စံပြပရဟိတ အမျိုးသမီးငယ်တစ်ဦး
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဒီဇင်ဘာ ၁၄၊ ၂၀၁၃
၇.၁၂.၂ဝ၁၃ ရက်နေ့တွင် မခိုင်ပြည့်ဘို (ခ) ဂျူးဂျူးသည် သူမ၏ (၃၅) နှစ်ပြည့် မွေးနေ့အလှူ ဖြစ်ပြီး မွေးနေ့တွင် သူမ၏ ဆွေမျိုး၊ မိတ်သင်္ဂဟများအား ဖိတ်စာနှင့်တကွ ဖိတ်ကြားရာတွင် မေတ္တာဖြင့် မွေးနေ့လက်ဆောင်ပေးခြင်းအား လှိုက်လှဲဝမ်းသာစွာလက်ခံကြောင်း၊ မွေးနေ့လက်ဆောင် ပစ္စည်းများ ပေးအပ်၍ ချီးမြှင့်ခြင်းအစား နာရေးကူညီမှုအသင်း၊ သွေးကင်ဆာဝေဒနာရှင်များ စောင့်ရှောက်ရေးအဖွဲ့၊ စမ်းရေ Foundation၊ ရန်ကုန်ကလေးဆေးရုံကြီး ကင်ဆာရောဂါဌာန၊ ရန်ကုန်ကလေးဆေးရုံကြီး အထူး ကြပ်မတ်ကုသဆောင်တို့တွင် အလှူငွေများ ထည့်ဝင်လှူဒါန်း၍ ကုသိုလ်ပါဝင်နိုင်ကြောင်း ထည့်သွင်း ကြေငြာ၍ မွေးနေ့ပွဲပြုလုပ်ခဲ့သည်။ ထို့နောက် ၈.၁၂.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အမှတ် (၃၉) ဘီ၊ ဖိုးစိန်လမ်း၊ ဗဟန်းမြို့နယ်နေ မခိုင်ပြည့်ဘို (ခ) မဂျူးဂျူးမှ အလှူငွေ ၁၁၈၃ဝဝဝိ/- (တစ်ဆယ့်တစ်သိန်းရှစ်သောင်းသုံးထောင်) ကျပ်တိတိအား လှူဒါန်းသွားခဲ့သည်။ မွေးနေ့ပွဲတွင် အလှူငွေ သိန်း (၅ဝ) ကျော်လက်ခံရရှိခဲ့ပြီး ဌာန (၅) ဌာနအား ပြန်လည်လှူဒါန်းခဲ့သည်။
မြန်မာနိုင်ငံတွင် မခိုင်ပြည့်ဘို (ခ) ဂျူးဂျူး ကဲ့သို့သော မွေးနေ့တွင် မွန်မြတ်သည့် အလှူဒါနများဖြင့် ပျော်ရွှင်တတ်ကြသော ပရဟိတလူငယ်များ မြောက်များစွာ ပေါ်ထွန်းလာပါက အမိမြန်မာနိုင်ငံတော်ကြီး သည် ဒီ့ထက်မက တိုးတက်အောင်မြင်လာမည်ဖြစ်သည်။
မခိုင်ပြည့်ဘို (ခ) ဂျူးဂျူး ၏ (၃၅) နှစ်ပြည့်မွေးနေ့ပွဲတွင် အလှူတော်အဖြစ်မှသည် မခိုင်ပြည့်ဘို ၏ မိတ်ဆွေ၊ သူငယ်ချင်းများ စုပေါင်းအလှူငွေဖြစ်သည်။ ယခုကဲ့သို့ မွေးနေ့ပွဲမှ အလှူပွဲအဖြစ်သို့ အယူသီးမှု များကို တွန်းလှန်ပြောင်းလဲပေးခဲ့သော စံပြပရဟိတ အမျိုးသမီးငယ်တစ်ဦးဖြစ်သော မခိုင်ပြည့်ဘို (ခ) ဂျူးဂျူးနှင့်တကွ အလှူရှင်များ ဖြစ်ကြသော မခိုင်ပြည့်ဘို၏ မိတ်ဆွေသင်္ဂဟအပေါင်းတို့အား သာဓု .. သာဓု .. သာဓု ခေါ်ဆို လိုက်ရပါတော့သည်။