မောင်မောင်လတ် (ရွှေအင်းလေးစာပေ) - အုန်းပွဲ ငှက်ပျောပွဲနဲ့မှလား..?..? ..?

အုန်းပွဲ ငှက်ပျောပွဲနဲ့မှလား..?..? ..?  
(မောင်မောင်လတ်) ရွှေအင်းလေးစာပေ
ဒီဇင်ဘာ ၉၊ ၂၀၁၃



မနက်က တိမ်တိုက်တွေကြား  နေလေးတချက် ပေါ်လာပါရဲ့ ...၊
လေအေးတွေလဲ တဖြူးဖြူးတိုက်လို့   ချမ်းစိမ့် စိမ့် ဖြစ်နေရတဲ့ အထဲ...
  ဒီနေ့ တနေ့ လုံး သာမယ်ထင်တဲ့  နေမင်းကြီးကလဲ..တိမ်တိုက်တွေကြား ပြန်ပုန်းသွားရော..
အင်း..ကျွတ် ကျွတ်......ထရ ထိုင်ရတာလဲ မသက်သာလှပါလား....
စောစောက လှမ်းထားတဲ့  ထမင်းကြမ်းခဲလေး...ပြန်သိမ်းအုံးမှ...
သိမ်းခါမှ သိမ်းနေရတာလေ.. ဆိရှား  ထင်းရှား  ဆားပါ ရှားတဲ့ ခေတ်ကြီး...
ငယ်ငယ်တုံးက   ဆီအိုးကြီးထဲ  ထမင်းကြမ်းခဲချပ်ကြီး  ပစ်ထည့် ပြီးကျှော်ပလိုက်တာ..
ကြွပ်ကြွပ် ရွရွ လေး   ဆားကလေး ဖြူးပြီး စားရတာ  ကောင်းမှ ကောင်းလိုက်လေ....
ဟိုကောင်လေး  ကြွက်နီကိုများ   ကြွေးလိုက်ရရင်တော့ ကွာ...
အေးလေ..ခေတ်တွေက တူမှမတူဘဲ...အခြေအနေ အားလုံးကြပ်ကြပ်တည်းတည်းမှာ...
မွေးလာတဲ့  မြေးလေးကြွက်နီ...ကြွက်နီ...
အတိတ်နိမိတ်ကိုက တလွဲ..ကြွက်ဖြူ တွေ့ တဲ့ အခါ မွေးမှ ကံကောင်းမယ်ဆိုတာကိုမှ.
ကြွက်သားပေါက် နီတာရဲတွေ တပြုံတမကြီး ရှိတဲ့ အချိန်ကိုက် မွေးလာတော့ ...
ကံများ ဆိုးချက်နော်..........၊၊

ဟ..ဟ ဘာတွေတုံး  ပြေးပြေးလွှားလွှား   ဆူဆူညံညံ ....၊
ခေတ်ကာလ ကမကောင်း ၊ လူတွေကလဲ ကျီးလန့်  စာစား..အော် ခေတ်ကြီးကိုက....၊
ဟဲ့  ..ဟဲ့ ဘာဖြစ်နေလဲ မိဆုံမရဲ့ .......အလန့် တကြား..
..........   ........    .................၊
ဘာ.....မိုးကြီး လေကြီး လာတော့ မယ် ..ဟုတ်လား?.......၊၊

ဟုတ်ပါ့ ....အနောက်ဖက် မိုးကောင်းကင်ကြီး မဲမှောင်လို့ ပါလား.....၊
အင်း အရှေ့ ဖက်မှာလဲ လျှပ်စီးတလက်လက်နဲ့ ....၊
မြောက်ဖက်ကတော့   မိုးခြိမ်းသံ တခြိမ်းခြိမ်း...
ပေတရာလမ်းပေါ်မှာက  ကလေးတွေကို ဆဲဆိုအော်ခေါ်သံနဲ့  ..အုံးအုံးထ နေပါလား....၊၊

ဟော ပြောရင်းဆိုရင်း  မိုးသက်မုန်တိုင်းအကြို  တော်လှဲသံ  ကြားနေရပြီ....၊
ဘုရား  ဘုရား  ဝမ်းတထွာအတွက် ရုန်းနေရသူတွေ အလုပ်ပျက် အကိုင်ပျက်...
ဒီ ရာသီဥတု က  တမင်အညှီုးနဲ့ လား...အဲလိုတော့ လဲ မဟုတ်လောက်ပါဘူးလေ..
မဖြစ်ချေပါဘူး..ဟိုကောင်လေး ကြွက်နီ ကျောင်းဖက် သွားကြည့် ပါအုံးမှ...... ၊၊

