ငွေကြာယံဘုန်းကြီးကျောင်းမှာ စစ်အစိုးရက အဲသည်လို ၀င်စီးခဲ့တယ်
(ရွှေဝါရောင်အရေးတော်ပုံ ၆ နှစ်ပြည့် အထိမ်းအမှတ် မိုးမခမိတ်ဆွေတွေ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေ ပြန်လည် တင်ဆက်လိုက်တယ်။ အဲသည်တုန်းက သတင်းကို အောက်ပါအတိုင်းရေးခဲ့တယ်။)
စစ်တပ်ကြောင့် သံဃာသွေးမြေကျရသည့် ငွေကြာရံ ဘုန်းကြီးကျောင်း မြင်ကွင်း
မိုးမခ အထောက်တော် ဝဝ၃ စက်တင်ဘာ ၂၇၊ ၂ဝဝ၇
တောင်ဥက္ကလာ ငွေကြာရံ ဘုန်းကြီးကျောင်း နှင့် ရန်ကင်း မိုးကောင်းကျောင်းတိုက်တို့ကို ယနေ့ မနက်လင်းအားကြီးတွင် စစ်တပ်က အကြမ်းဖက်ဝင်ရောက် စီးနင်းပြီး သံဃာတော်များကို သွေးမြေကျအောင် ကျူးလွန်ခဲ့ကြသည်။ ဘုန်းကြီးကျောင်းကို ဝိုင်းပြီး အော်ဟစ်ကန်ကျောက်ခြင်း၊ ရိုက်နှက်ဖမ်းဆီးခြင်း နှင့် ဖျက်ဆီးခြင်းတို့ကို သံဃာတော်များ ပရိတ်ရွတ်နေသံများကြားမှ ဝင်ရောက် ကျူးလွန်ခြင်း ဖြစ်သည်ဟု သက်သေများက ဆိုသည်။ ပုံများကို အများအမြင် သက်သေအတွက် မိုးမခမှ တင်ပြလိုက်ပါသည်။
(ဓာတ်ပုံ - Photos by MoeMaKa Volunteer Reporters inside Rangoon)

Comments