Letter to Moemaka -

ဘွဲ့ရ နေ့စားတွေရဲ့ သမတထံပေးစာ
မိုးမခပေးစာ
စက်တင်ဘာ ၁၂၊ ၂၀၁၃




သို့
၁။ နိုင်ငံတော်သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

၂။ ဦးတင်နိုင်သိန်း
သမ္မတရုံးဝန်ကြီး(၅)

၃။ ၀န်ကြီး
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန

အကြောင်းအရာ။ ။ နေ့စားဝန်ထမ်းများအား အငယ်တန်းစာရေးဝန်ထမ်းများအဖြစ် ခန့်ထားပေးပါရန် အသနားခံတင်ပြခြင်း။
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အမြဲတမ်းဝန်ထမ်း (၂၀၀) ဦး ခန့်အပ်ခွင့်ရရှိခဲ့ပါသည်။ အငယ်တန်းအင်ဂျင်နီယာ ၂ ရာထူးအတွက် ME ဘွဲ့ရ (၁၈) ဦး ၊ စက်မှုကျွမ်းကျင် (၄) ရာထူးအတွက် BE ဘွဲ့ရ (၁၂၀) ဦး၊ စက်မှုကျွမ်းကျင် (၅) ရာထူးအတွက် ဌာနတွင်းရှိ ရိုးရိုးဘွဲ့ရ/ကျောင်း တက်ဆဲ (၆၂) ဦးအား ခန့်ထားမည်ဟု သိရှိရပါသည်။
 ထိုသို့ ခန့်ထားရာတွင် အငယ်တန်းအင်ဂျင်နီယာ ၂ ရာထူး (၁၈) နေရာ နှင့် စက်မှုကျွမ်းကျင် (၄) ရာထူး (၁၂၀) နေရာ အတွက် အဝေး ဆက်ဌာန၊ မိုဘိုင်းဌာန၊ အော်တိုတယ်လီဖုန်းဌာန၊ IT ဌာန၊ ပြည်ပဆက်သွယ်ရေးဌာန ရှိ လက်ရှိ နေ့စားအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိကြသော ME ဘွဲ့ရများ၊ BE ဘွဲ့ရများကို ခန့်ထားခဲ့ပါသည်။ စက်မှုကျွမ်းကျင် (၅) ရာထူး (၆၂) နေရာ အတွက် အဝေးဆက်ဌာနမှ ရိုးရိုးဘွဲ့ရ (၆၂) ဦးကိုသာ စက်မှုပိုင်းဆိုင်ရာဝန်ထမ်းများအဖြစ် သတ်မှတ်ပြီး ခန့်ထားခဲ့သည်ဟု သိရှိရပါသည်။
သို့ဖြစ်ပါ၍  မိုဘိုင်းဌာန၊ အော်တိုတယ်လီဖုန်းဌာန၊ IT ဌာန၊ ပြည်ပဆက်သွယ်ရေးဌာန တို့ရှိ ရုံးလုပ်ငန်းပိုင်းဆိုင်ရာများကိုလုပ်ကိုင်ဆောင်ရွက်နေရသောလုပ်သက်(၄)နှစ်၊(၅)နှစ် တာဝန်ထမ်းဆောင်လျက် ရှိကြသော နေပြည်တော်ရှိ ရိုးရိုးဘွဲ့ရ နေ့စားရုံးဝန်ထမ်း သ-၀၂၉(၃) များ အား အငယ်တန်းစာရေးဝန်ထမ်းများ အဖြစ် ခန့်ထားပေးပါရန် အသနားခံ တင်ပြအပ်ပါသည်။
 တနယ်တစ်ကျေးမှလာရောက်ပြီး နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြရသူများ ဖြစ်ပါသဖြင့် အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်ထား ပေးပါရန် အသနားခံ တင်ပြအပ်ပါသည်။


ဘွဲ့ရ နေ့စားရုံးဝန်ထမ်းများ (သ-၀၂၉ (၃) (နေပြည်တော်)

Comments