ကျော်ဟုန်း - ဖို့ဝိန်း၊ အင်ဒီယာနာဖိုလစ်၊ ပို့လန်းမြို့များမှ ကထိနသဘင်များ

ဖို့ဝိန်း၊ အင်ဒီယာနာဖိုလစ်၊ ပို့လန်းမြို့များမှ ကထိနသဘင်များ
ကျော်ဟုန်း
နိုဝင်ဘာ ၂၂၊ ၂၀၁၃




မြန်မာတို့ ရဲ့ တန်ဆောင်မုန်းလရာသီကို အရောက်မှာ ပြည်တွင်းပြည်ပနေ မြန်မာပြည်သားတို့ ဟာ ကထိန(ခေါ်)ကထိန်ပွဲတွေကို စေတနာထက်သန်စွာ ကျင်းပတတ်ကြတာ မင်္ဂလာတပါးအနေနဲ့ တွေ့ မြင်ကြရတတ်ပါတယ်။

ရေခြားမြေဝေးအရပ်မှာတော့ ရိုးရာသဘင်ပွဲတွေကို အများစု အလုပ်နားရက်ဖြစ်တဲ့ (စနေ-တနင်္ဂနွေ)နေ့ များမှာပဲအစဉ်ပြေသလို စီစဉ်ကြရတာပါ။  ခု- ပထမဆုံးရရှိလာတဲ့  ကထိန်သတင်းက  ဖို့ ဝိန်း- ဇေတဝန်ကျောင်းမှ ဖြစ်ပါ တယ်။  6615 Hanna st, Fort Wayne, IN 46816 မှာတည်ရှိတဲ့ ဇေတဝန်ကျောင်းမှာ ဖို့ ဝိန်းမြို့ ရောက် မြန်မာမိသားစုများက (နိုဝင်ဘာ၊ ၁၆၊ ၂၀၁၃) စနေနေ့ က စုပေါင်းကျင်းပခဲ့ကြတာပါ။


ဇေတဝန်ကျောင်းထိုင်ဆရာတော် ဦးကုသလ နဲ့  ပင့်သံဃာဆရာတော် (၁၈)ပါး၊ ကိုရင်(၂)ပါးကို ကထိန်သင်္ကန်းများနဲ့ လှူဘွယ်အစုစုတို့ ကို ကပ်လှူပူဇော်မှုပြုခဲ့ပါတယ်။ သံဃာတော်များနဲ့ သီလရင်ကြီးများကို နံနက်(၁၁)နာရီမှာ နေ့ ဆွမ်းနဲ့ ချိုချဉ်ခဲဖွယ်များကို ကပ်လှူခဲ့ကြပြီး ဧည့်ပရိသတ်များကို ဆက်လက် ကျွေးမွေးဧည့်ခံပါတယ်။



အဲဒိနောက်မှာ အခမ်းအနားကို နေ့ လယ်(၁း၃၀) နာရီမှာ စတင် ပါတယ်။  အဆိုတော်ကြီး ဒေါ်မာမာအေးက -စိန်ရောင်ခြည် ဘုရားပင့်ဖြင့် ပူဇော်အပြီး  မယ်ဝါးကီးမှ ဆရာတော်(ကံထွန်းသစ်)မှ  ဦးစီးပြုကာ ကထိန်တရား ဟောခဲ့ပါတယ်။ သံဃာတော်များမှလဲ ပရိတ်တရားများ ရွတ်ဖတ်ပေးကြပါတယ်။  ဒီပွဲမှာ ပိရိသတ်ပေါင်း (၁၅၀) ကျော် လာရောက် ဒါနပြုခဲ့ကြကြောင်း သိရပါတယ်။

အလားတူ ကထိန်ပွဲကို 8133 Hartzell  rd,  Ft-Wayne, IN 46816 မှာတည်ရှိတဲ့ ဓမ္မရက္ခိတကျောင်းမှာတော့(နိုဝင်ဘာ ၁၇၊ ၂၀၁၃) တနင်္ဂနွေနေ့ က ပြုလုပ်ခဲ့ပါတယ်။ ကျောင်းထိုင်ဆရာတော် ဦးဝိဇယနဲ့  သံဃာ(၁၄)ပါး ၊ ကိုရင်(၂)ပါးကို  ကထိန်သင်္ကန်းနဲ့ လှူဘွယ်အစုစုတို့ ကို  ဆက်ကပ်လှူဒါန်းခဲ့တာပါ။ သံဃာတော်များ၊ သီလရှင်များကို နေ့ ဆွမ်းကပ်လှူအပြီး ပိရိသတ်များကို ဧည့်ခံပါတယ်။  အခမ်းအနားကိုတော့ နေ့ လယ်(၁)နာရီခွဲမှာ စခဲ့ပါတယ်။ဒေါ်မာမာအေးမှဘုရားပင့်တရားပင့်လျှောက်ပြီး အီလီနွိုက်ပြည်နယ်၊ချီကာဂိုမှ ဆရာတော်အရှင်ကေသဝမှ  အလှူရှင်များကို  ငါးပါးသီလ ဆောက်တည်စေပါတယ် ။  ထို့ နောက် စပရင်းဖီးလ်မှ  ချမ်းမြေ့ရိပ်သာကျောင်း ဆရာတော် အရှင်အိန္ဒာဓိပတိ မှ ကထိန်အနုမောဒနာတရားများဟောကြားပါတယ်။ ပိရိသတ်ပေါင်း (၇၀) နီးပါးလာရောက် ဒါနပြုခဲ့ကြောင်း သိရပါတယ်။



