မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၀) ထွက်ပြီ

မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၀) ထွက်ပြီ
YPI Facebook, မိုးမခစာအုပ်စင်၊ ဇန်န၀ါရီ ၁၊ ၂၀၁၄

မူဆယ်၊ လားရှိုး၊ တာချီလိတ် စတဲ့ မူးယစ်ဆေးဝါးသွားရာ လမ်းကြောင်းများကို ကွင်းဆင်းလိုက်လံ ရှာဖွေတူးဖော်ထားတဲ့ ...... "မြန်မာနိုင်ငံနှင့် မူးယစ်ဝင်္ကပါ" အထူးသတင်းဆောင်းပါး 


စစ်တမ်းကောက်ယူပြီး အထူးပြကွက်များ၊ ပြောစကားများဖြင့် ခြယ်မွှန်းထားတဲ့ "ကိုယ်ဝန်ဖျက်ချခြင်းနှင့် မြန်မာ့လူ့အဖွဲ့အစည်း" သတင်းဆောင်းပါး 

အခန်းနားအထည်ဝါဆုံးသော ပြကွက်အသစ်အဆန်းတွေနဲ့ ပြည်သူရဲ့ အသည်းနှလုံးကို လှုပ်ခါသွားတဲ့ ဆီးဂိမ်းပွဲတော်ကြီးအကြောင်းကိုလည်း မတူညီတဲ့ ရှုထောင့်များက ဖော်ထုတ်ထားတဲ့ "ဆီးဂိမ်းနှင့် အကျိုးအပြစ် အချိုး" သတင်းဆောင်းပါး 

၂၀၁၄ခုနှစ်ရဲ့ မြန်မာ့နိုင်ငံရေးအလှည့်အပြောင်း၊ စီးပွားရေးလာရာနဲ့ ရာသီဥတုပြောင်းလဲ မှုတို့အတွက် အထူးတွေ့ဆုံမေးမြန်းခန်းများ 

 "ဟန်းဖုန်းထဲသို့ ကျွဲတစ်ကောင်ဝင်သွားခြင်း" သရော်စာ စသည်...စသည်...အမယ်စုံ အရသာစုံတဲ့ မော်ကွန်းဂ္ဂဇင်းကြီးကို သုံးဆောင်တော်မူကြပါကုန်....