Jittoo Monywa - Photo of Suu in Singapore

အမေ နှင့် စင်္ကာပူရောက်မြန်မာမိသားစုတွေ့ စုံပွဲမှ အမေ
ဂျစ်တူး (မုံရွာ)၊ အောက်တိုဘာ ၂၊ ၂၀၁၃ (မိုးမခဓာတ်ပုံခန်း)

(စက်တင်ဘာ ၂၂၊ စင်ကာပူမြန်မာများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ)
မျက်ရည်တွေကြားက-
တားနေသူတွေကြားက-
နေရာမရဖြစ်နေတဲ့ ကြားက-
စိတ်ညစ်ညစ်နဲ့ ဓါတ်ပုံရိုက်နေရပေမဲ့ 
ကျွန်တော်ပျော်ပါတယ် အမေ-
အမေကျန်းမာပါစေ
အမေသက်တော်ရာကျော်ရှည်ပါစေ-
အမေ ဘေးရန်ကင်းပါစေ-
အမေ စိတ်ချမ်းသာပါစေ-

 (ဓာတ်ပုံဆရာ(မ)က သူ့ခံစားချက်က ဖေ့စ်ဘွတ်မှာ အဲသလိုလည်း ရေးထားပါသေးတယ်)


(စက်တင်ဘာ ၂၄၊ ဒေါ်အောင်ဆန်းစုကည် စင်ကာပူမှ မထွက်ခွာမီပုံ)
အမေရဲ့ ဒီအကြည့် ဒီမျက်လုံးအိမ်ထဲမှာ
ငါတို့ အားလုံးရဲ့ ပုံရိပ်တွေနဲ့ အတူတူ
ငါတို့ နောက်ကွယ်က ဒေါင်းစစ်စစ်တွေရဲ့ အရိပ်တွေပါတယ်။
တို့ အမေက
တို့ အားလုံးကိုပြန်လာခဲ့ ကြတဲ့ 
အမေ့ရဲ့ တမ်းတသံနဲ့ အတူအမေအကြည့်တွေက
သားသမီးအားလုံးကိုမျှော်လင့်နေတယ်-
အမေကျန်းမာပါစေ
အမေ သမ္မတကြီးဖြစ်ပါစေ
စသည့်စသည့်ဆုတောင်းသံထဲမှာ
အမေ- - - -ကျန်းမာရေးကိုဂရုစိုက်ပါနော်-----ဆိုတဲ့ 
အသံကပိုပြီးဝမ်းနည်းစရာကောင်းတယ်-
အမေ့ အတွက်စိုးရိမ်သံတွေ
တို့ အားလုံးရဲ့ ရင်တွင်းကအသံတွေမို့  ကျွန်တော်တသက်မှာ
ဘယ်တော့မှမေ့တော့မှာမဟုတ်ပါဘူး-
ဂျစ်တူး (မုံရွာ)

Comments