ဟော တရပ်ကွက်လုံး ဝရုန်းသုန်းကား  ပြောင်းဆန်နေပါလား.....၊
အဖိုးကြီး  ...မိုးတွေ လေတွေ လာတော့မယ် ဘယ်များ လမ်းသလားအုံးမလဲ ?...
အေး..ငါသိတယ်ပေသီးရ ...ဟိုကောင်လေးကျောင်းဖက် သွားကြည့် မလို့ ဟ....၊
ဟင်း ..ဒင်းကများ  အသက်ကြီးလို့  မပျက်စီးသေးပါဘူးကွာ....
စိုးရိမ်သလို ဘာလိုလိုနဲ့ ..တကထဲ  ......ငါကွာ ပြိုင်လိုက်ချင်သေး......၊၊

ဒါနဲ့ ....တရပ်လုံး ပြေးပြေးလွှားလွှား  ..သောကဝေနေချိန်....၊
ဟို  ကာလသားတွေရဲ့  ခေါင်းဆောင်တစုက ဘယ်ရောက်နေပါ လိမ့် ........
ဒင်းတို့ က  အရင်ဆို  လမ်းတကာ  နေရာအနှံ စုရုံး စုရုံး...၊
လမ်းပြင်တဲ့ နေရာမှာ  ပါဆိုပါရက်....ရပ်ကွက် စာကြည့် တိုက်ဆိုလား ....
စကားပြောပွဲဆိုလား   ဒင်းတို့ က တက်ညီ လက်ညီ.....၊
ရပ်ကွက်နာရေးဆိုတော့ လဲ...ဒင်းတို့ က ရှေ့ ဆုံးကဘဲ....၊
ဟိုတလော   ရွှာ အနောက်ဖက် ချောင်းနံဘေးမှာ ရိုက်ပွဲ ဖြစ်တော့ ....
ဒင်းတို့ လဲ ဝင်ရှင်းပေး  ပြောပေးတယ်လို့ တော့  ကြားလိုက်သား.....၊၊

အေးလေ  နုံချာ စုပ်ပြတ်နေတဲ့  တို့ ရပ်ကွက်ထဲမှာတော့ ...
ဒင်းတို့ တွေကိုဘဲ  အားကိုးရတာပေါ့...ရပ်ကွက် ထင်းရေး မီးရေး..အစ
သာရေးနာရေး အဆုံးပေါ့ ...ဒီကြားထဲ  ဘေးဒုက္ခတခုခု ဖြစ်ရင်..
ဒင်းတို့ က  မနှေးဘူး...လူငယ်တွေရှေ့  မားမားမတ်မတ်ဆိုတော့ .....
ဘုန်းကြီးပါစေ  အသက်ရှည်ပါစေ......သူတော်ကောင်းဒင်းတို့ တတွေ.........၊၊

ဒိုင်း.............အမလေး ပလုတ်တုတ်  လန့် လိုက်တာ.....၊
မိုးကြီး လေကြီးအတွက် ပထမဦးဆုံး မိုးကြိုးသံပါလား......
မဖြစ်ဘူး  မဖြစ်ချေဘူး ကျောင်းမြန်မြန် ရောက်မှ......သြော်  ငါ့ နှယ်နော်..
အလျင်လို အနှေးဖြစ် ....ကိုယ်သွားတိုင်းစိတ်မပါ  ...
စိတ်သွားတိုင်း  ကိုယ်ခန္တာက မလိုက်နိုင်...ဒုက္ခ ..ဒုက္ခ  ဘယ်အရာမှ မမြဲပါလားနော်....၊၊

ဒီမိုးကြိုးသံက ကြောက်စရာကြီး...အားလုံးကို သတိပေးလိုက်သလိုဘဲလားမသိ....၊
ငါ့ နှယ် တွေးလိုက်စ ဘယ်ရောက်သွားပါ လိမ့် ....ဘာပါလိမ့် .....................
သြော် သိပြီ  သိပြီ  ဟို ကာလသားခေါင်းဆောင်  တစု....
ဟုတ်တယ်  ဒင်းတို့ အကြောင်းတွေးနေတာ...
အရေးထဲ အရာပေါ်တော့  သတိရမိတာပေါ့ လေ....၊

ဘယ့်နှယ်  ဒီမိုး ဒီလေနဲ့ ဆို  တရပ်ကွက်လုံး ရစရာမရှိအောင် လှိမ့်ခံရတော့မယ်...
မီးပြတ်လို့  မှောင်မှောင်မဲမဲ  ၊မိုးကြီးလို့ ရေတက်လာရင် အိပ်စရာမရှိ ၊
အလုပ်ပျက်လို့  စားစရာမဲ့  ၊ ဒီကြားထဲ တောကြောင်တွေကလဲ လက်ခမောင်းခတ်ပြီပေါ့ ...၊
ဒင်းတို့ မျက်နှာ လေး  အရိပ်အယောင်တောင် မမြင်ရသေးပါလား.....
ဘယ်ရောက်နေပါလိမ့် ....မြို့ တက်သွားတယ်လို့ လဲမကြား.....၊၊

