင်းတောင်ရပ်ဆိုင်းရေးကိစ္စ ဆန္ဒထုတ်ဖော်မှုကြောင့် မုံရွာအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်ခေါင်းဆောင်ဖြစ်သူ ဖမ်းဆီးခံထားရသည့် နော်အုံးလှအား မုံရွာတရားရုံးတွင် နံနက် ၁၁ နာရီခွဲအချိန်ခန့်က ပုဒ်မ (၅၀၅/ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ်ချမှတ်လိုက်ကြောင်း သိရသည်။ 

လွန်ခဲ့သည့် သြဂတ်စ်လ ၁၃ ရက်နေ့က လက်ပံတာင်းဒေသခံပြည်သူများနှင့်အတူ လက်ပတောင်းတောင်ရပ်ဆိုင်းရေးကိစ္စအတွက် ချင်းတွင်းဆိပ်ကမ်းမှ စတင်လမ်းလျှောက်ဆန္ဒပြခဲ့ကြရာ ဗိုလ်ချုပအောင်ဆန်းလမ်းပေါ်အရောက်တွင် ရဲမှူး ကြူအင်းဦးဆောင်၍ အကြမ်းဖက် ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ 

ဖမ်းဆီးစဉ်က နော်အုံးလှနှင့်အတူ ဒေသခံလက်ပတောင်း ရွာသူ (၉) ဦးလည်း အဖမ်းခံခဲ့ရပြီး သူတို့အား ပုဒ်မ (၁၈) ဖြင့် အမှုဖွင့်ကာ ၀န်ခံဖြင့် ပြတ်လွှတ်ပေးခဲ့သည်ဟုလည်း သိရသည်။ 

ယခုအခါတွင် နော်အုံးလှအား မုံရွာအကျဉ်းထောင်တွင် ထားရှိသည်ဟု သိရှိရပါသည်။


ထို့အပြင် ယမန်နေ့က ရန်ကုန်တိုင်းအတွင်း ပုဒ်မ (၁၈) ဖျက်သိမ်းပေးရေး ဦးဆောင်းဆန္ဒပြသူများကိုလည်း ပုဒ်မ (၁၈) ဖြင့် အစိုးရအာဏာပိုင်တို့မှ အမှုဖွင့်ထားသည်ဟို သိရပါသည်။

Comments