အဲဒီမြို့မှာ ဘာတွေထူးသေးလဲ
သစ်ကောင်းအိမ်
စက်တင်ဘာ ၁၇၊ ၂၀၁၃
ထူးတယ်
မထူးဇာတ်
သခင်ထူး..
အရှင်ထူး…
ဘုရားထူး….
ယနေ့ညအတွက်
မိကျောင်းမျက်ရည်ဝီစကီနဲ့
ဒေါင်းသားဟင်းလျာအထူး
စံပါးကြီးမြွေဝမ်းဗိုက်ထဲ
ဂူအောင်းဝစိပိတ်
ငြိမ်းချမ်းရေးတရားထူး
ထူးတယ်
သေမထူး နေမထူး။ ။
(၁၆။ စက်တင်ဘာ။ ၂၀၁၃)
Comments