တလောက  အလယ်ပိုင်းကဦးအာတီးနဲ့  ဒေါ်ဝက်မတို့  မြေကိစ္စ အချင်းများတုံးပေါ့ ..
ဝင်ပါမလိုလိုနဲ့  နောက်ဆုတ်သွားပါရော့ လား....၊
ဦးအာတီးကလဲ မပေါ့ ဘူး...ရပ်ရေး ရွှာရေးမှာ နေရာတကာ   ပါလေရာ ငပိချက်....၊
ဒေါ်ဝက်မကလဲ  အညာသူဆိုတော့ လဲ  သွေးကနီတယ်...
ပိုဆိုးတာက  တို့ ရပ်လူကြီး မောင်ပိုင်က  ဟိုဖက်ကို ခပ်ပါပါနဲ့ ......၊
သူတို့ ချင်း ပေးထား ကမ်းထား  မျိုဆို့ ထားတာရှိမှာပေါ့ လေ....၊
အဲဒါကြီးကို  ဒင်းတို့ က သိတာမှ သိပ်သိပေါ့ ...
နိုင်ငံခြားမော်စကိုမှာဆိုလား   ...အနှစ်နှစ်ဆယ် ပညာသင်လာတာဘဲ....
နည်းတဲ့  ညဏ်ကြီးလား  ...သိလို့ နောက်ဆုတ်လိုက်တာကို...
အရပ်ထဲက   မေးငေါ့ ကြတာ  ငါလေ.....ထမ်းပိုးနဲ့ ကောက်ရိုက်ပလိုက်ချင်တာ...
ပုရွှတ်ဆိတ် ဥနှောဏ်နဲ့  လူတွေက...........ဟင်း ၊၊

ဟော  လေတွေက စပြီ..အဲဒီတွေးနေတဲ့ အကြောင်း ခဏ ထား...
တရပ်ကွက်လုံး ဘဝပျက်မယ့်  ဒီမိုး ဒီလေ.........၊
ဘယ်ရောက်နေပါလိမ့် ........
သြော်   မိုးထဲ...လေထဲ...မှာမှ.................................
......................................................................
......................................................................
.....................................................................
..............................၊၊

ဟုတ်ပါတယ်..မိုးထဲ လေထဲ  အကျဉ်းအကြပ်ထဲ...
ပြည်သူေ၇ှ့   မားမားမတ်မတ် ရပ်တည်ခဲ့ တဲ့    ရှိခဲ့ ဖူးတဲ့    ၈၈ အမည်ခံ
၈၈ မျိုးဆက် ကျောင်းသားအုပ်စု  ........
ဘယ်ရောက်နေလဲ  ?  ဘာလုပ်နေလဲ ?  ဘာဖြစ်နေလဲ  ?.....၊၊

ဥပဒေဘောင်အတွင်းက  လူထုခေါင်းဆောင် ဦးဆောင်တဲ့  NLD က 
ဥပဒေဘောင်အတွင်းက  တောင်းဆိုနေပါပြီ...၊
ဥပဒေပြင်ပက  တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကလဲ
စုစုစည်းစည်း ဆွေးနွေးပွဲစားပွဲဝိုင်းပေါ်မှာ တောင်းဆိုနေပါပြီ....၊
တနိုင်ငံလုံး ပြည်သူတွေကလဲ  ဖွဲ့ စည်းပုံ ဥပဒေ ပြင်ဆင်ဖို့ 
တညီတညာအရေးဆို ဆန္ဒထုတ်ဖေါ်နေပါပြီ....၊၊

အခြေအနေက  နှစ်ပေါင်း၅၀ကျော်..ဗိုလ်ကျ အုပ်စိုးလာတဲ့ .
စစ်အာဏာရှင်တစု..ခြေမကိုင်လက်မကိုင်မိအောင် ပြာယာခပ်နေချိန်....၊
အလိမ်အညာ ဇာတ်လမ်း ဇာတ်ကွက်အသစ်တွေ  စဉ်းစား 
ရှောင်ထွက်ဖို့ ကျိုးစားနေချိန်.....၊၊

