ပုဒ်မ ၁၈များ လွတ်မြောက်လာ - Han Thit Naing

ပုဒ်မ ၁၈များ လွတ်မြောက်လာ 
ဟန်သစ်နိုင်၊ မိုးမခ၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၃

 ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁၂ နာရီတွင် ရန်ကုန်တိုင်း အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၁၀ဦး ပြန်လည်လွှတ်ပေးခဲ့သည်။

အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ယက်မှ မသန္တာသည် ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံခဲ့ရပြီး ထောင် ၁ ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ရက်ပေါင်း ၂၀သာနေထိုင်ခဲ့ရပြီး  အကျဉ်းထောင်ထဲတွင် နေထိုင်မှုအဆင်ပြေကြောင်း မသန္တာထံမှသိရသည်။


မသန္တာက “ပုဒ်မ ၁၈က construction မှာမရှိသင့်ဘူး၊ ကျမတို့ကဒါကို ကန့်ကွက်သွားမယ်´´ ဟုပြောသည်။

       

ယနေ့တွင် မြန်မာနိုင်တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားပေါင်း ၄၁ ယောက် လွှတ်မြောက်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်မှပြောသည်။



အဆိုပါ လွတ်မြောက်လာသူများအနက်မှ အင်းစိန်ထောင်မှ  ကိုမိုးသွေး (GW) ၊ ကိုစိုးမိုးထွန်း (၈၈ပွင့်လင်း) ၊ ဒီငြိမ်းလင်း (ကျောင်းသား သမဂ္ဂများအဖွဲ့ချူပ်)၊ ကိုမြင့်ကျော်ဦး (NLD)၊ ကိုအောင်မျိုးဦး (မတူကွဲပြားပါတီ အတွင်းရေးမှူး) ၊ကိုထင်ကျော်၊ ဦးဇော်ဝင်း၊ ကိုစိန်သန်းနှင့် ကိုကျော်လွင် တို့ လွတ်မြောက်ခဲ့ကြသည်။