မိုးမခ ။ ဒီဇင်ဘာ ၂၁၊
၂၀၁၃
ဗမာ့စတီရီယို
ခေတ်ဦးနှောင်း မှာ တမူထူးခြားတဲ့ ကိုယ်ပိုင်သံစဉ် ဂီတဖွဲ့သီဆိုမှု တွေ နဲ့ ဗမာ့ ဂီတ
လောက ကို ဝင်ရောက်ခဲ့တဲ့ ချင်းဂီတ ညီအစ်ကို သုံးဦး အဖွဲ့ရဲ့ တေးစု အသစ် “ခေါင် ရည်
သောက် တဲ့ မိုး တိမ် များ” ကို ဒီဇင်ဘာ လ ၂၁ရက် ၂၀၁၃ ခုနှစ်မှာ ဗမာပြည် အနှံ့ဖြန့်ချီလိုက်ပြီလို့
သိရပါတယ်။ တေးအယ်လ်ဘမ် ကို ရန်ကုန်၊ မန္တလေး၊
ပျဉ်းမနား နဲ့ အခြား မြို့ကြီးများ ရှိ တေးသံသွင်းဆိုင်များ၊ အရောင်းစင်တာဆူပါမားကတ်
များမှာ မေးမြန်းဝယ်ယူနိုင်ပါပြီ။
ဒီတေးစု
ဟာ သူတို့ အဖွဲ့ရဲ့ ပဉ္စမမြောက်တေးစု ဖြစ်ပါတယ်။
၁၉၇၇
ခုနှစ်မှာ အသံသွင်းယူပြီး
၁၉၇၈
ဇန္နဝါရီလမှာ ဖြန့်ချီနိုင်ခဲ့တဲ့ ပထမတေးစု
“မိတဆိုးလေးရင်သွေးတေးသို့”၊
ဒုတိယ တေးစု မသိတသိ (၁၉၇၉-နှစ်ဦး)၊
တတိယ
တေးစု အရိုင်းမြေမှတောင်ပံလေးများ (၁၉၇၉-နှစ်ကုန်)၊
စတုတ္ထ
တေးစု “ဝေးလွင့်ခြင်း၏နောက်ဆုံးခြေရာ (၁၉၈၀)” တေးစု များ အပြီး
နှစ်ပေါင်း
(၃၃) နှစ် အကြာမှာ ထွက်ရှိလာနိုင်ခဲ့တဲ့ တေးစုလည်း ဖြစ်ပါတယ်။
သူတို့
အဖွဲ့ရဲ့
မြိုင်နန်းစံပန်းတပွင့်၊
တောင်ဇလပ်ပင်အောက်ကချစ်သူ၊
အချစ်ဖော်ကောင်၊
ဂီတဉ္ဇလီ၊
လူပျိုကြီးပဲလုပ်တော့မယ်၊
ဝေးလွင့်ခြင်း၏နောက်ဆုံးခြေရာ၊
အဆောင်သရဲ၊
မှားတဲ့ဘက်မှာနေကြည့်မယ်၊
ပဲ့ကိုင်၊
စတိတ်ရှိုးဘုရင်မ၊
အုတ်ခုံပေါ်ကညတေလေများ
အစရှိတဲ့
သီချင်းကောင်းများကို
၇၀ နှောင်း နဲ့ ၈၀ ခုနှစ် ဖြတ်သန်းခဲ့ဖူးသူ ဂီတပရိသတ်များ အမှတ်တရ ရှိနေဦးမှာပါ။ သူတို့ သီချင်းတွေ အများစု ကို ၉၀ ခုနှစ်များ နဲ့
နောက်ဆုံး မျက်မှောက် အယ်လ်လွန်းဝါ ခေတ် အထိ တိုင်အောင် အဆိုတော်ပေါင်းမြောက်များစွာ
ခေတ်အဆက်ဆက် ပြန်လည်သီဆိုခဲ့ကြလို့ ၉၀ ခုနှစ် ပရိသတ် နဲ့ ယနေ့ခေတ်လူငယ်များလည်း သူတို့
သီချင်းတွေ နဲ့ ရင်းနှီးဖူးကြမှာပါ။
အခု
တေးစု အသစ်မှာတော့ ကိုယ်ပိုင်သံစဉ် သီချင်း အသစ်ချည်းပဲ ၁၇ ပုဒ် ပါဝင်ပါတယ်။
မိုးမခ
ဂီတ ပရိသတ် ဝယ်ယူ နားဆင်နိုင်အောင် အောက်မှာ တေးစုပါ သီချင်းစာရင်း၊ ဝယ်ယူရရှိနိုင်တဲ့
လိပ်စာ အချို့ နဲ့ တေးစု ကြော်ငြာ ရုပ်သံ (သီချင်း အမြည်း) ကို ဆလိုင်းသွှအောင်၊ ဆလိုင်းဂျွန်သင်ဇမ်း
တို့ကို ခွင့်ပြုချက်တောင်းခံပြီး ဖော်ပြပေးလိုက်ပါတယ်။ အစစ်အမှန် တေးစု CD များ ကို ဝယ်ယူအားပေးခြင်းဖြင့်