လိုအပ်ရင် ဓါးအီမ်ထဲက ဓါးကိုဆွဲထုတ်ဖို့  အဆင်သင့် ပါဘဲ  .....ဆိုတဲ့ စကား...
ဘယ်လိုလဲ ?  ဘာလုပ်နေလဲ ?   ကဗျာတွေ စပ်နေတယ်လား ?.....၊
လိုအပ်ရင်  NLD  ကို ဝိုင်းရံဖို့  အဆင်သင့် ပါဘဲ  ...ဆိုတဲ့ စကား.......
ဘယ်လိုလဲ  ?   ဘာလုပ်နေလဲ ?  ဘာညီလာခံကိုလုပ်အုံးမှာလဲ ?....၊
လိုအပ်ရင်  တိုင်းပြည်အတွက် ဒီထက်မက ပေးဆပ်ဖို့  အဆင် သင့် ပါဘဲ ..ဆိုတဲ့ စကား..
ဘယ်လိုလဲ ?  ဘာလုပ်နေလဲ ?  ကမ္ဘာတပတ်ပြည့် အောင် ကျိုးစားနေတယ်လား..?...၊၊

ဥပဒေအတွင်း အပြင် ဖက်နှစ်ဖက်အပြင်  တတိယ အုပ်စုဖြစ်တဲ့ 
ပြည်သူတရပ်လုံး သွေးပူနေပါပြီ..အဆင်သင့် ဖြစ်နေပါပြီ...
ဦးဆောင်မှု အစဉ်အလာရှိခဲ့ တဲ့   ၈၈ မျိုးဆက်အဖွဲ့ ကြီး........
နေကောင်းကျမ်းမာပါရဲ့ လား...?....?....?....?......?......?.....၊၊+

ဘာတွေကို တွေဝေ စဉ်းစားနေတာလဲ  ?.....၊
ဘယ်အကြောင်းအရာတွေကို  ချင့် ချိန်တွက်ဆနေတာလဲ  ?...၊
ဘယ်သူကို စိုးရွှံ  ထိတ်လန့် နေတာလဲ ?...၊

နိုင်ငံတကာရောက်  ပုခုံးနှစ်ဖက် အမာရွှတ် ဗြုန်းဗြုန်းထနေအောင်..
ကျုံးရုံးအလုပ်လုပ်နေတဲ့  မြန်မာနိုင်ငံသား၎ သန်းကျော် တောက်ခေါက်နေတယ်...၊
လစာ မစို့ မပို့ နဲ့  ဆာလောင်မွတ်သိပ်နေတဲ့  အခြေခံ အလုပ်သမားအင်အားစုကြီးက
တက်ကြွ စောင့် မျှော်နေတယ်....၊
ကုန်ဈေးနှုန်းတွေနဲ့ အပြိုင် နဘမ်းလုံးနေတဲ့   ..အီမ်ထောင်ရှင်မတွေကလဲ...
ထမီစွန်တောင်ဆွဲလို့   လက်သီးဆုပ်နေတယ်...၊
ဘိုးဘွားပိုင်မြေသိမ်း လူဖမ်း ထောင်ချခံနေရတဲ့  တောင်သူဦးကြီးတွေကလဲ..
အံကြိတ်နေတယ်......၊၊

  လူထုရှေ့   ပြည်သူရှေ့  မျက်နှာတချက် ပြလိုက်ပါ....၊
လက်သီးလက်မောင်း တချက် ဆန့် ထုတ်ပြလိုက်ပါ...၊
ခင်ဗျားတို့ နောက်......................................
နိုင်ငံတကာရောက် ကျွန်ပြုခံနေတဲ့  မြန်မာနိုင်ငံသားတွေ  သံပြိုင်ဟစ်အော်လိုက်လာမယ်..
အားနည်းပိန်လှီနေတဲ့  အလုပ်သမားတွေကလဲ   ညာသံပေးဝိုင်းအုံလာမယ်...
မကျေမနပ်တင်းခံနေတဲ့  အီမ်ထောင်ရှင်မတွေလဲ  လမ်းပေါ်အပြေးရောက်လာမယ်...
သေမထူး နေမထူး တောင်သူဦးကြီးတွေကလဲ ကစုန်ပေါက်ပြေးလာမယ်....
ဒီတော့ ...............................................
ဘာတွေကိုတွေး  ဘယ်အကြောင်းနဲ့ တွေဝေ  ဘယ်သူ့ ကို စိုးထိတ်နေတာလဲ  ?....၊၊

အရာရာအားလုံးပြင်ဆင်ပြီးမှ....ရှေ့ ရောက်ဖို့ ...
ဝေါ် နဲ့ ထမ်းခေါ်ရမလား ? 
ဒါမှမဟုတ်..
အုန်းပွဲ ဌက်ပျောပွဲ နဲ့ ပင့်  ရမလား ?....
ဘယ်လိုလဲ ? ? ? ? ? ?................၊၊