Min Tar Yar - Anti-War
လင်းလက်တဲ့ အလင်းတပွင့်
မင်းတာရာ၊ နိုဝင်ဘာ ၁၊ ၂၀၁၃
သွေးနွေးသတ္တ၀ါတစ်ကာင်......။
စစ်နဲ့ ကြီးပွါး စစ်မှာပျော်ပါး
အတ္တကိုခါးမှာချိတ် စစ်ကိုအမဲလိုက်လို့ …။
ထိုးစစ်….
ခံစစ်…ပစ်ခတ်သံညံ
ခြေမကျန်..လမ်းပျောက်
ကျေးလက်လုံမပျိုတို့ ဂူ အဖေါက်ခံရတာ စစ်ကြောင့်။
တောင်ယာတွေ တောင်ကတုံး
လယ်ယာမြေတွေ ချိုင့်ခွက်ပြည့်ဖုံး
ဖုန်းဆိုးမြေစစ်တလင်းဖြစ်ရတာ ပြည်တွင်းစစ်ကြောင့်။
သွေးလွှမ်းတဲ့စစ်တလင်းပေါ်
အောင်နိုင်မှုဆိုတာအတွက် ပျော်နေလား
ဒါ…..
သွေးတွေ
ချွေးတွေ
မျက်ရည်တွေ
ကိုယ္အဂါၤေတြေရာစပ္ခံ
စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးခြစ်ထုဆစ်တဲ့
သက်တော်ရှည်အနိဌာရုံသွေးပန်းချီ
ကား....။
ကြားရသတင်းစကား
ထမင်းမေ့ ဟင်းမေ့သွားလောက်တယ်
ငြိမ်းချမ်းရေးဆွေးနွေးပွဲတဲ့.....
ကဲ
အဖြေမဟုတ်တဲ့ စစ်ပွဲ ရပ်စဲကြပါစို့ ……။
(အောက်တိုဘာ (၃၀) ရက်မှ နိုဝင်္ဘာ(၁) ရက်နေ့ အထိ လှိုင်ဇာ တွင်
ပြုလုပ်ကျင်းပသောငြိမ်းချမ်းရေးဆွေးနွေးပွဲအားကြိုဆိုလျှက်)