Kyaw Home - Poem

ငါလဲ ဘုရင့်သား
ကျော်ဟုန်း
စက်တင်ဘာ ၁၂၊ ၂၀၁၃




ဂရိတ်လောင်းကုတ် ဝတ်လိုက်ရုံနဲ့ 
ဗိုလ်ချုပ်အောင်ဆန်း ဖြစ်မသွားဘူး။

ရွှေခက်ရွှေပွင့် တံဆိပ်ပေါင်းစုံချိတ်
ဗိုလ်ချုပ်ထက်ကြီးတဲ့ ရာထူးကြီးတွေရှိလဲ
အောင်ဆန်းကတော့ အောင်ဆန်းပဲ။

ဘုရင့်သားတော့ ဘုရင့်သား
မိဖုရားခေါင်မွေးတဲ့သားနဲ့ 
ကောက်စေဗျားက မွေးတဲ့သား
အဆင့်အတန်း မတူ
ဂုဏ်ဒြပ် မတူ
စိတ်ကြီးဝင်ပြီး လာမညှိနဲ့ ။

ကျွန်းပင်မှာ ကပ်ပါးပေါက်တဲ့
သစ်ခွပန်းကို ငါ မချစ်ဘူး၊
ကြွေတောင် ရနံ့ မပြယ်တဲ့
ခရေပန်းကို ငါ ချစ်တယ်၊
နွေပက်ကြားမှာ ထိုးထွက်ရဲတဲ့
အလေ့ကျပန်းကို
ငါ မြတ်နိုးတယ်၊ အားကျတယ်။

သမိုင်း စင်တော်ကောက် ရတနာတွေဆိုတာ
ကိုယ်ပိုင် အရည်အချင်း ကိုယ်စီရှိမြဲ။

မင်းသားကြီးမြတ်လေးက ပြောဖူးတယ်
“ဂရိတ်ဖိုးစိန်ဟာ ဖိုးစိန်ပဲ၊
ဒုတိယ ဖိုးစိန်ဟာ အလကားပဲ”

ဆရာကြီးမောင်သာရက ရေးဖူးတယ်

“ကျော်ဟိန်းဟာ ကျော်ဟိန်းပါပဲ”

Comments