Yan Linn Aung - Poem

ဧရာဝတီနား လုံးဝမသီနဲ့
ရန်လင်းအောင်
စက်တင်ဘာ ၂၁၊ ၂၀၁၃




တောရယ် တောင်ရယ်
လူရယ် မြစ်ရယ်
ဘာပဲဖြစ်ဖြစ်
ငါတို့ရဲ့
အသက်ဓာတ်နဲ့ထပ်တူ ကုန်ကူးမခံဖို့
ခုခံပိုင်ခွင့် မောင်းတင်ထားလော့ ။

ဧရာဝတီကို ဒဏ်ရာကင်းစေဖို့
ဧရာဝတီကို ရောဂါဘယ ကင်းစေဖို့
ဟုတ်တယ် မှန်တယ်
ဧရာဝတီရောဂါ
ခင်ဗျား ကျွန်တော် တက်ခဲ့တယ်၊
အမှောင့် ပယောဂတွေ တယ်ကပ်သကိုးဗျ ၊

ဧရာဝတီရဲ့တကြော
သရဲပေး မစီးနဲ့
ဘီးလူးပေး မစီးနဲ့
ဧရာဝတီ စီးဆင်းတဲ့နား
အဘိဇ္ဈာတရားတွေ

ဟိတ် !

လုံးဝ မသီစေနဲ့ ။

Comments