ဂီတပညာရှင်များကို ချီးမြှောက် အားပေးစေလိုပါတယ်။
တေးစု
ပါ သီချင်းစာရင်း
၁။ လှို့ဝှက်ချစ်ကမ္ဘာ
(ဆလိုင်းသွှအောင်)
၂။ သေပြီလို့ပြောလိုက်ပါ
(ဆလိုင်းဂျွန်သင်ဇမ်း)
၃။ နှစ်ကိုယ်ခွဲ (ဆလိုင်းသွှအောင်)
၎။ အသုံးတော်ခံ (ဆလိုင်းဂျွန်သင်ဇမ်း)
၅။ အသည်းဥယျာဉ်နန်း(ဆလိုင်းသွှအောင်)
၆။ အချစ်ရဲ့သူစိမ်းလူ
(ဆလိုင်းဂျွန်သင်ဇမ်း)
၇။ လုမ်းဘန် (ဆလိုင်းဂျွန်သင်ဇမ်း)
၈။ အိမ်မက်ပဲဖြစ်မှာပါ
(ဆလိုင်းသွှအောင်)
၉။ ဒါဟာအိမ်မက်လား (ဆလိုင်းသွှအောင်)
၁၀။ အမေ့ရဲ့သိုးမည်းမိုက်
(ဆလိုင်းသျှမ်းလျန်)
၁၁။ ညှိမရတဲ့အဆုံး (ဆလိုင်းဂျွန်သင်ဇမ်း)
၁၂။ လွင့်ဝေးမယ့်မေ
(ဆလိုင်းဂျွန်သင်ဇမ်း)
၁၃။ ဖုန်းဆက်နေပြီ (ဆလိုင်းသွှအောင်)
၁၄။ ချစ်လို့ပါ (ဆလိုင်းဂျွန်သင်ဇမ်း)
၁၅။ ညှာတာပါမိုး (ဆလိုင်းသွှအောင်)
၁၆။အတတ်နိုင်ဆုံးမေ့ထားမယ်
(ဆလိုင်းဂျွန်သင်ဇမ်း)
၁၇။ ချစ်သူ့အလွမ်း (ဆလိုင်းသွှအောင်)
တေးစု ၀ယ်ယူရရှိနိုင်သော
နေရာများ
Junction (8)၊ ရန်ကင်းစင်တာ၊
ဒဂုံစင်တာ (မြေနီကုန်း)၊ ဇ၀န (သင်္ဃန်းကျွန်း)၊ China town တရုတ်တန်း၊ ရွှေမြရာ (မင်္ဂလာတောင်ညွှန့်)၊
Golden Valley (ရွှေတောင်ကြား)၊ Junction square၊ City mart (သမိုင်း)၊ Ocean North
Point (၉ မိုင်)၊ Ocean (ပုဇွန်တောင်)၊ Victoria (ရွေဂုံတိုင်၊ ဘုရင့်နောင်၊ လှိုင်သာယာ)၊
Super one (ကျိက္ကဆံ)၊
Family Mart၊ Ruby Mart၊ ဂန္တမာ (ရန်ကုန်၊ မန္တလေး)၊ တော်ဝင်စင်တာ၊ - စိန်ဂေဟာ (ဆိုင်စုံ)၊
Ocean (ဥတ္တရသီရိ၊ ပျဉ်းမနား)၊ Ocean (မန္တလေး)၊ 78 Shopping (မန္တလေး)၊ Junction (ပျဉ်းမနား)၊
မန်းသီရိ (မန္တလေး)၊ လှိုင်း (မန္တလေး)၊ SMM (မန္တလေး)၊ Excellent Creation (မန္တလေး)၊
ထိပ်တန်း (ပျဉ်းမနား)၊ ရွှေနေခြည် (တောင်ငူ)၊ စိန်တောင်း (့ပဲခူး)၊ မန်းသီရိ (39 လမ်း)၊
The Sun၊ မင်္ဂလာစိန် (၂၃ လမ်း)၊ သီဟ (ဗိုလ်စွန်ပက်လမ်း)၊ ထင်းရှုးရိပ် (ရွှေဘုံသာနှင့်မဟာဗန္ဓုလလမ်းဒေါင့်)၊
ရတနာမြိုင်၊ King Star (မင်္ဂလာဈေး)၊ Super power (ယုဇန)၊ ဖူဂျီ (တောင်ကြီး)၊ သပြေ
(ပြည်)၊ ကျော်ကျော်နိုင် (ပြည်)၊ ဦးဆောက်ပန်း (ဘားအံ)၊ နီနီ (မကွေး)၊ ရတနာမြိုင်(မော်လမြိုင်)၊
သုခချမ်းသာ (ပုသိမ်)။
Album
Ads Video: http://youtu.be/vt45L9ObN1k