တယောက်မှ မကြိုက်ရင် ငွေ ၂၀ ပေးရတဲ့ အော်ဇီရွေးကောက်ပွဲ
K. ကေသွယ်၊ စက်တင်ဘာ ၁၀၊ ၂၀၁၃
I
confirmed that the government of Australia has changed . . .
အသံ ခပ်တုန်တုန် နဲ့ ပြောလိုက်တဲ့ သြစတြေလျ လစ်ဘရယ်ပါတီ
ခေါင်းဆောင် တိုနီအဲဘတ် ရဲ့ မိန့်ခွန်း မှာ၊ အပျော်တွေ ဘယ်လောက် စွတ် နေမယ်ဆိုတာ
မေးစရာပင် မလိုပါ။ ပြုံးနေတဲ့ သူ့မျက်နှာ ဘေး မှာ ၊ ပြုံးနေတဲ့ သူ့မိသားစု သမီး သုံးယောက်ရဲ့
အပြုံးတွေ။ တကယ်တော့ ၊ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မူ နဲ့ အားကစားလှုပ်ရှားမူတွေကို
အမြဲ ဂုဏ်ယူနေတတ်တဲ့ ပြုံးဖြဲဖြဲမျက်နှာ ရယ်.
. . လေဘာပါတီ ကို ပြောစရာ တခု ရသွားတိုင်း အားရနေတတ်တဲ့ မျက်နှာပြုံးစပ်စပ် ရယ်
ကို မကြာခဏ ဆိုသလို မြင်နေကြ ဖြစ်နေပြီမို့ ၊ အခု မဲ အနိုင်ရသွားတဲ့ သူ့မျက်နှာဟာ
ထူးပြီးတော့ ပြုံးပျော်နေတယ်လို့ မထင်မိတော့။
အဲဒီလိုပဲ ၊ မဲ ရှုံးသွားတဲ့ လေဘာပါတီ ခေါင်းဆောင်
ကီဗင်ရုဒ် မျက်နှာကို ကြည့်တော့လည်း ၊ တလျှောက်လုံး မကျေမနပ်မူတွေနဲ့ မဲ့ ခွက်
လာခဲ့ ပြီးမှတော့ ၊ ထပ်ပြီး မဲ့ စရာ ရှိတော့ဟန်မတူ ။ အကောင်းဆုံး အတိုက်အခံ အဖြစ်
ဆက်လက်ကြိုးစားသွားမယ်လို့ ထူးခြားစွာပင် ပြုံး ပြီး ပြောနေ ပေမဲ့လည်း မဲ့ပြုံး သာ ဖြစ်တော့သည်။ အရင်တခေါက် ၀န်ကြီးချုပ်အဖြစ်ကနေ
ဆင်းရတုန်းက မျက်ရည်ကျ ခဲ့သလို များ ဖြစ်အုံးမလားလို့ စိတ်ပူပန်နေပုံ ရတဲ့ သူ့အမျိုးသမီးက၊
ဘေးမှာ အရိပ်တကြည့်ကြည့်။ မကြာလှသေးခင် လေးငါးလ တုန်းကမှ ၀န်ကြီးချုပ် ပြန်ဖြစ်လာရတဲ့
သူ ၊ အခုတော့..နောက်ထပ် တဖန် ၀န်ကြီးချုပ်အဖြစ်က ဆင်းပေးရပေအုံးမည်။ ရွေးကောက်ပွဲ
ရှုံးရတဲ့ အပြင် ၊ အားလုံးက ဒီအရှုံးအတွက် သူ့မှာ တာဝန်ရှိတယ် ဆိုပြီး ပါတီခေါင်းဆောင်အဖြစ်တောင်
အလိုမရှိ နေ တော့တဲ့ ၊ သူ့အဖြစ်က ဆိုးတော့ ဆိုးလှသည်။ သူကိုယ်တိုင်ကလည်း ဒီ အရှုံးအတွက်
သူ့မှာ တာဝန်ရှိတယ်လို့ ၀န်ခံ ပါသည်။ ဒီမိုကရေစီ ဆိုတာမှာ နိုင်ငံရေး လောကဓံ ကိုလည်း
ခံနိုင်ရည်ရှိ ဦးမှကိုး ။
ပြောလည်း
ပြောချင်စရာ ကောင်းလောက်အောင် လေဘာပါတီမှာ
သူ့ ပြသာနာတွေနဲ့ သူ ရှုပ်ထွေးနေခဲ့သည်။ ရှားရှားပါးပါး အနိုင်ရ ခဲ့တဲ့ ၆
နှစ်တာ ကာလ
သက်တမ်းလေးကို ဒီ့ထက်ရှည်အောင် ဆက်မဆွဲဆန့် နိုင်ခဲ့။ ကိုယ်တွေ သြစတြေလျ
ကို စရောက်တော့.
