MMK Friend - News

အမေရိကန်ပြည်ထောင်စုမှာ အိမ်ဝယ်ကြမလား ...
မိုးမခမိတ်ဆွေ
စက်တင်ဘာ ၁၉၊ ၂၀၁၃



အမေရိကန်ပြည်ထောင်စုရောက် ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ အိမ်ဝယ်ရန်အစီအစီအစဉ်ရှိသူများအတွက် အိမ်ဝယ်ယူခြင်းနှင့် ပတ် သက်သည့် ဆွေးနွေးဟောပြောပွဲတရပ်ကို လာမယ့် စက်တင်ဘာ ၂၁၊ ၂၀၁၃၊ နေ့လည် (၁) နာရီအချိန်မှာ 280 Porter Ave, Buffalo, New York 14201 စာကြည့်တိုက်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ 

ဘတ်ဖဲလိုးမြို့ ဗုဒ္ဓဘာသာလူငယ်အသင်းက ကြီးမှူးကျင်းပတဲ့ အဆိုပါဟောပြောပွဲအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်ပြည် ထောင်စုသို့ ရောက်ရှိ အခြေချနေထိုင်သူတွေအတွက် အကျိုးရှိစေမယ့် ဆွေးနွေးဟောပြောပွဲတရပ်လည်း ဖြစ်ပါတယ်။

အိမ်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ ရရှနိုင်သော အခွင့်အလမ်း ရပိုင်ခွင့်များ၊ ဆောင်ရန် ရှောင်ရန်အချက်များ၊ မလွဲမသွေ သိရှိထားရမည့် အချက်အလက်များ စသည့် အိမ်ဝယ်ယူခြင်းနှင့်ပတ်သက်၍ အကြောင်းရာအားလုံးကို ကုမ္ပဏီအသီးသီးမှ ကျွမ်းကျင်သု ဝါရင့်ပုဂ္ဂိုလ်ကြီး များ၊ အိမ်ဝယ်ရန်အတွက် ငွေထုတ်ချေးပေးမည့် ဘဏ်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ လာရောက်ဟောပြော ဆွေးနွေးပေးမှာလည်း ဖြစ်ပါတယ်။ 

ပွဲဖြစ်မြောက်အောင် စီစဉ်သူ ဗုဒ္ဓဘာသာလူငယ်အသင်းရဲ့ ဥက္ကဌဖြစ်သူ ကိုအောင်မြတ်က  “ဘတ်ဖလိုးမြို့မှာ အယင်တုန်းက တစ်ကြိမ် တစ်ခါမျှ မရှိဖူးသေးတဲ့  ဒီလိုဟောပြောပွဲကြီး တစ်ခုဖြစ်လာဖို့ ကျွန်တော်တို့ လူအား၊ စိတ်အား အများကြီးစိုက်ထုတ်ခဲ့ရပါတယ်။ အမေ ရိကမှာ အိမ်ပိုင်ယာပိုင်ဖြစ်ဖို့ မြန်မာအပါအဝင်၊ ပြည်ပနိုင်ငံအသီးသီးမှ ပြန်လည်အခြေချနေထိုင်လာသူ လူမျိုးတိုင်းရဲ့ ကြီးမားတဲ့ အိပ်မက်တစ်ခုပါ။ အိမ်တစ်လုံးပိုင်ဆိုင်ခြင်းဟာ အမေရိကမှာ အကြီးမားဆုံးသောပိုင်ဆိုင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့လည်း တစ်ဦးတည်း၊ တစ်ယောက်တည်းအားနဲ့ မရပါဘူး။ ကျွန်တော်တို့ ဘတ်ဖလိုးမြို့ ဗုဒ္ဓဘာသာလူငယ်အသင်း အဖွဲ့ဝင်တွေ၊ မြို့ခံမိတ်ဆွေ အပေါင်းအသင်းတွေ၊ တခြားတခြားသောသူတွေက ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီဝိုင်းပန်းလို့သာ ဒီလိုဟောပြောပွဲကြီးကြီးမားမား တစ်ခုကို အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့ ဖြစ်လာတာပါ” ပြောဆိုသွားခဲ့ပါတယ်။

ထပ်မံ၍ အသေးစိတ်သိရှိလိုပါကလည်း အောက်ပါတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

အောင်မြတ် (ဘတ်ဖလိုးမြို့ ဗုဒ္ဓဘာသာလူငယ်အသင်း ဥက္ကဌ) 
ဖုန်း +၁ ၇၁၆-၄၀၀-၆၂၆၁ ။                           
အီးမေးလ် aungmyat83@gmail.com   

ခိုင်မိုးနိုင် (Real Estate Salesperson, Realty Edge Inc.) 
ဖုန်း +၁ ၇၁၆-၅၀၇-၇၁၆၁ ။                             

အီးမေးလ် khaing.moenaing@gmail.com

Comments