အင်ဒီယာနာပြည်နယ်ရဲ့ မြို့ တော် အင်ဒီယာနာဖိုလစ်မှာလဲ (နိုဝင်ဘာ၊ ၁၇၊ ၂၀၁၃)က သရဏမဉ္ဖူ ကျောင်းမှာ ကထိန်ပွဲ ကျင်းပခဲ့ကြောင်း သိရပါတယ်။  အင်ဒီယာနာဖိုလစ်မြို့ ရဲ့ တခုတည်းသော  ဘုန်းကြီးကျောင်းဖြစ်တဲ့ -သရဏမဉ္ဖူကျောင်းဟာ 4444 Five Points Rd, Indianapolis , IN 46239 မှာ တည်ရှိပါတယ်။ ကျောင်းထိုင်ဆရာတော်တပါးနဲ့ ဖို့ ဝိန်းမှ ပင့်သံဃာ(၃)ပါးတို့ ကို ကထိန်သင်္ကန်းများနဲ့ လှူဘွယ်ပစ္စည်းအစုစုတို့ ကို စုပေါင်း


ဒါနပြုလုပ်ခဲ့ကြတာပါ။ နံနက်(၁၁)နာရီမှာ နေ့ ဆွမ်းကပ်ပြီး ကထိန်သင်္ကန်းကပ်လှူခြင်းနဲ့ တရားပွဲကို နေ့ လယ်(၂)နာရီမှာ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရပါတယ်။ ပထမအကြိမ် ကထိန်ပွဲလုပ်ခြင်းဖြစ်ကြောင်းသိရပြီး ဘုန်းကြီးကျောင်းတည်တံ့ရေးအတွက်  နောင် လာမယ့်နှစ်မှာ မြေကွက်အပိုင်ဝယ်ယူနိုင်ရေးကြိုးပမ်းနေတယ်လို့  အကျိုးဆောင်တဦးဖြစ်သူ ကိုချမ်းမြဆွေမှ ပြောကြားအသိပေးခဲ့ပါတယ်။ ကျောင်းဒကာဖြစ်လိုသူ အလှူရှင်များ သရဏမဉ္ဖူဘုန်းကြီးကျောင်းတည်ရာ ( ဖုန်း- ၃၁၇ - ၇၀၄ -၄၉၃၄)နဲ့ (၈၁၆ - ၂၃၇ - ၆၉၈၈) များကို ဆက်သွယ်လှူနိုင်ကြပါတယ်။


15525 SE Powell Blvd, Portland, OR 97236 မှာ တည်ရှိတဲ့ ဓမ္မဝိဟာရ သာသနာ့ရိပ်သာကျောင်းမှာလဲ(နိုဝင်ဘာ ၁၇၊ ၂၀၁၃) က  ဒုတိယအကြိမ်မြောက် ဘုံကထိန်ပွဲကို ကျင်းပခဲ့ကြောင်း သိရပါတယ်။ ကျောင်းထိုင်ဆရာတော် အရှင်သီလာစရ နဲ့ ပင့်သံဃာ(၆)ပါးတို့ ကို လှူဘွယ်အစုစုနဲ့ ကထိန်သင်္ကန်းတို့ ကို စုပေါင်းကပ်လှူ ဒါနပြုခဲ့ကြပါတယ်။ ဒီကထိန်ပွဲကို ဆီယက်တဲလ် ဓမ္မဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာမှ အရှင်ဝိသုတ၊ အရှင်ဝိဿရ၊ တိပိဋကကျောင်းမှ အရှင် နန္ဒသာရ၊  လာ့ဗီးဂက်စ်- ဇေယျဓမ္မရိပ်သာမှ အရှင်ဥတ္တရ၊အရှင်ပုည၊ အော်ရီဂွန်ဓမ္မဝိဟာရမှ အရှင်သဇ္ဇတို့ မှကြွရောက်ချီးမြှင့်ခဲ့ပါတယ်။ ပိရိသတ်များကို အရှင်ဝိသုတမှ ငါးပါးသီလပေးပြီး အရှင်နန္ဒသာရမှ ကထိန်တရားဟောကြားပါတယ်။
  
အလှူရှင်များမှ ဘုရားအမှူးပြုကာ သံဃာတော်များကို နေ့ ဆွမ်းကပ်လှူခြင်း၊ ပိရိသတ်များကို ဧည့်ခံကျွေးမွေးခြင်း၊ တရားတော်များနာယူကာ ကောင်းမှုအစုစုအတွက် အမျှပေးဝေခဲ့ကြောင်း သိရပါတယ်။ 

 

အထက်ပါ ကထိန်ပွဲကျင်းပရာများမှာ ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ဗမာစတဲ့  မြန်မာပြည်သားတွေဟာရေခြားမြေဝေး ရောက်နေပေမဲ့ သာသနာတော်ချီးမြှောက်ရေးနဲ့ ရိုးရာအမွေထိန်းသိမ်းရေးတွေမှာ စေတနာထက်သန်ကြမြဲဖြစ်ကြောင်း မင်္ဂလာမြင်ကွင်းများအဖြစ်တွေ့ မြင်နိုင်ကြပါတယ်။    ။    



ညွှန်း ။   ။ ဖို့ ဝိန်း- ဇေတဝန် နှင့် ဓမ္မရက္ခိတကျောင်းဘုံကထိန် မှတ်တမ်း ဓာတ်ပုံ- ကိုခင်မောင်လေး အင်ဒီယာနာဖိုလစ် - သရဏမဉ္ဇူ ကျောင်း ဘုံကထိန်မှတ်တမ်း ဓာတ်ပုံ-ဇေဇေ