. . ဂျွန်ဟားဝဒ် အဘိုးကြီးရဲ့ လစ်ဘရယ်ညွန့်ပေါင်းအစိုးရ က၊ သက်တမ်း
တော်တော် ရင့်နေပြီ။ လုံခြုံရေး သုံး လေးယောက် လောက် နဲ့ ညနေတိုင်း
လမ်းလျှောက်တတ်တဲ့ ၀န်ကြီးချုပ် အဘိုးကြီးကို ၊ အားကစားဝတ်စုံ ကြီးနဲ့
အေးဆေးပဲ
လမ်းလျှောက် နေတာ မြင်တော့ သဘောတွေ ကျ ခဲ့မိသေးတယ်။
နောက်တော့. . .
ဝန်ကြီးချုပ်မပြောနဲ့
. . . ၾသစေၾတလ် တနိုုင္ငံလံုုး သာတူညီမ ွ်
စနစ်အောက်မှာ ဆင်းရဲ ချမ်းသာ မကွာလှ မခွဲခြားလှပဲ ရိုးရိုးရှင်းရှင်း
နေထိုင်ကြတာ
ကို ၊ တွေ့လာရတော့၊ ဆရာကြီး ရွှေဥဒေါင်း လိုချင်တဲ့ လွတ်လပ် မျှတ တဲ့
ဆိုရှယ်လစ်လူ့ဘောင်
ဆိုတာ.. ဒါပဲဟ လို့ သိလာရတော့တယ် ။ အဲ့ဒီတော့
လည်း ၂၀၀၈ ခုနှစ်မှာ လက်ဝဲယိမ်းတဲ့ လေဘာပါတီ ထူးထူးခြားခြား
အနိုင်ရလာတော့ ၊ တိုင်းပြည်အတွက်
ဘာမှပိုပြီး ဆိုရှယ်လစ် ထပ်ဆန်စရာ အကြောင်း မရှိတော့ ။ ဒီလိုပဲ အားလုံး
စရိတ်မ
ျှကူ စနစ်နဲ့ လခ များများရတဲ့ လူတွေက အခွန်
များများဆက် ထမ်း. . . လခ နည်းတဲ့ လူတွေ ၀င်ငွေ မရှိတဲ့ လူတွေကို အစိုးရ က
အဲ့ဒီ
အခွန်တွေ နဲ့ ပြန် ထောက်ပံ့ ပြန်ပြုစု ပြန်စောင့်ရှောက်. . . ဒါပါပဲ ။
အဲ့ဒီတော့ လေဘာပါတီ
က နည်းနည်း စတန့် ထွင်ပြီး ၊ လေထုညစ်ညမ်းခ ကာဘွန်အခွန် ကောက်မယ် တို့ ၊
သတ္တုခွန်တွေ တိုးမြှင့်မယ် တို့ ၊ ဆိုပြီး လုပ်လာတယ်။
သာမာန်ပြည်သူတွေ ကို ဘာမှမထိခိုက်ဘူး လို့ ယူဆရပေမဲ့ ၊ အခွန်ထိ မဲ့
ကော်ပိုရေးရှင်းကြီး
တွေက အကြီးအကျယ်ကို လှုံ့ဆော် ကန့်ကွက်ကြတယ်။ နေ့စဉ် ရက်ဆက် သတင်းစာ အလယ်
တမျက်နှာလုံးပြည့်
ကြော်ငြာကြီးတွေ ထဲ့ ပြီး သူတို့ ကို အခွန်တိုးရင်. . . လုပ်ခ လစာတွေ
မပေးနိုင်ရင် . . .အလုပ်တွေ လျှော့ရင်
. . . ပြည်သူတွေပဲ ထိခိုက်မယ် လို့ ပြန် ခြိမ်းခြောက်တယ်။ ရေဒီယိုတွေ
တီဗွီတွေ မှာ
နေ့တိုင်း အော်တယ်။ နောက်တော့ အဲ့ဒီ အကြောင်းရင်းခံ ကြောင့်ပဲ ၊ လေဘာပါတီ
ခေါင်းဆောင်
ဝန်ကြီးချုပ် ကီဗင်ရုဒ် ကို သူ့လက်ထောက်
