ဆောင်းယွန်းလ - မီးခိုးရောင် သီချင်း

မီးခိုးရောင် သီချင်း
ဆောင်းယွန်းလ
နိုဝင်ဘာ ၂၆၊ ၂၀၁၃



ဆုတောင်းခြင်းနားနီးလို့ လူဖြစ်ခဲ့ရ
ကာရံနားနီးလို့ ကဗျာတွေဖြစ်ခဲ့ရ
မြစ်ချောင်းနားနီးလို့ တံငါဖြစ်ခဲ့ရ
တောတောင်နားနီးလို့ မုဆိုးဖြစ်ခဲ့ရ…

ဖိနှိပ်သူနားနီးတော့ သူပုန်ဖြစ်ခဲ့ရပေါ့….

လမင်းနဲ့နီးနေပါရဲ့နဲ့
အလင်းတပြက်မျှ မလက်ခဲ့သေးဘူး
ကြယ်တွေစုံနေပါရဲ့နဲ့
စံပယ်ငုံ မဖူးခဲ့သေးဘူး….

လူ့ဘုံရဲ့ ဘ၀အခန်းထဲမှာ
မညီမျှခြင်းတွေပဲ ပင့်ကူအိမ်ဖွဲ့နေခဲ့လို့…

နှစ်တနှစ် ကူးသွားတိုင်း
ငါ့ရင်ဘတ်အကိုင်းမှာ ဆူးတွေအပြိုင်းအရိုင်းနဲ့…။