Thit Kaung Eain - Poem

လက်နက်ချခြင်း
သစ်ကောင်းအိမ်
စက်တင်ဘာ ၆၊ ၂၀၁၃



တိမ်ပြာပြာနေ့များ …
အတောင်မတူ အရောင်မတူ
ကိုယ်တို့ချစ်ခင်နှစ်သက်သော ကျေးငှက်များ …
ကျနော်တို့ကလေးများမှ
ပျော်ရွှင်စွာလွှတ်တင်ထားသော
ရောင်စုံစက္ကူစွန်များကလွဲ၍

ကောင်းကင်ထဲ
တိုက်လေယာဉ်တွေ ပျံသန်းသွားတာကိုမမြင်ချင်လို့
လေယာဉ်ပစ်ဒုံးတွေကို ပုခုံးပေါ်ထမ်းထားရတဲ့

အာဏာရှင်က အရည်ကြည်တောင်မရွှဲသေးဘူး
တော်လှန်ရေးက သုတ်လွှတ်စောနေတဲ့

ကမ္ဘာ့အိပ်ယာခင်းပေါ်မှာ …..

Comments