ဂျုလီယာဂေးလာ့ဒ် က၊ ပါတီဝင် မဲ နဲ့
ဖြုတ်ချပြီး ပထမဆုံး ကြားဖြတ် အမျိုးသမီး
ဝန်ကြီးချုပ် ဖြစ်လာတော့ တယ်။ ဂျုလီယာဂေးလာ့ဒ် က ၊ အဲဒီ Mining Super
Profit Tax ကို
နည်းနည်း ညှိပေး ပြီး ပြသာနာကို ဖြေလျော့ပေးလိုက်တယ်။
ဒါပေမဲ့
မိုင်းနင်း ကုမ္ပဏီ ကြီးတွေ ၊ သတ္တုလုပ်ကွက် ပိုင်ရှင်
သူဌေးကြီးတွေ အတွက်တော့ လေဘာပါတီ ဦးဆောင်လာတာ ကို ဘယ်လိုမှ ကြည့်မရ ရှုမရ ဖြစ်နေမှာကတော့
အသေအချာ ။ ဒီကြားထဲ ၊ အဖြုတ်ခံလိုက်ရတဲ့ ကီဗင်ရုဒ်
ကလည်း ၊ နိုင်ငံခြားရေးဝန်ကြီး ပေးထားတာနဲ့ မကျေနပ်နိုင်ဘူး ။ သူ့ကို အကြောခံလိုက်ရတာကို
အခဲမကြေ ဆင်ကြံ ကြံ နေခဲ့တယ် ထင်ပါရဲ့ ။ ဂျုလီယာဂေလဒ် ၀န်ကြီးချုပ်သက်တမ်း ၃ နှစ်အကြာ မှာ ၊ ဇာတ်လမ်းက
ပြန်စ တော့ တယ်။ ဒီတခါ တော့ ဂျုလီယာဂေလာ့ဒ် အလှည့်ပဲ ။ ပါတီထဲမှာ မဲ ပြန်ခွဲပြီး ဂျုလီယာဂေလာ့ဒ်
ကို ပြန်ဖြုတ်ချ လိုက်ပြန်တယ်။ ဒီတခါတော့ ဂျုလီယာဂေလာ့ဒ် က ပြတ်တယ်။ မျက်နှာကြီး
မဲ့ပြီး အီပိတ် ဆင်ကြံကြံနေတဲ့ ကီဗင်ရုဒ် ထက် ပိုပြတ်သားတယ်။ ဒီတခေါက် မဲခွဲ လို့
သူရှုံးရင် ပါလီမန်ထဲကို ကို ပြန်ကို မလာတော့ဘူး ဆိုပြီး ၊ တခါတည်း ပျောက်သွားလိုက်တာ
၊ အခု သူတို့ပါတီ ကြီး အရှုံးကြီး ရှုံးသွားတဲ့ အချိန်ထိကို သူမ ကို ဘယ်မီဒီယာသတင်း
မှာမှ မတွေ့ရ ။
ဒါပေမဲ့ မနေ့ညကတော့ ၊ လပေါင်းများစွာ ညိမ်သက်နေတဲ့ သူ့ ဖေ့စ်ဘွတ် စာမျက်နှာကနေပြီး၊
ကီဗင်ရုဒ် နဲ့ လေဘာပါတီခေါင်းဆောင် တချို့ကို
အားပေးထားတဲ့ ၀ါကျ တချို့ နဲ့ အတူ ၊ အနိုင်ရ ပါတီကို ကွန်ဂရက်ကျုလေးရှင်း လုပ်ထားတဲ့
စာကြောင်းလေးတွေ တက်လာခဲ့တယ်။ သူ့ခမျာ . . . ဟို ယောက်ျားကြီး ၂ ယောက်ကသာ ၊ မဲ နိုင်
မိန့်ခွန်းမှာရော မဲရှုံး မိန့်ခွန်းမှာပါ ၊ ၀န်ကြီးချုပ်တာဝန် ၃ နှစ် ထမ်းဆောင်ခဲ့တဲ့
မိန်းမ တယောက် နာမယ်ကို တခွန်းတပါဒ မှ ၊ ထဲ့မပြောပေမဲ့ လို့ ၊ သူကတော့ ပြောရှာ အားပေးရှာပါတယ်။
ဘာပဲပြောပြော ဒီအမျိုးသမီးကို တော့ သဘောကျမိတယ်။ သူကိုယ်တိုင်
