Kyaw Thu - FFSS Yangon Activity,

သတင်းမီဒီယာ ကြယ်တစ်ပွင့်ကြွေလွင့်ခြင်း
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
နိုဝင်ဘာ ၃၀၊ ၂၀၁၃


လွတ်လပ်တဲ့အာရှအသံ RFA (Radio Free Asia) သတင်းဋ္ဌာန၏ Website Editor တစ်ဦးဖြစ်သူ မောင်မိုးသူအောင် အသက် (၂၄) နှစ်သည် ၂၅.၁၁.၂ဝ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ ဝိတိုရိယဆေးရုံတွင် ကွယ် လွန်သွားခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်သယ်ဆောင်၍ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် ကူညီပေးခဲ့သည်။ လွတ်လပ်တဲ့အာရှအသံ RFA (Radio Free Asia) သတင်းဋ္ဌာနအား ရန်ကုန်မြို့ တွင် ပထမဦးဆုံး ရုံးခွဲဖွင့်လှစ်ခဲ့ရာ မောင်မိုးသူအောင်သည် ပထမဦးဆုံး ပြည်တွင်းသတင်းထောက်တစ်ဦး ဖြစ်ပြီး မိုးသူအောင် အမည်နာမသည် ကလောင်အမည်ဖြစ်ပြီး အမည်ရင်းသည် ဝေဖြိုးဟန် ဖြစ်သည်။ မိုးသူ အောင်သည် သွက်လက်ပေါ့ပါးပြီး ရိုးသားကြိုးစားသူ၊ ချစ်ခင်စရာကောင်းသူ၊ အရည်အချင်းရှိသူဖြစ်ပြီး RFA သတင်းဋ္ဌာနအတွက် အားအထားရဆုံးသော လူငယ်သတင်းထောက်တစ်ဦး ဖြစ်သည်။




၂၉.၁၁.၂ဝ၁၃ ရက်နေ့ မွန်းလွဲ (၁းဝဝ) နာရီအချိန်တွင် မောင်ဝေဖြိုးဟန် (ခ) မိုးသူအောင် (ခ) ဖိုးသား ကြီး အသက် (၂၄) နှစ်၏ ဈာပန အခမ်းအနားအား ရေဝေးသုဿန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကူညီဖေးမမှုဖြင့် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်များ၊ လက်တွဲဖော်များ၊ ဧည့်ပရိသတ် များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများတို့မှ စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့တော့သည်။


သတင်းမီဒီယာလောက၏ ကြယ်တစ်ပွင့် စောစီးစွာ ကြွေလွင့်ခဲ့ပြန်ပါပြီ။ သတင်းထောက် မိုးသူအောင် ကောင်းမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေ။