ဆလိုင်းမြတ်နိုးသူ (တောင်ဇလပ်မြေ) - ပြီးတော့ ... ပြီးတော့ (ကဗျာ)

ပြီးတော့ ... ပြီးတော့
ဆလိုင်းမြတ်နိုးသူ (တောင်ဇလပ်မြေ)
နိုဝင်ဘာ ၁၀၊ ၂၀၁၃



ဇာတ်လိုက် ဇာတ်ကြမ်းတွေထဲ ပြီးတော့.....
လက်နေအောင်သွေးထားတဲ့ စိတ်ဓါတ်တွေ ပြီးတော့.....
နတ်စိမ်းအရှင်လတ်လတ်တွေ သူတို့ အငွေ့ အသက်တွေ ပြီးတော့.....
ဇာတ်လမ်းအခင်းအကျင်း နိမိတ်ဖတ်ပုံတွေ ပြီးတော့.....
အရည်ကျဲကျဲသွန်းလောင်းလိုက်တဲ့ ပုံတွေ ပြီးတော့.....
အစွယ်တပြပြနဲ့ မေတ္တာအစိတ်အပိုင်းတွေ ပြီးတော့.....
ရန်သူတွေရဲ့ အသွေးအသားဟာ ငါတို့ ရဲ့ ပစ်မှတ်ဖြစ်တယ် ပြီးတော့.....
အစားအစာဝါးစားပါ အသားပါသလားငါးပါသလား ပြီးတော့.....
အသားလည်းမပါ ငါးလည်းမပါ ပြီးတော့.....
ဘုရားကျောင်းထဲက အခွံတွေနဲ့ ခပ်တည်တည်ထွက်ခဲ့ကြ ပြီးတော့.....
နားဆင်စရာ ကမ္ဘာသစ်ထဲ ငုံ့ ကြည့်မိနေဆဲ ခြေထောက်တွေ ပြီးတော့.....
ငြိမ်းချမ်းရေးမှာ မနမ်ဝါ ဆုံးသွားတယ် ပြီးတော့.....
အိတ်ကပ်ထဲက မသင်္ကာစရာ မျက်စိတွေ ပြီးတော့.....
ပွင့်ပွင့်လင်းလင်း အသစ်စက်စက် ဗုံသံတွေ ပြီးတော့.....
ရေစိုခံမိုးစိုခံ သေရာပါသေတ္တာပုံးကြီးတွေ ပြီတော့.....
လက်ကောက်ဝတ်တွေနဲ့ ထုဆစ်ထားတဲ့ မဟူရာညနေခင်းတချို့ 
ညီမလေး မင်းအလင်းရောင်ထဲ မီးညှိနေရတုန်းလား ပြီးတော့.....
ဓါးလျှိုရာ သံတစ်ပိုင်း ဓါးတစ်ပိုင်းမှတ်တိုင်တွေ ပြီးတော့.....
အော့အန်စရာ သမိုင်းပုံရိပ်တွေ ပြီးတော့.....
ခါးခါးသီးသီး ဖြစ်ရပ်ထဲက အမှန်တရားလူကြီးမင်းတွေ ပြီးတော့.....
ဖန်ခါးသီးရောင် အပြုံးမျက်နှာဖုံးပုံတွေ ပြီးတော့.....
လူလို သူလို ရောကြ ပြောကြ ၀င်ကြ
အော်ကြနဲ့ ထိထိမိမိ ထိထိရောက်ရောက်ခံစားကြပါရဲ့ လား ပြီးတော့.....
ဒီနိုင်ငံတော်အလံမှာ ပြီးတော့ကို ဖြုတ်ချလိုက်ပါ ပြီးတော့.....
ပြီးတော့..... ပြီးတော့....................။