အင်္ဂလန်ကနေ ရွှေ့ပြောင်းအခြေချ လာတဲ့ ကျောက်မီးသွေးမိုင်းတူးသမားတေ ယာက်ရဲ့
သမီး အဖြစ်
၊ အလုပ်သမား လူတန်းစား နဲ့ သာမန်ပြည်သူတွေရဲ့ အကျိုးကို ပိုကြည့်တာကတော့
သိသာလှသည်။
ဝန်ကြီးချုပ်တယောက် ဖြစ်လာလို့ တာဝန်ပိုခံ လာရတာကလွဲ လို့ နေ့စဉ်
ပါလီမန်ထဲမှာ သူမ
ဝတ်နေတဲ့ အပေါ်ဝတ် ကုတ်အကျီ င်္တွေ တောင် မှတ်မိနေရလောက် တဲ့
နိုင်ငံခေါင်းဆောင် လုပ်သူ
တယောက် ကို မြင်တော့ ၊ မုန့်ဟင်းခါးရောင်းမယ်တို့
ကော်ဖီဆိုင်ဖွင့်တာတို့ ထမင်းဆိုင်ဖွင့်တာတို့ ယာတောအိမ်ကြီးနဲ့
မွေးမြူရေးလုပ်ပြတာတို့ ၊ လယ်သမားတွေ
မြေသိမ်းတာတွေ ရပ်ပါဆိုပြီး လူလို အသံကောင်းဟစ်ပြီး အစိုးရပိုင်
စက်ရုံတွေ မြေတွေကို
လက်သိပ်ထိုး ယူထားတဲ့ မြန်မာပြည်က အသီးသီး အသက သော နိုင်ငံခေါင်းဆောင်
ဆိုသူများကို
သတိရမိတယ်။ အဲဒီလို အပေါ်ယံ ရွှေမှုန်ကျဲပြီး
အထဲက လောက်ထိုး ချစား နေတဲ့ အုပ်ချုပ်မူ လူနေမူပုံစံ တခုစီကနေ
ပြောင်းရွှေ့ လာသူ တယောက်မို့ ၊ ( အခွန်ထမ်းရတာ လေးလံသော်ငြားလည်း )
သာတူညီမျှ
ဆိုရှယ်လစ်ဝါဒ စစ်စစ်ကို မူအားဖြင့် နှစ်သက်ထောက်ခံ မိတာ ဆန်းတော့မဆန်း ။
ပြီးတော့
လတ်တလောမှာ မှ ၊ အလုပ်သမားသမဂ္ဂတွေ ကို စိတ်ဝင်တစား လေ့လာနေမိတော့ ၊ ဒီ
တချီ ရွေးကောက်ပွဲ မှာ ၊ လေဘာပါတီ ရှုံးသွားရတာ
ကို ၊ စိတ်တော့ မကောင်းမိဘူး။ ဒီပုံအတိုင်း ဆို နောက်တချီ ပြန်လာဖို့
တောင် မလွယ်။
အားလုံးကလည်း ၊ ပါတီတွင်း ခေါင်းဆောင် မညီညွတ်မူကြောင့် ၊ လူထု ရဲ့
ယုံကြည်မူတွေ
လျော့ပြီး ရွေးကောက်ပွဲ ရှုံးရတယ် ဆိုတာကိုပဲ ထပ်ကာ ထပ်ကာ
ပြောနေကြတော့တယ် ။ အင်္ဂလန်က
မီလီဘန် တို့ လေဘာပါတီကတောင် သြစတြေလျ လေဘာပါတီ ကို သင်ခန်းစာ ယူဖို့
သုံးသပ်နေကြရသတဲ့။
ပြောသာ ပြောတယ်။ လေဘာကို မူအားဖြင့် သဘောကျရင်တောင်
၊ ဒီ မျက်နှာမဲ့ကြီး နဲ့ ကြိတ်ကြံနေတတ်တဲ့
ကီဗင်ရုဒ် ဆက်အနိုင်ရရင် လည်း ၊ လူအားဖြင့်တော့ ၊ စိတ်ပျက်မိမှာပဲ ။ သြစတြေလျ နိုင်ငံရေးများ.
