မင်းညွှန့်လှိုင် - မှိုင်း

မှို င်း
မင်းညွှန့်လှိုင်
နိုဝင်ဘာ ၁၈၊ ၂၀၁၃



သေသာသွားရော
မပြည့်လေတဲ့သူ့ဆန္ဒ
သူမသေခင်
ငြိမ်းချမ်းရေးမြင်သွားချင်သတဲ့ ။

ဘယ်သူတွေဘယ်လိုဖွဲ့ ဖွဲ့
သူကတော့’တဲ့’(ဒဲ့)ပဲ
သူ့ကိုယ်သူ
‘ငြိမ်းချမ်းရေးကောင်’တဲ့ ။

ဘယ်သူတွေဘယ်လိုပြောပြော
သူ့သဘောထားကရှင်းတယ်
ငြိမ်းချမ်းရေးအတွက်ဆို
သူ့ကိုအသုံးချစမ်းပါတဲ့ ။

ဟောဒီ
မပြာ့တပြာကောင်းကင်အောက်မှာ
အတိုင်းမသိ

တမ်းတမိပါဘိ ။        ။