ဇာဂနာစီစဉ်တဲ့ စုံနံ့သာလစဉ်မဂ္ဂဇင်း ၂၀၁၄ နှစ်ဆန်းမှာ ထွက်တော့မည်



ဇာဂနာစီစဉ်တဲ့ စုံနံ့သာလစဉ်မဂ္ဂဇင်း ၂၀၁၄ နှစ်ဆန်းမှာ ထွက်တော့မည်
မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၂၁၊ ၂၀၁၃
စုံနံ့သာ - စာပေ၊ အနုပညာ မဂ္ဂဇင်း အမည်နဲ့ ဇာဂနာ စီစဉ်တဲ့ လစဉ်ထုတ် စာစောင်တခု ထွက်ပါမယ်။ အတိုင်ပင်ခံအယ်ဒီတာတွေကတော့ ရွှေကူမေနှင်း၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ အယ်ဒီတာချုပ်က ဘုန်းသက်ပိုင်၊ အဖွဲ့ဝင်တွေက ဇော်လူစိမ်းနဲ့ နေဘုန်းလတ်တို့ ဖြစ်ကြပါတယ်။


  စာပေနဲ့ အနုပညာကို ဇောင်းပေးတဲ့ စာစောင်ဖြစ်တာကြောင့် မာတိကာမှာတင် စာပေလောကက ထင်ရှားတဲ့ စာပေအနုပညာသည်တွေ ရေးသားကြတာကို တွေ့ရပါတယ်။ အုပ်ရေ ၁၀၀၀၊ တန်ဖိုး ၂၅၀၀ ကျပ်ပါ။