. . လူရှား လိုက်ပုံ ။ တဖက်က ပြောင်စပ် စပ်
မျက်နှာပေး နဲ့ ကာယဗလ တပြပြ လုပ်နေတဲ့ တိုနီအဲဘတ် ကြီး ၊ တက်လာတော့ လည်း ၊ အခု စိတ်ညစ်ရတာပါ
ပဲ။ အသိ အဖိုးကြီး တယောက်က ဆို . . . ငါတော့ တယောက်မှ
မကြိုက်လို့ မဲသွားမပေးဘူး ဒဏ်ကြေးပဲ ဆောင်လိုက်တယ် . . . တဲ့။ ဒီမှာက.. မဲ မပေး
မနေရ ကိုး။ တယောက်မှ မကြိုက်လို့ မဲမပေးချင်ရင်တော့ ဒဏ်ငွေ ၂၀ ပဲ ။
တကယ်တော့
ကိုယ်တွေ နေတဲ့ မြို့မှာက ၊ လေဘာ လည်း အားသိပ်မကောင်း
၊ လစ်ဘရယ် လည်း အားသိပ်မကောင်းပဲ ၊ နေရှင်နယ် လို့ ခေါ်တဲ့ ပါတီက အစဉ်အလာ
ရှိတာ။ ဒါမဲ့ ကိုယ် မှ နေရှင်နယ် မဟုတ်တာ ၊ နေရှင်နယ်ပါတီ ဆို
ပိုတောင် ဝေးရော ။
တကယ်က ဒီနှစ် ၊ ဂျုလီယမ်အာဆမ် ရဲ့ ၀ီကီလိ ပါတီအသစ်ကို စိတ်ဝင်စားနေမိ တာ။ ဖြစ်ချင်တော့
သူ့ခမျာ . . . ၀ီကီလိ ကသာ တကမ္ဘာလုံးမှာ ဟိုးဟိုးကျော်ခဲ့ပေမဲ့ ၊ သူ့ ၀ီကီလိ ပါတီလေးမှာဖြင့်
၊ မဲက တစ် ရာနှုံးတောင် မပြည့် ရှာ။ အကယ်လို့ ကံကောင်း မီးကောင်း ပါလီမန် မှာ ၀ီကီလိ
က ၊ ခုံ တခုံ ရ ရင်တောင် ၊ အီကွေဒေါ သံရုံးထဲက အပြင်ထွက်တာနဲ့ ဖမ်းခံထိ နိုင်တဲ့
မစ္စတာ ဂျုလီယမ်အာဆမ် ခမျာ ၊ သူ့ မိခင် သြစတြေလျနိုင်ငံ ကို ဘယ်လို ပြန်လာ ပြီး ၊
နိုင်ငံရေးလုပ်မယ်လို့ စိတ်ကူးယဉ် နေခဲ့ လေ သလဲ မသိ။ ခုတော့ အီကွေဒေါ မှာ ပဲ ဆက်နေပေဦးတော့
အာဆမ်း ရေ ။
တကယ်တော့လည်း ၊ ဒီမိုကရေစီ လူ့ဘောင် နဲ့ ပါလီမန် စနစ်ကို
အသေအချာ အကျအန တည်ဆောက်ထားပြီး တဲ့ နောက်မှတော့၊ ဘာပါတီပဲ တက်တက် . . . လက်ဝဲပဲ ယိမ်းယိမ်း
. . .လယ်ယာပဲ ထိုးထိုး . . . အလယ်ခေါင်ပဲ ကျကျ . . . ဘာမှ ထူးပြီး ကြောင့်ကြစရာ မလိုလှတော့ပါဘူးလေ။
နောက်ပြန်သွားမှာ တို့ . . . ချောက်ထဲ ကျခါနီးမှာတို့ ကိုလည်း ပူပင်နေစရာ မရှိ ပါဘူး။ ပြောကြစတမ်းဆို
၊ မြန်မာပြည်က ၁၉ ၉ ၀ ဒီမိုကရေစီ ပါတီစုံ ရွေးကောက်ပွဲကြီးမှာ ခြိမ့်ခြိမ့်သဲသဲ အူလှိုက်သဲလှိုက်
သောင်ပြိုကမ်းပြို မဲတွေထဲ့ခဲ့ အောင်ပွဲခံခဲ့တာကြီး
ကို ကြုံဘူး ခဲ့တဲ့ မြန်မာ လူမျိုး တယောက်
အနေ နဲ့ တော့ ၊ သြစတြေလျ က ရွေးကောက်ပွဲ ဆိုတာ စိတ်လှုပ်ရှားစရာ နည်းပါးလွန်းလှပါတယ်လေ။
အင်းလေ. . . ဒါကပဲ နိုင်ငံ တနိုင်ငံ ရဲ့
တည်ငြိမ်တဲ့ အလှတရား တခု . . . ခိုင်မာတဲ့ ယန္တယားတခု မဟုတ်လား. . . ။
K.ကေသွယ်
၈ ရက် စက်တင်ဘာ ၂၀၁၃
Comments